Ford တဂါလံ ၂၅ မိုင်

Ford Motor Company ဖို့ဒ်မော်တော်ကုမ္ပဏီကို Henry Ford ဟင်နရီဖို့ဒ်ကနေ ၃-၁၁-၁၉ဝ၁ နေ့မှာ ထူထောင်ခဲ့တယ်။ ၁၉ဝ၂ မှာ Cadillac Motor Company ကာဒီလက်လို့ ပြောင်းတယ်။ သူ့နာမည်ကို ဆက်လက်သုံးစွဲခွင့် ရယူထားတယ်။ ဖို့ဒ်မိသားစုက ဆက်လက်ပိုင်ဆိုင်တယ်။ မော်တော်ကားမော်ဒယ်မျိုးစုံ ထုတ်လုပ်တယ်။ ကနေ့ ကမ္ဘာမှာ မော်တော်ကား ထုတ်လုပ်မှုမှာ Toyota, VW, Hyundai-Kia နဲ့ General Motors နောက် ပဉ္စမလိုက်တယ်။

၁၉၁၆ မှာ မြန်မာပြည်ကို အမေရိကန်လုပ် ဖို့ဒ်ကားတွေ စရောက်လာတယ်။ ၁၉၈ဝ လောက်အထိ တဂါလံလို့ အမှန်အတိုင်းရေးခဲ့ကြတယ်။ အခုတော့ မြန်မာစာဟာ ၂၅ မိုင်နှုန်းနဲ့ နောက်ပြန်သွားနေတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး