ပုစွန်ကင်

သားတွေက အိမ်အပြင် ရေခဲပြင်နားမှာ ပုစွန်ကင်ကြတယ်။ ကျွန်တော်နဲ့ အိမ်သားတွေက အိမ်ထဲမှာစားကြတယ်။

ပုစွန်ကိုကြိုက်သူတွေ သတ်ပုံမှန်ပါသလား။ အရင်သတ်ပုံစာအုပ်တွေမှာရော နောက်ထုတ်တွေမှာပါ ပုစွန်လို့ရေးကြတယ်။ ဗုစွန်လို့လည်း အရင်ကရေးပါတယ်။ ဂုဏ်ထူးဦးသိန်းနိုင်က ပုဇွန်လို့ရေးပါတယ်။ သတ်ပုံကျမ်းမှာ ဇွန်ကို ဇွန်လနဲ့ ဇွန်ပန်းမှာသာ သုံးပါတယ်။ မူးကွဲအဖြစ်သတ်မှန်ရပါမယ်။

ပု
ပုခက်
ပုဂံပြည်
ပုစွန်
ပုစွန်ချဉ်
ပုစွန်စာပင်
ပုစွန်ဆိတ်
ပုစွန်တာရာ
ပုစွန်တုပ်
ပုစွန်လုံး
ပုစွန်ခြောက်
ပုစဉ်းထိုးငှက်
ပုစဉ်းရင်ကွဲ
ပုစဉ်းကောင်
ပုစုခရု
ပုဆစ်တုပ်
ပုဆိန်
ပုဆိုး
ပုတတ်စာပင်
ပုတတ်ကောင်
ပုတိ-ဘင်္ဂ-မရဏ
ပုတီးကုန်းမြို့
ပုတီးစိပ်
ပုထဝီ
ပုထိုးစေတီ
ပုထုဇဉ်
ပုပုကွကွ
ပုပျပ်ပျပ်
ပုရစ် = အညွန့်အဖူး
ပုရစ်ဖူး
ပုရစ်ကောင်
ပုရည် = ဆန်စပါးထည့်သောစလွယ်
ပုရပိုက်
ပုရွက်ဆိတ်
ပုရွက်ပျံ
ပုလင်း
ပုလိပ်
ပုလုကွေးလေး = သေးငယ်သော
ပုလဲတမူး = နှစ်သက်မြတ်လေးသည်
ပုလဲပုတီး
ပုလဲမြို့
ပုသိမ်မြို့
ပုအိုင့်အိုင့်
ပုရေဇာတပစ္စည်း
ပုရောဟိတ်
ပျပျပျပ်ပျပ်

စွန်
ငန်စွန်ရွာ (ယခင်သုံး) (ယခုသုံး = ငါန်းဇွန်မြို့)
ငမ်းစွန်
စွန်ငှက်
စွန်ထွက်နေသည်
စွန်ပလွံပင်
စွန်တောင်ဆွဲသည် (ထဘီစွန်တောင်ဆွဲသည်)
ပုစွန်
မိုးတိမ်စွန်
မျက်စိစွန်
လွှတ်သောစွန်
အစွန်အဖျား
အဆုံးစွန်သောဘဝ
အမြိတ်အစွန်
တောစွန်တောင်ဖျား

စွံ
စွံသွားပြီ (အဖေါ်ရသွားပြီ)
မစွံသေးဘူးလား (အိမ်ထောင်ဖက် မရသေးဘူးလား)
ရောင်း၍စွံသည်
ပါစွံငါးကလေး

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး