Posts

Showing posts from February, 2017

နောက်မှပေါက်တဲ့ ရွှေကြာပင်

Image
Zaw Min ဆရာ တောင်မြို့ဆရာတော်ကြီး ရေးသားတော်မူခဲ့သော တဘဝသံသရာစာအုပ်ထဲမှာ မိုးကို (မိုဃ်း)၊ ဦးကို (ဥုး) ဟုရေးခဲ့ရာ ယနေ့အသုံးပြုနေသော (မိုး၊ ဦး) များ မှန်သလား မှားနေသလား အတူတူပဲလားခင်ဗျ။ တောင်မြို့ဆရာတော်ကြီးက ဥူးလို့သာရေးတယ်။ အဲတာကို သတ်ပုံပြင်မထုတ်ကြတာကို ချီးကျူးတယ်။ ကျွန်တော်က သတ်ပုံအဟောင်းတွေကသည်လိုရှိပါတယ်ကို နမူနာတွေပေးတယ်။ တခြားဆရာတော်တွေ (လယ်တီဆရာတော် အပါအဝင်)၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ ရေးခဲ့တာတွေကို နောက်သတ်ပုံနဲ့ပြင်ထုတ်တာကို သဘောမတူပါ။ ကိုယ်မှန်တယ်ထင်တာ ရေးချင်သလိုရေးကြပေါ့။ အရင်ဟာတွေမှားတယ်၊ နောက်ရေးတာကသာမှန်တယ် ပြောကြတာကို လက်မခံပါ။ အကိုးအကားတွေကများတယ်။ သြကာသဘုရားရှိခိုးကနေစတယ်။ မြန်မာ့စွယ်စုံကျမ်း၊ အနန္တသူရိယ အမျက်ဖြေလင်္ကာ၊ လောကသာရပျို့၊ မင်းတုန်းမင်းလက်ထက်ကနေ၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီးခေတ်က ထုတ်သမျှ ငွေစက္ကူနဲ့ ပိုက်ဆံတွေ၊ ပေလေးပင်ရှင်လေးပါး၊ နဝဒေး၊ နတ်သျှင်နောင်၊ ဝန်ကြီးပဒေသရာဇာ၊ ဦးပုည၊ မယ်ခွေ၊ အချုပ်တန်းဆရာဖေ၊ မြန်မာစာသင်ပုန်းကြီး၊ ဒေါင်းဖတ်စာ၊ ကျောင်းသုံး မြန်မာစကားပြေလက်ရွေးစင်၊ တက္ကသိုလ်ပညာပဒေသာစာစောင်၊ ရန်ကုန်နေ့စဉ်သတင်းစာ၊ လူထုသတင်းစာ၊ မြန်မာနိုင

ပိဋကတ်သုံးပုံပါ မြန်မာစာ (၂)

Image
အင်္ဂုတ္ထရနိကာယ် အင်္ဂုတ္ထုရ်ပါဠိတော် မြန်မာပြန် ဧကကနိပါတ် စာမျက်နှာ (၁၅၃) ပညာမဲ့သောသူမိုက်သည်  နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လောဘကြောင့်ဖြစ်သော ကံကိုသော်၎င်း ဒေါသကြောင့်ဖြစ်သော ကံကိုသော်၎င်း မောဟာကြောင့်ဖြစ်သော ကံကိုသော်၎င်း ပြုလုပ်၏။ ထိုသူမိုက်သည် ထိုကံကို ဤမိမိအတ္တဘော၌ပင်လျင် ခံစားအပ်၏။ ထိုကံ၏ တပါးသောတည်ရာသည် မရှိ။ ကျွန်တော့်မှတ်ချက် ဆဌသံဂါယနာတင် ပိဋကတ်တော်ပါစာတွေကို တသွေမတိမ်း ကူးယူရေးထားပါတယ်။ ဒီ ပိဋကတ်တော်စာအုပ်အစုံကို သာသနာ - ၂၅၅၉၊ ကောဇာ - ၁၃၇၇၊ ၂ဝ၁၆ မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေး ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ကမ္ဘာအေးစာပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်လို့ ဖတ်ရပါတယ်။ မြန်မာစာသတ်ပုံမှာ အငြင်ပွားဘွယ်ရာတွေကို ကျွန်တော်က အကိုးအကားတွေနဲ့ ထောက်ပြနေပါတယ်။ ကိုယ်ပိုင်သတ်ပုံ တခုမျှမပါဝင်ပါ။ ဒီပိဋကတ်တော်ထဲမှာ ထိုကံ၏ တပါးသောတည်ရာသည်မရှိ (တစ်ပါးသော မဟုတ်ပါ)။ မြန်မာစာ မှန်ကန်စွာ ရေးသားနိုင်ကြပါစေ။ သာသနာ စစ်မှန်စွာ ထွန်းကားပါစေ။ ဒေါက်တာတင့်ဆွေ ၂၈-၂-၂ဝ၁၇

World's most threatening superbugs ranked in new list

Image
ကမ္ဘာ့အန္တရာယ်အပေးနိုင်ဆုံး ပိုးမွှားစာရင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ လူသားကျန်းမာရေးကို အန္တရာယ်အပေးနိုင်ဆုံး ပိုးမွှားစာရင်းသစ် ထုန်ပြန်လိုက်ပါတယ်။ လက်ရှိသုံးနေတဲ့ ပဋိဇီဝဆေးတွေကို ခံနိုင်ရည်ရှိနေတဲ့ပိုးတွေဖြစ်ပါတယ်။ စာရင်းထိပ်ဆုံးမှာ E. coli အီး ကိုလိုင် ဗက်တီးယားဖြစ်တယ်။ သွေးထဲပိုးဝင်တာဖြစ်နိုင်တယ်။ ဆေးရုံတက်လူနာတွေမှာ နူမိုးနီးယားဖြစ်စေနိုင်တယ်။ ဂျာမဏီနိုင်ငံမှာ မကြာခင်ကျင်းပမယ့် ဂျီ-၂ဝ ထိပ်သီးအစည်းအဝေးမတိုင်ခင် ထွက်ပေါ်လာတဲ့သတင်းဖြစ်ပါတယ်။ စာရင်းထုတ်ပြန်ရတာရဲ့ရည်ရွယ်ချက်က အစိုးရတွေအနေအနဲ့ ပိုးသေဆေးသုတေသနမှာ ရင်းနှီးမြှုပ်နှံမှုပြုစေချင်လို့ပါ။ ဆရာဝန်တွေကပြောပါတယ်။ ကျွန်တော်တို့ရဲ့ ပိုးတွေကိုသေစေမယ့်ဆေးစာရင်းက ခမ်းခြောက်နေပါပြီတဲ့။ မကြာသေးခင်က Klebsiella ကလက်ပစီယဲလာူးပိုးကလည်း ဆေးယဉ်လာပါပြီ။ အရင်က Carbapenems ဆေးနဲ့ ရသေးတယ်။ ယူအက်စ်မှာလည်း အမျိုးသမီးလူလူနာတယောက် ပိုသေဆေး ၂၆ မျိုးနဲ့ကုမရဖြစ်တဲ့သတင်း ထွက်ထားသေးတယ်။ • Carbapenems ဆေးယဉ်တဲ့ Acinetobacter baumannii ပိုးကနေ အသက်ရှူလမ်းနဲ့ သွေးမှာ ဆိုးတဲ့ ရောဂါပိုးဝင်တာကို ဖြစ်စေနိုင်တယ်။ Pseudomonas aeruginosa ပိုးကလည်း အတူတူဖြစ်ေ

Life expectancy to break 90 barrier by 2030

Image
၂ဝ၃ဝ ရောက်ရင် အသက် ၉ဝ ကျော်အထိနေနိုင်တော့မည် တောင်ကိုရီးယား အမျိုးသမီးတွေ ပျမ်းမျှ အသက် ၉ဝ ကျော်ထိနိုင်သူတွေဖြစ်လာပါတယ်။ ဒီလေ့လာမှုကို စက်မှုနိုင်ငံ ၃၅ နိုင်ငံမှာလုပ်ခဲ့တာပါ။ လေ့လာမှုကနေ ရှေ့ရေးကို ခန့်မှန်းတာက လာမယ့် ၂ဝ၃ဝ ရောက်ရင် အသက် ၉ဝ ကျော်အထိ နေနိုင်ကြတော့မည်လို့ဖြစ်ပါတယ်။ ကျားနဲ့ မကွာခြားချက်ကလည်း ကျဉ်းလာပါမယ်။ အစိုးရတွေအနေနဲ့ ပင်စင်အတွက် ခေါင်းခဲကြရပါလိမ့်မယ်။ တောင်ကိုရီးယားကတော့ ထိပ်ကဆက်ရှိနေပါမယ်။ ပြင်သစ်ကလည်းနီးစပ်တယ်။ ဂျပန်ကတော့ အဆင့်ကျလာစရာရှိနေတယ်။ ယူအက်စ်က အဆင့်နိမ့်နေတယ်။ ၂ဝ၃ဝ ဆိုရင် အနိမ့်ဆုံးရောက်မလား မသိပါ။ ချမ်းသာတဲ့တိုင်းပြည်တွေထဲမှာ အောက်ဆုံးကျနေတယ်။ တိုင်းသူပြည်သား အားလုံး ခံစားနိုင်တဲ့ ကျန်းမာရေးအာမခံမရှိလို့ဖြစ်နိုင်တယ်။ အရပ်ပိုရှည်လာမှုလည်း တန့်နေတာက ငယ်စဉ်အာဟာရနဲ့ ဆိုင်မယ်။ ချီလီက ယူအက်စ်ကိုကျော်နိုင်တယ်။ ချီလီမှာ အမျိုးသမီးတွေက ၈၇ နှစ်နဲ့ ယောက်ျားတွေက ၈၁ နှစ် နေနိုင်လာကြမယ်။ လက်ရှိ ယောက်ျားတွေက ပျမ်းမျှ ၈ဝ နှစ်နဲ့ အမျိုးသမီးတွေက ၈၃ နှစ်နေနိုင်ကြတယ်။ ၂ဝ၁၅ ကနေ ၂ဝ၃ဝ အတွင်း ယူကေမှာ ၇၉ နှစ်ကနေ ၈၃ နှစ်နဲ့ ၈၂ နှစ် ကနေ ၈၅ နှစ်အထိနေနိုင်ကြမယ်။ ကျား-မ ကွာခြားနေမ

ပိဋကတ်သုံးပုံပါ မြန်မာစာ (၁)

Image
အင်္ဂုတ္ထရနိကာယ် အင်္ဂုတ္ထုရ်ပါဠိတော် မြန်မာပြန် ဧကကနိပါတ် ၁ - ရူပါဒိဝက် ၁။ ကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာတပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟော်တော်မူ၏ - ရဟန်းတို့ ဤမိန်းမ၏အဆင်းသည် ယောက်ျား၏စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့ ဤအတူ ယောက်ျား၏စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတခုသော အဆင်းကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မိန်းမ၏အဆင်းသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်၏ ဟု (မိန့်တော်မူ၏)။ ကျွန်တော့်မှတ်ချက် ဆဌသံဂါယနာတင် ပိဋကတ်တော်ပါစာတွေကို တသွေမတိမ်း ကူးယူရိုက်နှိပ်ထားပါတယ်။ ဒီ ပိဋကတ်တော်စာအုပ်အစုံကို သာသနာ - ၂၅၅၉၊ ကောဇာ - ၁၃၇၇၊ ၂ဝ၁၆ မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေး ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ကမ္ဘာအေးစာပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်လို့ ဖတ်ရပါတယ်။ ကနေ့ခေတ်မှာ မြန်မာစာသတ်ပုံမှာ အငြင်ပွားဘွယ်ရာတွေကို ကျွန်တော်က အကိုးအကားတွေနဲ့ ထောက်

Brain Tumor ဦးနှောက်အကျိတ်

Image
၁။ ဆရာရှင့် အမေ့မှာ (မွေးမေမေမဟုတ်ပါ) ဦးနှောက်ကင်ဆာကျိတ်တွေ့ပါသတဲ့။ ၂ နှစ်ပဲလို့ ဆရာဝန်တွေက ခန့်မှန်းပါတယ်တဲ့။ ဘယ်လိုကုသမှုမျိုး ကျန်းမာရေးစောင့်ရှောက်မှုမျိုးတွေလုပ်ပေးသင့်ပါသလဲ။ အနေအထိုင် အစားအသောက် ဆောင်ရန်ရှောင်ရန်များ ပြောပြပေးပါ။ ဓာတ်ကင်ကုသနည်းနဲ့ကုသပါမယ်တဲ့။ ရိုသေစွာဖြင့်။ ၂။ ဆရာ အခုတလော စင်္ကာပူမှာ brain tumor နဲ့ဖြစ်နေကြတာတွေ့တယ်။ လက်ရှိထိတော့ ကျွန်တော်သိတာ ၂ ယောက်ပါဆရာ။ အဲ့ဒာဘာကြောင့်ဖြစ်တာလဲ ဆိုတာရှင်းပြပေးစေချင်ပာတယ်ဆရာ။ public မှာဖြစ်ဖြစ် အဲ့ဒီလို မဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်ရမလဲဆရာ။ ကျေးဇူးတင်လျှက် ခေတ္တ စင်္ကာပူ။ ၃။ ဆရာရှင့်ကျမအစ်ကိုက အသက် ၄၅ နှစ်ရှိပါပြီ။ လွန်ခဲ့သော ၁၅ နှစ်ခန့်က သဘောင်္နဲ့ ဘောတံတား ကြားမှာ ဦးခေါင်း ညှပ်ခဲ့ဖူးပါတယ်။ အဲလိုညှပ်ပြီးနောက်ပိုင်းမှာ ဘာမှမဖြစ်သေးဘူး သုံးလေးနှစ်ကြာတော့ ခေါင်းတအားကိုက်လာပါတယ်။ မခံမရပ်နိင်အောင်ကိုက်လာတယ်။ ဆေးရုံသွားပြတော့ ဆရာဝန်က ခေါင်းမှာ အကျိတ်ရှိတယ်။ ၆ လပဲခံမယ် သေမယ်လို့ ပြောပါတယ်။ အကိုကလဲ သေမယ့်အတူတူ မကုတော့ဘူးဆိုပြီး ဆေးစားပြီးနေပါတယ်။ ခေါင်းကိုက်တာဟာ အမြဲတန်း မကိုက်ပါဘူး။ တလကို သုံးခါလောက်ကိုက်တယ်။ အခုတလောတော့ နေအရမ်းပူလိ

STDs Basic လိင်မှတဆင့် ကူးစက်သောရောဂါများအခြေခံ

Image
ဒီစာကို ဖေ့စ်ဘွတ်မှာ တင်သင့် မတင်သင့် အကြာကြီး စဉ်းစားရပါတယ်။ ရေးထားတာ ၅ နှစ်ရှိပါပြီ။ တချို့က ကျွန်တော့ ဘလော့ကနေကူယူပြီး တခြားမှာတင်နေတာတွေရှိတယ်။ စာထက် ပုံကိုအသားပေး တင်ကြတာပါတွေ့ရတယ်။ မကြိုက်ပါ။ လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကိုဆေးပညာမှာ Sexually Transmitted Diseases (STDs) နဲ့ Sexually Transmitted Infections (STIs) လို့ အခုခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD) လို့ ခေါ်ခဲ့တယ်။ ကျွန်တော်တို့ဆီမှာလဲ အရင်က ကာလသားရောဂါ လို့ ခေါ်ခဲ့ပြီး၊ ရောဂါတိုက်ဖျက်ရေးဌာနတောင် ဒီနာမယ်နဲ့ လုပ်ခဲ့သေးတာ။ ကာလသားဆိုတာ လူပျိုပေါက်ထက်ကြီးပြီး၊ များသောအားဖြင့် အိမ်ထောင်လဲမကျသေးတဲ့ ယောက်ျားသားတွေကိုခေါ်တာပါ။ STDs တွေက ကာလသားတွေသာမဟုတ်ဘူး၊ အရွယ်မရွေး ဖြစ်နိုင်တယ်။ မွေးစကလေးတွေတောင် ကူးတာ။ ကာလသမီးအမျိုးသမီးများတွေမှာပါ ဖြစ်တယ်။ ဖြစ်မှာပေါ့ မဆင်ခြင်ကြလို့ တယောက်ကနေ နောက်တယောက်ကို ကူးတာကိုး။ Venereal လို့ ခေါ်တာကလဲ Venus ဗီးနပ်စ် ကနေလာတာပါ။ ကျောင်းသားတွေက သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ဗီးနပ်စ်ကို အချစ် နဲ့ အလှကိုကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။ ရောမသာမကပါ၊ ဂရိနတ်သမီး အဖရိုဒိုက်နဲ့ပါ ဆ

Seven ways the world could change

Image
ထရမ့်လက်ထက်မှာ အပြောင်းအလဲကြီး ခုနစ်မျိုးဖြစ်လာနိုင် ၁။ နှစ်ပေါင်း (၆ဝ) ရှိနေခဲ့တဲ့ အမေရိကန်နဲ့ နေတိုးခေါ် မြောက်အန္တလန်တိတ်သမုဒ္ဒရာနိုင်ငံများအဖွဲ့ ဆက်ဆံရေး ပြောင်းမယ်။ သူက အဖွဲ့ဝင်နိုင်ငံတွေက GDP ရဲ့ ၂% ကိုပြည့်မီအောင်မထည်ဝင်ကြတာကို ထောက်ပြတယ်။ ယူအက်စ်၊ ယူကေ၊ အက်စ်တိုးနီးယား၊ ဂရိစ်နဲ့ ပိုလန်တို့ကလာပြည့်မီကြတယ်။ ၂။ ရုရှားနဲ့ ဆက်ဆံရေးပိုသင့်လာမယ်။ အဲတာမှာတော့ ရုရှားထောက်လှမ်းရေးနဲ့ဆက်ဆံခဲ့တာကို မေးခွန်းတွေထုတ်ခံရ၊ လုံခြုံရေးအကြံပေးကို ဖြုတ်ရတာတွေမတိုင်ခင်က ပြောထားခဲ့တဲ့အချက်ဖြစ်တယ်။ ၃။ လွတ်လပ်စွာကုန်သွယ်ရေး ရပ်မယ်။ ၁၂ နိုင်ငံပါဝင်တဲ့ TPP ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေးသဘောတူစာချုပ်ကို ရပ်မယ်။ မက်ဆီကိုမှာ ထုတ်လုပ်တဲ့ကုန်တွေကို ၃၅% အခွန်ပိုကောက်မယ်။ ၄။ အီရန် နူကလီယားထုတ်လုပ်ရေးကြိုးစားနေတာကို ပြန်စဉ်းစားမယ်။ ၅။ အာရှမှာ နူကလီယာနိုင်ငံတွေ တိုးလာမယ်။ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို ယူအက်စ်အပေါ်မှီခိုမှု လျော့ဘို့ပြောတယ်။ ကိုယ်တိုင် နူကလီယာလုပ်ကြပါလားလို့ ပြောတယ်။  မြောက်ကိုရီးယားက နူကလီယာဖြစ်အောင်လုပ်နေတယ်။ ၆။ ကမ္ဘာ့ရာသီဥတု ထိန်းချုပ်ရေးအစီအစဉ်တွေ ရပ်တန့်မယ်။ သူက အမေရိကားမှာ ကျောက်မီးသေ

Cytotec (Misoprostol) ဆေးသုံးနည်း

Image
ကျွန်တော်က မြန်မာပြည်ကနေ ဆေးပညာဘွဲ့ယူထားလို့စည်းကမ်းလိုက်နာပါတယ်။ ကိုယ်ဝန်ကို တမင်ဖျက်မပေးပါ။ ဆေးနည်းလဲမညွှန်ပါ။ ဆေးစာတွေသာစုံအောင်ရေးပါတယ်။ ဆေးဘယ်မှာဝယ်ရမလဲ၊ ဘယ်ဆေးခန်းကနေလုပ်ပေးသလဲ မမေးပါနဲ့။ အထဲမှာမနေရလို့ မသိပါ။ Misoprostol (မစ်ဆိုပရိုစတောလ်) တမျိုးထဲနဲ့လည်း ကိုယ်ဝန်ဖျက်နိုင်တယ်။ ဒါပေမဲ့ ဆရာဝန်မပါဘဲ ကိုယ့်ဖါသာ မလုပ်သင့်ပါ။ သားအိမ်ကို ညှစ်စေပြီး အထဲက ကိုယ်ဝန်ကို အပြင်ထုတ်ပြစ်တယ်။ ဗိုက်နာလာပြီး သွေးဆင်းမယ်။ ရာသီလာတာထက် များမယ်။ ၈ဝ% မက ၉ဝ% အထိ အောင်မြင်မှုရှိတယ်။ ကိုယ်ဝန်ပိုရင့်နေရင် သွေးဆင်းတာ သိပ်များပြီး နောက်ဆက်တွဲ ဖြစ်နိုင်တာတွေ ရှိနိုင်တယ်။ သွေးအားနည်းနေသူတွေ မသုံးသင့်ဘူး။ အရက်၊ မူးယစ်ဆေးနဲ့ မတွဲသင့်ဘူး။ သားအိမ်ပြင်ပ ကိုယ်ဝန်အတွက် မသုံးရဘူး။ IUCD/IUD ကိုယ်ဝန်တားပစ္စည်းထည့် ထားသူတွေလဲ မသုံးရပါ။ ဆေးနာမယ်တွေ အမျိုးမျိုးရှိတယ်။ Misoprostol, Cytotec, Alsoben, Arthrofen, Arthrotec, Artrotec, Asotec, Cirotec, Cyprostol, Cyrux, Cystol, Cytil, Cytolog, Cytomis, Cytopan, Gastec, Gastrotec, Gistol, GMisoprostol, Gustrul, Gymiso, Isovent, Kontrac, Mibetec, Miclofenac, Mirolut, Misel,

Rapid weight gain for baby ကလေးရုတ်တရက် အလေးချိန်တိုးခြင်း

Image
ဆရာရှင့် ကျွန်မအသက်၂၈ ပါ၊ သားဦးပါ။ သူငယ်နာပေါင်တိုးဆိုတဲ့ရောဂါဆိုတာ မကြားဖူးဘူးလို့ပါ။ အသိတယောက်ရဲ့ ကလေး ရုတ်တရက်ဆုံးသွားလို့ ဘာကြောင့်လဲမေးတော့ အဲ့ရောဂါကြောင့်တဲ့လေ။ ကလေးကမွေးစက ၅ ပေါင်ရှိတာ။ ၁ လခွဲမှာ ၁၀ ပေါင်ခွဲဖြစ်ပြီး အကောင်းပကတိ လန်းလန်းဆန်းဆန်းနဲ့ ညအိပ်နေရင်းဆုံးတာတဲ့။ ရန်ကုန်မှာ ကလေးတွေ အဖြစ်များတယ် ပြောကြတာပဲ။ အဲ့တာ ဘယ်လိုရောဂါမျိုးပါလဲ။ ဘယ်လိုတွေဖြစ်တတ်ပါသလဲ။ ကာကွယ်လို့ရောရလား။ ဘယ်လိုအခြေအနေမှာဖြစ်တတ်ပါသလဲ။ ကျွန်မက နောက်လမွေးမှာမို့ သိပါရစေဆရာ။ ကျေးဇူးတင်ပါတယ်။ ဆရာကျန်းမာပါစေ။ ကျွန်တော်လည်း သိပ်မသိပါ။ Sudden Infant Death Syndrome ကလေးရုတ်ရက်သေဆုံးရခြင်းဆိုတာရှိတယ်။ ဖြစ်စေနိုင်တဲ့အကြောင်း (၂) မျိုး ရှိတယ်။ ၁။ ရုပ်ပိုင်းချို့ယွင်းချက်များ Brain abnormalities ဦးနှောက်မူမမှန်ဖြစ်ခြင်း၊ Low birth weight ကလေးချိန်မပြည့်ခြင်း၊ Respiratory infection အသက်ရှူလမ်းရောဂါပိုးဝင်ခြင်း။ ၂။ Sleep environmental factors အိပ်စက်ခြင်းမူမမှန်ဖြစ်ခြင်း Sleeping on the stomach or side ကလေးအိပ်စက်ပုံအနေအထား၊ Sleeping on a soft surface အောက်ခံပြော့လွန်းခြင်း၊ Sleeping with parents မိဘ

Security အဓိပ္ပါယ်

Image
ကွန်မင့်တခု = ဥသြငှက်တွေ မိုးနဲ့ဆောင်းမှာ ကိုးကိုးကျွန်းပေါ်လာခိုကြတယ်လို့ ဆရာမြသန်းတင့်ရေးခဲ့ဘူးပါတယ်။ တိရစ္ဆာန်တွေဟာ အစားအစာ၊ နားခိုစရာနဲ့ ရေအတွက် ပူနွေးတဲ့နေရာသီရှိရာနေရာတွေကို နှစ်စဉ်ရွေ့ပြောင်းကြတယ်။ တချို့ငှက်တွေက ဆောင်းမှာနေရာသစ်ရှာရပြီး၊ တချို့ငှက်တွေက နွေမှာနေရာသစ်ရှာကြတယ်။ လူစင်စစ်ဖြစ်ကြတဲ့ မြန်မာနိုင်ငံသားတွေကြတော့ နွေမိုးဆောင်း ဥတုသုံးပါးလုံးမှာ ဒုတိယ၊ တတိယနိုင်ငံတွေကိုထွက်ပြီး အလုပ်လုပ်ကြရတယ်။ တချို့က အပြီးတိုင်ပြောင်းရွေ့နေထိုင်ကြရတယ်။ အခုဆို ၄ သန်းကျော်ပြီ။ ငှက်တွေမှာ နေရာကောင်းရှာရတဲ့ တခြားအကြောင်းက မျိုးပွါးဖို့ဖြစ်တယ်။ မြန်မာနိုင်ငံသားတွေတချို့ကြ ကိုယ့်နိုင်ငံကိုပြန်မီးဖွါးကြပြီး၊ နို့စိုအရွယ်လေးထားရစ်ကာ အလုပ်လုပ်ရာတိုင်းပြည်ကို ထွက်ရပြန်တယ်။ ရတက်မအေးလို့ ကလေးကျန်းမာရေး မေးကြတယ်။ Security ရဲ့ အဓိပ္ပါယ်မှန်က လုံခြုံရေးတခုတည်းမဟုတ်ပါ။ လုံခြုံမှုကအဓိကတော့ဖြစ်တယ်။ မြန်မာပြည်သားတွေဟာ ဥတုကိုတော့ ခံနိုင်ရည်ရှိကြပေမဲ့ ဘဝလုံခြုံမှုရှာနေကြရတယ်။ ကိုယ့်နိုင်ငံဟာ ကိုယ့်လူမျိုးတွေကိုတောင်မှ လုံခြုံမှု မပေးနိုင်သေးပါတကား။ Security အဓိပ္ပါယ် ၁။ အန္တရာယ်နဲ့ ခြိမ်းခြောက်မှုကင်လွတ်ခြင်

Top 20 Poorest Countries in Asia အာရှ အဆင်းရဲဆုံးတိုင်းပြည် နှစ်ဆယ်

Image
သတင်းတွေမှာတော့ အာရှအဆင်းရဲဆုံးနိုင်ငံ (၁၅) ခုလို့ဖတ်ရတာ ၃-၄ ရက်ရှိပြီ။ အဲဒီစာရင်းထဲမှာ အာရှကမဟုတ်တဲ့ နိုင်ငံတွေလည်းပါနေလို့ သတင်းမူရင်းကိုလိုက်ရှာရပါတယ်။ အာရှတိုက်ဟာ ဧရိယာစတုရန်းမိုင် ၁၇ သန်းကျယ်တယ်။ လူဦးရေ ၃့၇ ဘီလီယန်နေထိုင်ကြတယ်။ နိုင်ငံပေါင်း ၄၈ ခု ရှိတယ်။ တရုပ်၊ အိန္ဒိယ၊ ရုရှားနဲ့ တောင်ကိုရီးယားလို အင်အားကြီးတိုင်ပြည်တွေလည်းပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးနဲ့ အဆင်းရဲဆုံးတိုင်းပြည်တွေကလည်း အာရှကပဲ ဖြစ်ကြတယ်။ ဆင်းရဲတဲ့နိုင်ငံအများစုဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ကုန်သွယ်မှု အနည်းအကျဉ်းကိုသာ အားထားကြရတယ်။ တရုပ်နဲ့ အိန္ဒိယကတော့ ခေတ်မီနည်းပညာအားပြုဖက်ကို ရောက်လာနေကြပြီဖြစ်တယ်။ အဆင့် တိုင်းပြည် GDP Per Capita လူဦးရေ ၁။ အာဖကန်နစ္စတန် Afghanistan $1,000 29,835,392 ၂။ နီပေါ Nepal $1,300 29,391,883 ၃။ မြန်မာ Burma $1,300 53,999,804 ၄။ ဘင်္ဂလားဒက်ရှ် Bangladesh $1,700 158,570,535 ၅။ မြောက်ကိုရီးယား North Korea $1,800 24,457,492 ၆။ တာဂျီကစ္စတန် Tajikistan $2,000 7,627,200 ၇။ ကမ္ဘောဒီးယား Cambodia $2,300 14,701,717 ၈။ ခါဂျစ္စတန် Kyrgyzstan $2,400 5,587,443 ၉။ လာအို Laos $2,700 6,477,211 ၁ဝ။ ပါကစ္စတန်

Deadliest Dictators အာဏာရှင်ဆိုးကြီးများ

Image
သတင်း = ဖိလစ်ပိုင် ပြည်သူ့အာဏာတော်လှန်ရေးနေ့ သမ္မတ ဒူတာတေး မတက်ရောက် ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၈၆ ခုနှစ်တုန်းက အာဏာရှင် ဖာဒီနန် မားကို့စ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ပြည်သူ့အာဏာ တော်လှန်ရေးနေ့ နှစ်ပတ်လည်အခမ်းအနားကို မြို့တော် မနီလာမှာ စနေနေ့က ကျင်းပခဲ့ပါတယ်။ ဒူတာတေး မတက်ရောက်ပါ။ မားကို့စ် ရဲ့ ရုပ်ကလပ်ကို သူရဲကောင်းသင်္ချိုင်းမှာ မြှုပ်နှံဖို့ခွင့်ပြုခဲ့ပါသေးတယ်။ ကမ္ဘာမှာ အရက်စက်ဆုံး (လူသတ်အများဆုံး) အာဏာရှင်ကြီး (၂၅) ယောက်ရှိတယ်။ ၁။ မော်စီတုန်း၊ တရုပ် = လူ ၄ သန်းကနေ ၆ သန်းကိုသေစေခဲ့တယ်။ ၂။ ဟစ်တလာ၊ ဂျာမန် = ဂျူး ၆ သန်းအပါအဝင် ၁၇ သန်းကိုသေစေခဲ့တယ်။ ၃။ လီယိုပိးလ်-၂၊ ဘယ်ဂျီယမ် = ကွန်ဂိုလူမျိုး ၁၅ သန်း သေစေခဲ့တယ်။ ၄။ စတာလင်၊ ဆိုဗီယက် = လူ ၁ဝ သန်း ငတ်ပြီးသေစေခဲ့တယ်။ ၅။ တိုဂျို၊ ဂျပန် = ၅ သန်းကျော်သေစေခဲ့တယ်။ ၆။ နစ်ကိုလပ်စ်-၂၊ ရုရှား = ၃ သန်းကိုသေစေခဲ့တယ်။ ၇။ ယာယာခန်၊ ပါကစ္စတန် = အရှေ့ပါကစ္စတန်စစ်ပွဲ။ ၈။ ပိုးလ်ပေါ့၊ ကမ္ဘောဒီးယား = ၂့၅ သန်းကိုသေစေခဲ့တယ်။ ၉။ အိုမာ အယ်လ်-ဘာရှိယာ၊ ဆူဒန် = ၄ သိန်းကိုသေစေခဲ့တယ်။ ၁ဝ။ အစ်မေးလ် အင်ဗာ ပါရှား = အာမေးနီးယန်းလူမျိုး ၁့၅ သန်းနဲ့တခြား ၁ သန်းကို သေစေခဲ့တယ်။

Avian Influenza A (H7N9) Virus ကြက်ငှက်တုပ်ကွေး

Image
မြန်မာပြည်ကိုတင်သွင်းနေတဲ့ တရုပ်ပြည်ကလာတဲ့ကြက်ဥတွေကို ပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်းကို အပြေးအလွှား ဖတ်လိုက်ရတယ်။ ကြက်ငှက်တုပ်ကွေးပိုးကြောင့်လို့ထင်ပါတယ်။ သိရသလောက် ကြက်ဥမှာ H7N9 အမျိုးအစား ကြက်ငှက်တုပ်ကွေးပိုးတွေကူးစက်မှုရှိမှာကို စိုးရိမ်လို့ဖြစ်ပါမယ်။ ၂၃-၂-၂ဝ၁၇ နေ့ထွက်တဲ့သတင်းမှာလည်း တရုပ်နိုင်ငံတလွှားမှာ H7N9 ကူးစက်မှုဖြစ်နေလို့ပါရှိပါတယ်။ ဒီအမျိုးအစား ကြက်ငှက်တုပ်ကွေးကူးစက်မှုဟာ တရုပ်ပြည်မှာ ၂ဝ၁၃ မတ်လကစဖြစ်ခဲ့တာပါ။ အခုအချိန်ဟာ ငါးကြိမ်မြောက်ဖြစ်ပွါးတာဖြစ်တယ်။ ၂ဝ-၂-၂ဝ၁၇ နေ့မှာ WHO ကနေ လူပေါင်း ၄၂၄ ယောက်မှာ ကူးစက်ခံနေရတယ်လို့ ကြေညာပါတယ်။ ၅ ကြိမ်မှာ စုစုပေါင်း ၁၂၂၃ ယောက်ရှိပါပြီ။ လူကနေ လူကိုကူးစက်တာတော့ ရှားတယ်။ ကူးစက်ခံရရင် ဆိုးဝါးတဲ့ နူမိုးနီးယားဖြစ်နိုင်တယ်။ ၄ဝ% သေဆုံးခဲ့ပါတယ်။ တရုပ်ပြည်ကနေလာတဲ့ ကြက်သားနဲ့ ကြက်ဥတွေကို နောက်ထပ်ကြေညာချက်မထွက်မချင်း ဝယ်ယူစားသောက်ခြင်း မလုပ်သင့်ကြပါခင်ဗျား။ ဒေါက်တာတင့်ဆွေ ၂၅-၂-၂ဝ၁၇ ည ၁ဝ နာရီ၊ ၄၁ မိနစ်။

Gua Sha မက်ကလောင်

Image
သတင်း = ဖျားလျှင် မက်ကလောင်ခြစ်၍ ကုသမှုကြောင့် အသည်းရောင်စီပိုး ရောဂါဖြစ်ပွားနှုန်း များပြားလာသည်ကို တွေ့ရှိရကြောင်း မြန်မာအသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်က ပြောကြားသည်။ အရင်က မေးခွန်းတွေကိုဖြေဘို့ ဒီစာကိုရေးထားခဲ့ပါတယ်။ ၁။ ကျွန်တော့အစ်မဖြစ်နေလို့ပါဆရာ။ မြစ်ကြီးနားမှာပြတော့ trimetazidine ကိုပေးလိုက်တာ အဲဆေးကို သောက်တော့လဲ မသက်သာဘူး။ အစ်မ အသက်က ၃၃ နှစ်ပါ။ မက်ခလောင်ထလာရင် ခေါင်းမှုးပြီး မျက်လုံး ဖွင့်လို့တောင်မရဘူးလို့ ပြောတယ်ဆရာ။ ရှာခြစ်လိုက်ဆွဲလိုက်ရင် ကောင်းသွားတယ်လို့ပြောတယ်။ နေ့တိုင်းလိုလို ရှာခြစ်ရလို့ အသားတွေတောင် မာနေပြီလို့လဲ ပြောပါတယ်ဆရာ။ ဘယ်လိုဆက်လုပ်ရမလဲဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။ မနှစ်ကစစ်ထားတဲ့ သွေးအဖြေကို ပို့ပေးလိုက်ပါတယ်နော်ဆရာ။ ၂။ ကျမ ဘီပိုးအကူးခံရတာလည့်း့ မှာနေတုန်းက အသိဥာဏ်မဲ့စွာ တရုတ်အပ်စိုက်ခဲ့လို့ပါဆရာ။ ပြီးတော့ အကြောတက်လို့ဆိုပြီး သူငယ်ချင်းတရုတ်မက မက်ဂလောင်ခြစ်တယ်ဆိုပြီး ဇွန်းနဲ့ကြောကို သွေးစို့အောင် ခြစ်ပေးခဲ့ဘူးပါတယ်။ နောက်မှကျမ သိရတာကျမတို့နဲ့ တအိမ်ထဲနေ မြန်မာတရုတ်မလေးမှာ HBeAg ရှိနေခဲ့တာပါဘဲ။ အဲဒီ မက်ဂလောင်ခြစ်တဲ့ဇွန်းကို အဲဒီကော

ရိုးရိုးရှင်းရှင်း

Image
ကနေ့တော့ အမေးတွေကို အဖြေက အသာစီးရနေတယ်။ ညဉ့်နက်လာရင် ကိုယ်ကနောက်ကနေ အမောတကော လိုက်ရမယ်။ ထိုင်စရာနေရာက ထပြီးဟိုနားသည်နား လမ်းသလားချိန်ရတယ်။ အရောင်တွေ အဆင်အပြင်တွေမှာ ရိုးရှင်းတာကြည့်ရင် စိတ်လည်းရှင်းတယ်။ တန်ရာကို သာယာတာက သက်သာရာရတယ်။ ရိုးရိုးရှင်းရှင်း မေးခွန်းတွေနဲ့ ရေစက်ဆုံပါရစေ။ ဒေါက်တာတင့်ဆွေ ၂၅-၂-၂ဝ၁၇

Samples ညပိုင်းမှာလာ နမူနာ

Image
အမေး = ဆရာမင်္ဂလာပါရှင့် သားဥပြွန်မှာရေအိတ်တည်နေရင် ဆိုးရိမ်ရပါသလား ဘာဆေးသောက်သင့်ပါသလဲ နောက်ဆက်တွဲ ဆိုးကျိုးဘာတွေဖြစ်နိုင်လည်း ဖြေပေးပါဆရာ ဘာကြောင့်ရေအိတ်တည်တယ်ဆိုတာဘာဖြေပေးပါဆရာ အဖြေ = ဆိုးရိမ် မဟုတ်။ စိုးရိမ်လို့သာ ရေးရတယ်။ ရောဂါဆိုးမှကို စိုးရိမ်သည်။ ဆေးအရောင်ဆိုးသည်။ မေးနည်းစည်းကမ်း ပို့လိုက်ပါတယ်။ အမေး = ဆရာရှင့် သမီးအသက်က ၂၁ ခုသမီးမှာ ကျောက်ဖြူပေါက်နေပါတယ်ရှင် ဘယ်လိုကုသရမလဲပြောပြပေါ့ရှင် ဘာကြောင့်ခုလိုကျောက်ဖြူဖြစ်ရတာပါလည်းရှင် ပြောပြပေးပါရှင့် အထက်ကစာရေးတာမှားသွားတဲ့အတွက် တောင်းပန်ပါတယ်ရှင့် အဖြေ = ရောဂါအမည်အခေါ် နေရာအလိုက် မတူကြပါ။ ရေကျောက်ဆိုတာတော့သိတယ်။ ခံစားနေရတာ ၁-၂-၃ ပြောပါ။ အမေး = ဆရာရှင့်ကျွန်မအမျိုးသား အသက် ၃၀ ပါရှင့် ရန်ကုန်ကပါ မနက်ကသူဝမ်းသွားတာ ပျစ်ချွဲချွဲအကြည် ဂျယ်လီလိုဟာမျိုးတွေ ပါလာလို့ ဘာဖြစ်သလဲသိချင်ပါတယ်ရှင့် အရင်ကလဲ မကြာမကြာဝမ်းသွားရင် သွေးနဲနဲပါတတ်ပါတယ် အဲ့လိုသွေးပါပြီးရင်အောင့်နေတတ်ပါတယ်ရှင့် ဖြေပေးပါအုံးရှင့် ဆရာကျန်းမာပါစေ အဖြေ = ဝမ်း အကြိမ် အရေအတွက် မသိ။ ဗိုက် နာ မနာ မသိ။ ပြန်ပြော = အသေးစိတ်ပြောခိုင်းနေတယ် ဒေါက်တာတင့်ဆွေ ၂၅-၂-၂ဝ၁၇

Kim Jong-nam killing ကင်-ဂျုံ-နမ်း ဘေဘီ-အွိုင်လ်း ဒေါ်လာကိုးဆယ်

Image
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့အကိုတော်သူကို မလေးရှားမှာလုပ်ကြံသတ်ဖြတ်မှုမှာ အဖမ်းခံထားရတဲ့ အင်ဒိုနီးရှား နိုင်ငံသူဟာ သူ့လုပ်ငန်းတာဝန်အတွက် ဒေါ်လာ (၉ဝ) ရပါသတဲ့။ ကွာလာလမ်ပူလေဆိပ်ထဲမှာ သေဆုံးသူရဲ့မျက်နှာကို အပြောင်အပျက်သဘောနဲ့ ဘေဘီ-အွိုင်း သုတ်ပေးဘို့အတွက် မလေးရှား ရင်းဂစ်ငွေ ၄ဝဝ ရတယ်လို့ ထွက်ဆိုပါတယ်။ အသက် ၂၅ နှစ်ရှိတဲ့ ဆီတီ အိုင်ရှား (အင်္ကျီအနီရောင်) အပြင် ဗီယက်နမ်နိုင်ငံသူ ၂၉ နှစ်အရွယ်ရှိတဲ့ ဒွန် သီ ဟွန် (အင်္ကျီအဝါရောင်) ကိုလည်း ဖမ်းထားပါတယ်။ သူ့ထွက်ဆိုချက်က အဲဒီပြောင်စရာ တီဗွီပြကွက်မှာ ဇာတ်ရံအဖြစ်နေပေးဘို့ ဖြစ်ပါသတဲ့။ မြောက်ကိုရီးယားနိုင်ငံသားကိုလည်းဖမ်းထားတယ်။ နောက်ထပ် ၇ ယောက်ကိုလည်း မလေးရှားရဲက အလိုရှိနေတယ်။ မြောက်ကိုရီးယားအစိုးရက ငြင်းဆိုထားပေမယ့် သူ့လက်ချက်လို့ အားလုံးကသံသယရှိကြတယ်။ ဒေါက်တာတင့်ဆွေ ၂၅-၂-၂ဝ၁၇

ကျီစယ်လို့ရေးရပါတယ်

Image
ကျီ ကျီစယ်သည်။ ကျီစားသည်။ ကျီကြတိုက်တာ။ ကျီလုံး။ ကျီသီး။ စပါးကျီ။ မီးကျီ။ အက်ႌ။ ကြည် စိတ်တည်ကြည်၊ စိတ်ကြည်ကွဲ၊ စိတ်ကြည်နူး၊ ကြည်ညို၊ ကြည်ဖြူသည်၊ ကြည်မြ၊ ကြည်လင်၊ ကြည်သာ။ ယုံကြည်၊ အကြည်တော်၊ ရေကြည်၊ ဒေါက်တာတင့်ဆွေ

Daily Alms ဆွမ်းတော်ဗျို့

Image
ငယ်တုံးက ဇာတိမင်းရွာမှာ ဆွမ်းခံတာ တခါနှစ်ခါလိုက်ဖူးတယ်။ ဆိုင်းထမ်းတော့ မထမ်းဘူးခဲ့ရပါ။ ဆွမ်းတော်ဗျို့လည်း မအော်တတ်။ စာအံအပြီးမှာ ဆွမ်းကျန်တော့ အကြိမ်များစွာ စားခဲ့တယ်။ ဘုန်းကြီးကျောင်းသားရယ်လို့မဖြစ်ခဲ့ပါ။ အဲလိုစာတွေလည်း မတတ်ပါ။ မင်းရွာမှာ ပဲဟင်းကို မြေအိုးနဲ့ချက်ပြုပ်ပြီး၊ ထန်းသီးမှုတ်နဲ့ခပ်တာစားပါတယ်။ ဒေါက်တာတင့်ဆွေ ၂၅-၂-၂ဝ၁၅ ၂၅-၂-၂ဝ၁၇ Photo from Kaung Kin Moe

Peasants Day တောင်သူလယ်သမားနေ့သမိုင်း

Image
ကျွန်တော်တို့ငယ်ငယ်က ပြက္ခဒိန်အသစ်ဝယ်ပြီး ဇန္နဝါရီလကိုကြည့်တိုင်း နှစ်ဆန်း (၁) ရက်နေ့ကို သတိမထားပဲမနေမိပါ။ တောင်သူလယ်သမားနေ့ဖြစ်လို့ပါ။ လွတ်လပ်ရေးရကတည်းက ဇန္နဝါရီလ (၁) ရက်နေ့ကိုသာ တောင်သူလယ်သမားနေ့လို့ သတ်မှတ်ထားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက အာဏာသိမ်းလိုက်တယ်။ ဆိုရှယ်လစ်စနစ်ကြေညာတယ်။ အလုပ်သမားတွေ တောင်သူလယ်သမားတွေကို ဦးစားပေးမယ်လို့ ပါတီစာအုပ်တွေ၊ သတင်းစာတွေ၊ ရေဒီယိုနဲ့ တီဗွီတွေ၊ မိန့်ခွန်းတွေထဲမှာ နေ့တိုင်းပါတယ်။ တောင်သူတွေကို ဦးကြီးလို့ပြောင်းခေါ်တယ်။ ၂-၃-၁၉၆၃ ကနေ ၆-၃-၁၉၆၃ နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာမှာ ကျင်းပတဲ့ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲဆုံးဖြတ်ချက်လုပ်ပြီး စစ်အာဏာသိမ်းတဲ့ မတ်လ (၂) ရက်ကိုသာ တောင်သူလယ်သမားနေ့လို့ ပြင်ပြီး သတ်မှတ်လာခဲ့တာ ကနေ့အထိ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် မဆလပါတီပြုတ်မကျခင်လေးမှာ သီးနှံမသွင်းနိုင်တဲ့ဦးကြီးလို့အခေါ်ခံကြရသူတွေ အဖမ်းခံကြရတယ်။ ကျွန်တော့်အမျိုးတွေလည်းပါတယ်။ ဒီနှစ် တောင်သူလယ်သမားနေ့ မတိုင်ခင် သီးနှံဈေးတွေကျနေတယ်လို့ ကွန်မင့်မှာ နှစ်ယောက်ကရေးလာတယ်။ တောင်သူလယ်သမားတွေ စိုက်ပျိုး

ဖြစ်လာရလေ တို့တတွေသည်

Image
မင်္ဂလာပါဆရာ သုဉ်းကိုတော့ ညလေးနဲ့ သုံးတယ်ထင်ပါတယ်။ အလွယ်ရေးကြတာက ထီးသုဉ်း နန်းသုဉ်း ကြငှာန်းသုဉ်း ထင်ပါတယ်။ စာတွေ ပြန်ဖတ် ရှာရမှာ ပျင်းသလိုလို 🙂 ဟုတ့့် သုဉ်းလည်းတွေ့ဘူးတယ်။ ညက အဲဒီစာရေးဘို့လိုက်ရှာတော့ သုည်းလို့ အရင်ထုတ် သတ်ပုံစာအုပ်မှာပါတယ်။ မင်းတုန်းမင်းကြီးလက်ထက်မှာ ထင်ရှားခဲ့တဲ့ ဆီးပန်းနီ (ဆီးဘန်းနီ) ဆရာတော်ရေးသားခဲ့ပါတယ်။ အွန်လိုင်းမှာ တင်ထားတဲ့သတ်ပုံအရသာဖြစ်ပါတယ်။ ကျွန်တော်လည်း မူရင်းရှာရမှာ ပျင်းတယ်။ သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ ကြုံရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့် သြော်ကောင်း၏။ ဒေါက်တာတင့်ဆွေ ၂၅-၂-၂ဝ၁၇

Common Opposites တူညီသော ဆန့်ကျင်ဖက်များ

Image
ကလေးမရသေးသူတွေနဲ့ ရှိနေတဲ့ကိုယ်ဝန်မလိုချင်သူတွေက မမေးတဲ့နေ့ မရှိပါ။ တနေ့တည်းမှာ ၃-၄-၅ ယောက်ကနေ မေးကြတယ်။ ကိုယ်ဝန်မရသေးရင် ဇနီးရော ခင်ပွန်းကိုပါကြည့်ရတယ်။ အမျိုးသမီးမှာ ရာသီလ မှန်နေရမယ်။ မမှန်စေတဲ့အကြောင်းရင်း ရှာရမယ်။ လစဉ်မျိုးဥထွက်နေရမယ်။ မျိုးဥထွက် မထွက် စမ်းရင်သိမယ်။ သားအိမ်နဲ့ မျိုးဥအိမ်တွေမှာ ရောဂါ (အလုံး-အကျိတ်-အိတ်) မရှိရ။ သားအိမ်ပြွန် ပွင့်နေရမယ်။ လိုအပ်ရင် ယောက်ျားသုက်ရည်စစ်ရမယ်။ အရေအတွက်ရော အရည်အသွေးပါမီရမယ်။ ကိုယ်အလေးချိန် များနေရင် လျှော့ပေးမယ်။ လည်ပင်းကြီးဟော်မုန်းလိုအပ်သူ စစ်ရမယ်။ စသည်။ Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း http://doctortintswe.blogspot.com/2015/10/facts-to-get-pregnant.html ကိုဖတ်နိုင်ကြပါတယ်။ တယောက်နဲ့တယောက်မတူကြပါ။ မျိုးဥထွက်ဆေး မေးသူတွေ မျိုးဥမထွက်မှသာ သောက်ရတယ်။ ထွက်-မထွက် စစ်နည်းရော ဆေးသောက်နည်းရော ရေးထားတယ်။ ဖေါလစ်အက်စစ်မေးတယ်။ ရေးထားတယ်။ ကိုယ်ဝန်ရစေတဲ့ဆေး မဟုတ်ပါ။ ရရင်သာ ကလေးဦးနှောက်နဲ့ အာရုံကြော ချို့ယွင်းချက် မပါစေဘို့သာဖြစ်တယ်။ ဗီတာမင်အီးမေးတယ်။ ရေးထားတယ်။ တခြားဟာတွေ မေးကြတယ်။ ရေးထားတယ်။ ကိုယ်ဝန်မလိုချင်သူတွေကို ပြောပါရေ

Fasting diet regenerates diabetic pancreas

Image
အစာလျော့နည်းကနေ ဆီးချိုသရက်ရွက်ကို ပြန်ပြီးအလုပ်လုပ်စေနိုင် ၂၄-၂-၂ဝ၁၇ နေ့ကထွက်တဲ့ ဆီးချိုသတင်းဖြစ်ပါတယ်။ Fasting diet ခေါ်အစားအသောက်ကနေ သရက်ရွက်ကို ပြန်ပြီး အစားဖြစ်လာစေနိုင်တယ်ဆိုတာ စိတ်လှုပ်ရှားဘွယ်ရာသတင်းဖြစ်ပါတယ်။ အရင်ကအလုပ်မလုပ်နိုင်ခဲ့ရာကနေ ပြန်လုပ်လာတာကို ပြောတာပါ။ သကြားဓါတ်ကို ပြန်ထိန်းနိုင်လာတာကို စမ်းသပ်တဲ့ကြွက်တွေမှာ တွေ့လာတယ်။ သကြားဓါတ်ကို ပုံမှန်ဖြစ်နေအောင် ထိန်းပေးတဲ့ အင်စူလင်ဟော်မုန်းကို ပန်ကရိယပ်စ် ခေါ် သရက်ရွက်ကနေ ထုတ်ပေးနေတယ်။ Fasting diet အစားအသောက်ဆိုတာ ကယ်လိုရီနည်းမယ်၊ ပရိုတင်းနည်းမယ်၊ ကာဗွန်ဟိုက်ဒရိတ်နည်းမယ်၊ ဒါပေမယ့် unsaturated-fat မပြည့်ဝဆီများမယ်။ တနည်းအားဖြင့် သားသတ်လွတ်အစာနဲ့ဆင်ပြီး အစေ့အဆံနဲ့ စွပ်ပြုပ်ပါမယ်။ တနေ့မှာ ကယ်လိုရီ ၈ဝဝ ကနေ ၁၁ဝဝ သာရစေမယ်။ အရင်ကလုပ်ခဲ့တဲ့လေ့လာမှုတခုအရ အိုင်းမင်းရင့်ရော်တာကို နှေးစေတယ်လို့လည်း သိထားပါသေးတယ်။ ကြွက်တွေကိုလေ့လာတော့ သရက်ရွက်ထဲမှာရှိတဲ့ ဘီတာဆဲလ်တွေ အသစ်ပြန်ပွားတာတွေ့ရတယ်။ စမ်းသပ်မှုမှာ ဆီးချိုအမျိုးအစား (၁) ရော (၂) မှာပါ အကျိုးရေစေတာဖြစ်တယ်။ ဆီးချိုအမျိုးအစား (၁)ဆိုတာက ခုခံအားစနစ် ကမောက်ကမဖြစ်လို့ဖြစ်တာ။ (၂) ဆိုတာက လူေ