Cardiomegaly နှလုံးကြီးခြင်း

၁။ ကျွန်တော်အမေက ဆီးချိုရောဂါရှိပါတယ်။ medical checkup လုပ်ကြည့်လိုက်တော့ နှလုံးကြီးပြီးတော့ အသည်း အဆီဖုံးနေတယ်လို့တော့ ဆရာဝန်တွေကပြောပါတယ်။ နှလုံးကြီးတယ်ဆိုတာ ဘာကို ပြောတာလဲ။ ကုသလို့ရော ရနိုင်လား။ အဲဒီရောဂါကြောင့် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်မလဲ။ အမေ အသက်ကော ရှည်ပါ့မလား။ စိုးရိမ်တယ်။ နှလုံးဆရာဝန်ဆီသွားဖို့ကော လိုလား။ ကျွန်တော်ကတော့ အမေကို မဆုံးရူံးစေချင်ဘူး။ ဒုတိယနှစ်ဘဲရှိသေးတယ်။ နောက်ထပ် လေးနှစ်ထောင်တတ်ရအုံးမှာ။ အမေ့ကို ရှာကျွေးချင်သေးတယ်။ အဲဒါကြောင့် ဒီရောဂါက သေစေနိုင်လား။ ကုသနိုင်မဲ့နည်းလမ်းလေးတွေကိုရော ပြောပြပေးပါ။ အမေက အသက် ၄၇၊ အရပ်က ၅ ပေ ၁ လောက်ရှိတယ်။ ကိုယ်အလေးချိန်က ၁၂၂ ပါဆရာ။

၂။ အသက် ၂၆ အလေးအချိန် ၁၄၅ ပေါင် အရပ်အမြင့် ၅ ပေ ၃လက်မ မနေ့ကဆေးစစ်တာ ဓာတ်မှန် ရိုက်တယ် သွေးဖောက်တယ် လက်မောင်းသွေးခုန်နှုန်းစမ်းတယ် အဖြေကိုဖုန်းနဲ့ပြောပေးတယ်ဗျ နှလုံးကြီးနေတယ်တဲ့ဗျ ရှောင်ရန် ဆောင်ရန် ဘယ်လိုနေထိုင်ရမယ်ဆိုတာ ပြောပြပေးပါဗျ ကျားပါ။

• Cardiomegaly နှလုံးကြီးနေတာကို အကြောင်းအမျိုးမျိုးကနေဖြစ်စေတယ်။ heart muscle နှလုံးကြွက်သား၊ heart valves နှလုံးအဆို့ရှင်တွေ၊ high blood pressure သွေးတိုး၊ arrhythmias နှလုံးခုန်မမှန်တာ နဲ့ pulmonary hypertension အဆိုပ်သွေးဖိအားများတာတွေကနေ ဖြစ်စေတယ်။
• Anemia နာတာရှည်သွေးအားနည်းတာနဲ့ thyroid diseases လည်ပင်းကြီးရောဂါတွေနဲ့လဲ တွဲ-ဆက် ဖြစ်လာတတ်တယ်။
• Amyloidosis ပုံမှန်မဟုတ်တဲ့ (ပရိုတင်း) ရောဂါ၊ hemochromatosis သံဓါတ်များနေခြင်းတွေနဲ့လဲ ဆက်ဖြစ်နိုင်သေးတယ်။
• Infections ရောဂါပိုးဝင်တာ၊ nutritional deficiencies အာဟာရချို့တဲ့တာ၊ အရက်၊ ဆေးဝါးတွေကနေ toxins အဆိပ်ဖြစ်တာလဲ ပါတယ်။
• Pregnancy ကိုယ်ဝန်ဆောင်ချိန်မှာလဲ ယာယီကြီးနေတတ်တယ်။
• သိထားဘို့က နှလုံးကြီးတာက ရောဂါမဟုတ်ပါ။ ရောဂါတခုခုရဲ့လက္ခဏာသာဖြစ်ပါတယ်။
• Cardiomyopathy ဆိုတာက နှလုံးကြွက်သားတွေကြီးထွားနေတာဖြစ်တယ်။ Cardiomegaly နှလုံးကြီးတာနဲ့ တွဲနေတတ်တယ်။

ဆီးချိုနဲ့ အသဲအဆီဖုံးတာ စာ ၃ ပုဒ်ပို့ပါတယ်။
1. Diabetes ဆီးချို http://dts-medicaleducation.blogspot.com/2010/09/diabetes.html
2. Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://dts-medicaleducation.blogspot.in/2012/06/diabetic-neuropathy.html
3. Fatty Liver Disease (FLD) အသဲအဆီဖုံးခြင်း http://dts-medicaleducation.blogspot.com/2011/11/fatty-liver-disease-fld.html

အမေ့ကျေးဇူးဆပ်နိုင်သူဖြစ်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၃
၇-၁၂-၂၀၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး