Pseudonym ကလောင်နာမည်

ကြည်အေးပို့စ်အောက်မှာ အဆိုတော်တယောက်လားလို့ မေးတယ်။

ကဗျာဆရာ (ဆရာမ) ကြည်အေးကို အဆိုတော် မြို့မကြည်ကြည်အေးနဲ့ မမှားသင့်ပါ။

စာပေနဲ့ အနုပညာလောကကပုဂ္ဂိုလ်တွေမှာ အများအားဖြင့် အမည်ရင်းမဟုတ်ပဲ ကိုယ်တိုင်ရွေးထားကြတဲ့ နာမည်ကိုယ်စီ ရှိကြတယ်။ အဲတာကို စာပေနဲ့ အနုပညာနယ်မှာသုံးတယ်။ တေးဂီတနယ်လည်းပါတယ်။ ကလောင်အမည်လို့ ခေါ်တယ်။ လူအများက အဲဒီအမည်ကိုသာ သိတာများတယ်။ တချို့တော့ အမည်ရင်းနဲ့သာရေးကြတယ်။ တချို့က နေရပ် မြို့ရွာနဲ့ တွဲထားတယ်။ တချို့က ရှေ့က တချို့က ကွင်းထဲမှာထည့်ပါတယ်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ သခင်ကိုယ်တော်မိုင်း၊ ကာတွန်း ဘဂျမ်း၊ ဂျာနယ်ကျော် မမလေး၊ စစ်ကိုင်း ဦးဘိုးသင်း၊ တက္ကသိုလ် နေဝင်း၊ ဒဂုန်တာရာ၊ လူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကြေးမုံဦးသောင်း။

ကိုယ်ရေးအချက်အလက်ပြောကြရင် ပင်ကိုယ်နာမည်ပါတွဲထည့်ပါတယ်။ ဒါပေမဲ့ ကလောင်နာမည်ခေါ်တာမှာ အပိုအလို မထည့်ရပါ။ အသက်ကြီးလို့ ဦးတင်မိုးလို့ မသုံးရပါ။ မောင်စွမ်းရည်ကို ဦးစွမ်းရည်လို့ မခေါ်ရပါ။ ဆရာလို့ထည့်သုံးတာတော့ သင့်ပါတယ်။ အဲလို အလွဲရေးတာတွေ နေ့တိုင်း တွေ့နေရတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၆
၂၉-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး