Rape Prevention အဓမ္မမှုကာကွယ်ရေး

သမီးကိုယ်ဝန်ဆောင်မိခင်အနေနဲ့ မမွေးရသေးတဲ့ ကိုယ့်ရင်သွေးလေးအတွက် မိခင်သဘာဝ တွေးပူမိနေတာလေး ရှိလို့ပါ။ အခုရက်ပိုင်း မြန်မာပြည်မှာ အလိုမတူ ကာမရယူမူ၊ မုဒိန်းကျင့်မူသတင်းတွေ ခဏခဏတွေ့နေရလို့ပါ။ ပိုကြောက်စရာ ဒေါသထွက်စရာကောင်းတာ သက်ငယ်မုဒိန်းမူသတင်းတွေ မကြားဝင့်မနာသာ၊ အဖေက သမီးကို မုဒိန်းကျင့်တဲ့အမူတွေပါ ခဏခဏ တွေ့လာရတာပါ။ ထိုနည်းအတူ ဦးလေး၊ အကိုဝမ်းကွဲ အိမ်နီးချင်းဖြစ်သူတို့က မုဒိန်းကျင့်မူ နေ့တိုင်းနီးပါး အမူဖြစ်နေတာတွေ မြန်မာပြည်မှာ သက်ငယ်မုဒိန်းမူအတွက် ထိရောက်တဲ့ပြစ်ဒဏ်မရှိလို့မကြောက်ကြ ဖြစ်နေတဲ့ သတင်းတွေကြောင့် ကိုယ့်ကလေးကို ဘယ်လို sex ပညာပေးအနေနဲ့ သင်ကြားပေးဖို့နည်းလမ်းတွေ လေ့လာရမလဲ ပြောပြပေးပါလားဆရာ။ သူတို့နားလည်အောင် ဘယ်လိုသင်ပြပေးရမလဲ။ တခြားနိုင်ငံတွေမှာ Kid အရွယ်လေးတွေကို ဘယ်လိုစတင် ပညာပေးသင်ပြပေးကြလဲဆရာ။

1. Puberty Education for Kids အရွယ်ရောက်ခြင်းအကြောင်း https://doctortintswe.blogspot.com/2016/10/puberty-education-for-kids.html
2. Sex Education for Kids ကလေးသူငယ်တွေအတွက် လိင်ကျန်းမာရေး https://doctortintswe.blogspot.com/2014/12/sex-education-for-kids.html
3. Sex education in schools လိင်ပညာ ကျောင်းတွေမှာ ဘယ်လိုပေးမလဲ https://doctortintswe.blogspot.com/2014/12/sex-education-in-schools.html

ဒီစာတွေကို ဖေ့စ်ဘွတ်မှာ မတင်ပါ။ ဖတ်လိုသူတွေက ဘလော့မှာ ဖတ်နိုင်ကြပါတယ်။ ဒီလိုအမှုအခင်းတွေအတွက် တရားဥပဒေကြောင်းကလည်းလိုတယ်။ ပညာပေးမှုခေါ် အသိပညာပေးလှုံ့ဆော်မှုတွေကို ပုံစံအမျိုးမျိုး၊ နည်းနာအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးမှာ လုပ်ရမယ်။ ကျောင်းတွေမှာလည်း လုပ်သင့်တယ်။ မိဘတွေရဲ့ ခေတ်အလျှောက်ဖြစ်ပေါ်နေတာတွေကို အခြေခံပြီး ထိန်းသိမ်းနည်းတွေကပါ ခေတ်နဲ့ညီအောင်လုပ်ကြရပါမယ်။ ဆိုရှယ်မီဒီယာရဲ့ မကောင်းကျိုးဆက်လည်း ပါတယ်။ အဲဒီအားနည်းချက်ကို အားသာချက်ဖြစ်အောင်လုပ်သင့်ကြပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ အထွေထွေချွတ်ခြုံကျမှုကြီး တကယ်ဖြစ်နေတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ အကျင့်စာရိတ္တ၊ ယဉ်ကျေးမှု၊ တွေးခေါ်စဉ်းစားမှု၊ အားလုံးမှာ ပြုပြင်စရာတွေများတယ်။ ရှေးလူကြီးသူမဆိုဆုံးမတာတွေကို ပယ်ချင်တဲ့ မမှန်တဲ့အကျင့်စရိုက်က စွဲနေကြပြီ။ ကိုယ့်သားသမီး ကိုယ်ဆွေမျိုးသားချင်းတွေကို အရင် ပြုစုပျိုးထောင်၊ ကာကွယ်ကြရလိမ့်မယ်။

ဘယ်လောက်ခက်ခဲမယ်၊ နစ်နာမယ်ဆိုတာ ကောင်းကောင်းသိတယ်။ မြန်မာစာသတ်ပုံမှားနေတာတွေပြင်ဘို့လုံးပမ်းရတဲ့ ခက်ခဲမှုကို ထောက်ပြီး အဲလိုရာဇဝတ်မှုအတွက် ဘယ်လောက် ခဲယဉ်းမယ်ဆိုတာသိတယ်။ ကျွန်တော်က ဇွဲကောင်းတယ်။ သတ်ပုံစာတွေ တရာကျော်ပြီ။ အမှားသိလို့ပြင်လာသူလည်း တရာကျော်မယ်ထင်တယ်။ အမှားဖက်ကနေ အခိုင်အမာ နေကြသူတွေက ဟိုထိပ်ကနေဖြစ်တာလည်းသိတယ်။ ဇွဲမလျှော့ပါ။

ဒီကိစ္စမှာတော့ ဆေးပညာစာသာရေးနိုင်တယ်။ သူများနိုင်ငံတွေနမူနာယူရတာ သိပ်မဆီလျှော်တာများတယ်။ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး၊ တရားစီရင်ရေး၊ လူမှုရေး၊ ပညာရေး၊ ကုန်ကုန်ပြောရရင် ဘာသာရေးမှာပါ နိုင်ငံရေးလုပ်ခံထိထားလို့ မြန်မာနိုင်ငံအခြေအနေနဲ့ လက်တွေ့ကျတဲ့ ဗျူဟာမျိုးသာ ဖြစ်စေချင်တယ်။ ဝိုင်းပြီးကြိုပမ်းကြရမှာပဲ။ ဇွဲမလျော့ကြနဲ့။

သူများဆီက စလိုဂင်တခုရှိတယ်။ လူမှုအသိုင်းအဝိုင်းက အဓမ္မမကျင့်ပါနဲ့လို့ပြောမယ့်အစား အဓမ္မကျင့်မခံရအောင် နေပါတဲ့။ ကျွန်တော်တို့လည်း အဲတာကနေ စရမယ်ထင်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး