Hollow School ရွှေကျောင်းပြောင်ပြောင်

အခမဲ့ပညာရေးစနစ် လုပ်သင့်မလုပ်သင့်နဲ့ အခုလုပ်သင့်မလုပ်သင့် ပြောနေကြတယ်။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတဲ့စကားလည်း အားလုံးသိပါတယ်။

မြန်မာပြည်မှာ ကျောင်းသားတွေက အလွတ်ကျက်မှတ်တဲ့အစဉ်အလာရှိပြီး သူတို့ကြီးလာတော့လည်း သူများကို မေးခွန်းထုတ်ရမှာ အားနာတတ်တယ်လို့ လူမျိုးအလိုက်ကို ကောက်ချက်ချတာခံရတယ်။

အမေရိကားမှာ ဘယ်သူကမဆို မေးခွန်းမေးလေ့ရှိတယ်။ အမေးခံရသူက ကျောင်းဆရာဖြစ်ဖြစ်၊ အမတ်ဖြစ်ဖြစ် မေးတာကိုသဘောကျကြတယ်။ အဲတာကို တာယူချင်ကြသလား။ မလောပါနဲ့။

အမေရိကန်တွေက မေးခွန်းမေးဘို့ပဲ ကျောင်းမှာသင်ပေးတယ်။ ကိုယ်တိုင်စဉ်းစားတွေးခေါ်ယူဘို့ သင်မပေးဘူးလို့ အိုင်းရစ်တွေက ပြောပါတယ်။ အိုင်းရစ်ဆိုတာ အင်္ဂလန်နဲ့ဆက်နေတဲ့ အိုင်ယာလန်နိုင်ငံသားတွေကို ခေါ်တာပါ။ အိုင်းရစ်တွေ တွေးခေါ်တာ တော်ကြပါသလား။ နာမည် (၄) ခုသာ ပေးပါရစေ။

၁။ ဂွန်နာသန် ဆွစ်ဖ်၊ ၃ဝ-၁၁-၁၆၆၇ - ၁၉-၁ဝ-၁၇၄၅။  ဂါလီဗာ၏ခရီးများကို မြန်မာပြည်က ကျောင်းသားကအစ သိပါမယ်။ ကျွန်တော်တို့ ရှစ်တန်းမှာ အင်္ဂလိပ်ဖတ်စာပြဋ္ဌာန်းစာအုပ်ဖြစ်ပါတယ်။

၂။ အော်စကာ ဝိုင်းလ်ဒ်၊ ၁၆-၁ဝ-၁၈၅၄ - ၃ဝ-၁၁-၁၉ဝဝ။  ပြဇာတ်၊ ဝတ္တု၊ ကဗျာဆရာ။ ဗစ်တိုးရီးယန်းအသိုင်းအဝိုင်းကို ရယ်စရာစာတွေရေးခဲ့တယ်။

၃။ ဂျော့ ဘားနတ်ရှော၊ ၂၆-၇-၁၈၅၆ - ၂-၁၁-၁၉၅ဝ။ စာပေနိုဗယ်ဆု (၁၉၂၅) ရတဲ့ စာရေးဆရာ။ ပြဇာတ်တွေ၊ ဝေဖန်ရေးတွေရေးတယ်။ ဖေဘီယန်ဆိုရှယ်လစ် (၁၈၈၉) မှာရေးတယ်။

၎။ ဂျိမ်းစ် သြဂတ်စတင်း၊ (၂-၂-၁၈၈၂ - ၁၃-၁-၁၉၄၁)။ ဝတ္တု၊ ကဗျာဆရာ။ ဟိုးမားရဲ့ အိုဒက်ဆီမဟာကဗျာကြီး ထဲက အူလက်ဆီးစ်ကိုရေးခဲ့တယ်။

အလွတ်ကျက်ကိုတော့ ပြောကြတယ်။ ကျွန်တော်တို့တုန်းကလည်း အလွတ်ကျက်ရတာတွေရှိတယ်။ ကဗျာတွေ၊ လင်္ကာတွေပါ။ စာစီစာကုံးရေးတဲ့အခါ အဲတာတွေကို လိုသလိုထည့်သုံးတယ်။ အက်ဆေးစာအုပ်ထဲက စာတွေကိုတော့ အလွတ်မကျက်ရပါ။ သဒ္ဒါနဲ့ သတ်ပုံက အသေမှတ်ထားရတာ။ တွေးခေါ်နေတာမျိုး မဟုတ်။

သတ်ပုံကို ဂရုမထား၊ သဒ္ဒါအားနည်း၊ မေးလည်း မမေး၊ တွေးလဲ မတွေးစေခဲ့တဲ့ ကျွန်တော်တို့ ဘာကိုယူကြမှာလဲ။ ကျွန်တော့်သဘောက အခြေခံကို အပိုင်သင်ပြီး မေးစေချင်တယ်၊ တွေးစေချင်တယ်၊ ကျက်မှတ်စေချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၅
၂၉-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး