20-year journey အနှစ်နှစ်ဆယ် ခရီးများ

တခါတုန်းကပေါ့ဆိုတဲ့ နာမည်ကြီးလူကြိုက်များ အမေရိကန် အခန်းဆက် တီဗွီဇာတ်လမ်းရှိတယ်။ ကျွန်တော်တို့ အတွက်တော့ သောင်ရင်းတဖက်ကမ်းမှာ လွမ်းစရာတွေ မကုန်နိုင်ကြပါ။

- သောင်ရင်းမြစ်ကို စုန်ဆန်၊ ကျည်ဆံသံတွေကြား၊
- သွားလိုက် တက်လိုက်ရတဲ့ အစည်းအဝေးများ၊ ညီလာခံများ၊
- ကရင်တွေကြားနေ၊ ကရင်တွေပေးထားတဲ့ လုံခြုံရေးနဲ့သွား၊
- ဒီမိုကရေစီရေးစကား၊ နိုင်ငံရေးအလုပ်များ၊
- ခွဲသွားရသူတွေကို စာနာသနား၊ အားနည်းနေသူကိုတော့ အားပေးစကား၊
- အားအင်ချိနေတဲ့ ဗမာပြည်ကြီးအတွက် တတတ်တအား၊
- အနှစ်နှစ်ဆယ်ခရီးများ၊ အမြစ်တွယ်ကျန်ပါစေသား။

၂ဝဝ၃ NLD/LA ညီလာခံနှင့် ၁၈-၁၁-၂ဝဝ၄ ညီလာခံအမှတ်တရ။ သိရသလောက် အနည်းဆုံး ၃ ယောက် မရှိကြတော့ပါ။ NLD/LA, MPU, NCUB, NCGUB မှ လုပ်ဖေါ်ကိုင်ဖက်များကို သတိရလျှက်။

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၅
၂၆-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး