US Sanctions အမေရိကန်-မြန်မာ-အိန္ဒိယ-တရုပ်

မြန်မာနိုင်ငံမှာ အမေရိကန်က ဆန်ရှင်အသစ်ချမယ်ဆိုရင် ဒေါ်နယ်ထရမ့်ရဲ့ တောင်အာရှပေါ်လစီကို ပြောင်းပြန်အကျိုး သက်ရောက်နိုင်တယ်လို့ နယူးဒေလီအခြေစိုက် နိုင်ငံတကာရေးရာကျွမ်းကျင်သူ Dr Udai Bhanu Singh ဒေါက်တာ ဥဒေဗနူဆင်းက ပြောကြားလိုက်ပါတယ်။

ထရမ့်က တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ တရုပ်ရဲ့သြဇာလွှမ်းမိုးမှုကို တန်ပြန်ဘို့ရွယ်ရွယ်ပြီး တောင်အာရှ ပေါ်လစီကို သစ်ချထားပါတယ်။

ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ကို ခါးခါးသီးသီး ပြစ်တင်ဝေဖန်နေချိန်မှာ အိန္ဒိယကတော့ မြန်မာနိုင်ငံက အရပ်သားအုပ်ချုပ်ရေးဖက်မှာ ရပ်တည်ပါတယ်။

အမေရိကန်ကနေ မြန်မာနိုင်ငံကကို ဆန်ရှင်ချလိုက်မယ်ဆိုရင် အဲတာဟာ အိန္ဒိယအတွက်ပါ ခေါင်းခဲ့စရာဖြစ်တယ်လို့ ဥဒေဗနူဆင်းကပြောပါတယ်။ မြန်မာနိုင်ငံဟာ တရုပ်အပေါ်ပိုပြီးမှီခိုရပါလိမ့်မယ်။ အဲတာဟာ မြန်မာနိုင်ငံအဖို့ ဒုံရင်း ပြန်ရောက်တာနဲ့တူနေပါမယ်။

ကျွန်တော် ဒေလီမှာနေခဲ့စဉ်က ဒေါက်တာ ဥဒေဗနူဆင်းနဲ့အတူ မြန်မာ့အရေးကို စကားပြောစင်မြင့်တွေမှာ အကြိမ်များစွာ အတူတူပြောဆိုခဲ့ရပါတယ်။ သူက စိတ်ရင်းကောင်းရှိတဲ့ သုနေသနသမားဖြစ်တယ်။ ကျွန်တော် အမေရိကန် ဆန်ရှင် အကြောင်း (ဒီကအချိန်) နက်ဖြန်မှာ ဗွီအိုအေကနေ ပါဝင်ဆွေးနွေးရပါမယ်။

Trump’s South Asia Strategy Falters as US Mulls Fresh Sanctions on Myanmar https://sputniknews.com/asia/201710271058609695-trump-south-asia-sanctions-myanmar/

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး