ပြားပြီးပျောက်ရတော့မည့် သတ်ပုံလော

သူတပါးနင်းနေကြသည့် ခြေဘဝါးအောက်တွင် ပြားပြီးပျောက်ရတော့မည်လော မြန်မာပြည် နင်းပြားဘွဲ့ လေးချိုးကြီး

သူတပါးနင်းနေကြသည့် - သူတစ်ပါးနင်းနေကြသည့် မဟုတ်။

ကျွန်သပေါက်တမျှသူငါကြုံ - ကျွန်သပေါက်တစ်မျှသူငါကြုံ မဟုတ်။

ပြည်တနယ်နိုင်ငံဝေးဆီက အမွေးမှာ ထူဗလဗွာနှင့် - ပြည်တစ်နယ်နိုင်ငံဝေးဆီက အမွေးမှာ ထူဗလဗွာနှင့် မဟုတ်။

ဗမာမလူသာအောင် နေရာတကာမှာများရာမှ - ဗမာမလူသာအောင် နေရာတစ်ကာမှာများရာမှ မဟုတ်။

ဇာတ်တဖြာ ပတ်ကာပိုးပါလို့ - ဇာတ်တစ်ဖြာ ပတ်ကာပိုးပါလို့ မဟုတ်။

ဘေးက တငွေ့ငွ့ တဖြည်းဖြည်းတွေ့ရမှာမို့ - ဘေးက တစ်ငွေ့ငွ့ တစ်ဖြည်းဖြည်းတွေ့ရမှာမို့ မဟုတ်။

တို့ဗမာ မြိုင်တိုင်းရယ် နယ်တကာ၌ - တို့ဗမာ မြိုင်တိုင်းရယ် နယ်တစ်ကာ၌ မဟုတ်။

ရက်စက်သူ မျက်နှာဖြူတသင်းတို့မှာ - ရက်စက်သူ မျက်နှာဖြူတစ်သင်းတို့မှာ မဟုတ်။

ပြည်မြန်မာတခွင်မှာ - ပြည်မြန်မာတစ်ခွင်မှာ မဟုတ်။

တကဲ့အချက် ရှက်ဖွယ်ရာကိုစော - တစ်ကဲ့အချက် ရှက်ဖွယ်ရာကိုစော မဟုတ်။

သခင်ကိုယ်တော်မှိုင်းထက် သာတယ်ထင်နေသူများကြောင့် မြန်မာစာသတ်ပုံ ပြားပြီးပျောက်ရတော့မည်လော။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး