Old Books မျိုးဆက်ဂုဏ်

မေးခွန်းတွေ လျှောက်လွှာပုံစံတွေမှာ ပါလေ့ရှိတဲ့မေးခွန်းတခုက နေးတစ်ဖ်လင်းရွေ့ခ်ျနဲ့ စကားပြောရင် မေးလေ့ရှိတာက မာသားလင်းဂွေ့ခ်ျ။

နေးတစ်ဖ်လင်းရွေ့ခ်ျ ဆိုတာ ပြောနေကျဘာသာစကား။ အတိအကျပြောရရင် ဇာတိမှန်ပြောစကား။ မာသားလင်းဂွေ့ခ်ျ ဆိုတာ မွေးကတည်းကပြောတဲ့စကား။ မိခင်ဘာသာစကား။

ကျွန်တော် ဆေးပညာစာတွေရေးနေရင်း၊ မေးတာတွေ သိသလောက်ဖြေနေရင်းနဲ့ မေးခွန်းတွေထဲမှာ စာရေးတာမမှန်တိုင်း ထောက်ပြ ပြင်ပေးလေ့ရှိပါတယ်။ ဆောရီး။ စကားပြောသလိုရေးတာတွေ၊ သီချင်းဆိုတာတွေ၊ အင်တာဗျူးကအသံတွေမှာ စကားပြော မပီသတာကိုလည်း တခါတခါထည့်ပြောလေ့ရှိပါတယ်။ ဆောရီး။

ဇာတိ မှန်ကြစေချင်ပါတယ်။ ကိုယ့်မိခင်ကိုလည်း မမေ့ကြစေချင်လို့ပါ။

ဖြစ်ကတတ်ဆန်းအရပ်လာတဲ့သူလို့ အထင်မခံကြရစေချင်လို့ပါ။၊ အမေအဖေတို့က စကားပီသ သတ်ပုံမှန်ခဲ့ကြသလို သားတွေသမီးတွေလည်း မှန်ကြစေချင်တယ်။

ဒီနေရာမှာတော့ လူကြီးမင်းဟာ ခေတ်လူရွယ်တွေရဲ့ မျိုးဆက်လို့ ဂုဏ်မယူထိုက်ပါ။

ပညာစာအုပ်ဟောင်းကြီးတွေဟာ မိဘတွေနဲ့ အလားတူတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး