Painting media ဘာနဲ့ဆွဲတဲ့ ပန်းချီလဲ

ကျွန်တော့်ပို့စ် = The Potato Eaters အာလူးစားကြသူများ

ကွန်မင့်တခု = ဆီးဆေးဆိုတာဘာလဲဆရာ

ဟာ့ အဲတာတော့

အခုလည်း ထပ်စဉ်းစားနေတုန်း။ တကယ်ပဲ သဘောမပိုက်မိတာလား။ ပို့စ်က ပန်းချီကားအကြောင်း၊ ဆီးဆေးနဲ့ ဆက်စပ်နိုင်လောက်တယ် ထင်မိတယ်။

ကျွန်တော်ရေးတာ နားမလည်လို့ပြောတဲ့သူ ၃-၄ ယောက်ရှိထားတယ်။ ကျွန်တော်က စာရေးက ခပ်ပျင်းပျင်း အရှည်ကြီး မရေးချင်။ ဇာချဲ့ ဖွဲ့နွဲ့ မရေးချင်။ ဆေးပညာစာတွေမှာတော့ တခါတခါ အတော်ရှည်မှရတာရှိတယ်။ မက်ဆေ့ကနေပို့ရင် ရှည်လို့ ပို့မရတော့ ဒုက္ခများရတယ်။ ၂-၃ ခု ခွဲပို့ရတယ်။ ပို့လည်း တချို့က မဖတ်ကြတာ သိတယ်။

ပန်းချီရေးဆွဲနည်းတွေ အမျိုးမျိုးရှိတယ်။ ကျွန်တော်က ခဲ၊ ရေဆေးနဲ့ ဆီဆေးလောက်သာ ရင်းနှီးပါတယ်။ ပုံဆွဲနည်းကို Painting media လို့ခေါ်တယ်။ ဘာနဲ့ဆွဲသလဲကို ပြောတာ။ Oil, Pastel, Acrylic, Watercolor, Ink, Hot wax, Fresco, Gouache, Enamel, Spray paint, Tempera, Water miscible oil paint နဲ့ Digital painting လို့ ဖတ်ရပါတယ်။ Painting styles ဆိုတာက ခေတ်ဟောင်း ခေတ်သစ် စတာတွေကို ခွဲထားတာတဲ့။

အခုတွဲတင်ထားတဲ့ပုံကတော့ နှစ်ပေါင်း ၃ သောင်းကနေ ၃ သောင်း ၂ ထောင်ကြားလောက်ကလို့ မှန်းဆရတဲ့ ရှေးဟောင်း Chauvet Cave ဂူထဲက ရိုင်နို ခေါ် ကြံ့တွေပုံတဲ့။ ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာရှိတယ်တဲ့။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး