Pork Curry ဝက်သားဆီပြန်

နှစ်သစ်ကူး ဆုတောင်းစာတွေရတယ်။ ငယ်ငယ်ကကြုံသိထားတဲ့ ဘုန်းကြီးကျောင်းကို သတိရတယ်။

ဆွမ်းလောင်ပွဲတွေမှာ ဟိုအိမ်ကဆွမ်းဟင်းတမျိုး သည်အိမ်ကတမျိုး လောင်းလှူကြတယ်။ တောမှာ ရတဲ့အသားဟင်းကို အိမ်တိုင်းလိုလိုက ဆွမ်းဟင်းလုပ်ကြရတာ။ ဟင်းချက်နည်းလက်ရာကတော့ မတူကြပါ။ နနွင်းမှုံ အနည်းအများမတူ။ အစပ် ပါ မပါ မတူ။ အရည်နဲ့ ဆီပါတာမတူ။ အရောအနှောထည့်တာလည်း မတူကြပါ။ ဘုန်းတော်ကြီးတွေ ဘုန်းပေရတာ အဆင်ပြေပါတယ်။ ခုခေတ်တော့ သိပ်မသိပါ။

သိတာကတော့ နှစ်သစ်ကူးဆုတောင်းစာတွေ။ ကိုယ်တိုင်ချက်ပြုတ်ကြတာမဟုတ်။ ဆိုင်ကနေ ဝယ်ကြတာ။ ဆိုင်ကလည်း များများရှိပုံမရ။ ဟိုလူဆီကပုံ သည်လူဆီကဗီဒီယိုတွေက ထပ်နေတယ်။ ဝက်သားဆီပြန်တွေချည်းပဲ။ မနက်ပြန်ညပြန် လာနေတာ အီနောက်နေတာပဲ။

အိပ်မှာပြုတ်တဲ့ပဲက တခွက်တလေသာပါတယ်။ ကိုယ်တိုင်ထောင်းထားတဲ့ ငရုပ်သီးကလည်း ရှားတယ်။ မနက်ပြန်ညပြန် ဝက်သားဆီပြန်တွေ အီနောက်နေတာပဲ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး