Skip to main content

Posts

Showing posts from 2018

Ashoka သူများမင်း ကိုယ့်မင်းမဟုတ်

မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်ဦးရေက အလွန်များတယ်။ မြန်မာစာပေထဲမှာလည်း ဗုဒ္ဓဝင်စာတွေများတယ်။ ကဗျာတွေ၊  သီချင်းတွေ၊ ဇာတ်တွေနဲ့ ရုပ်ရှင်တွေမှာလည်း လွှမ်းမိုးပါတယ်။ လူကြီးသူမဆုံးမစကားတွေထဲမှာလည်းပါတယ်။ တချို့ အမှတ်လွဲနေကြတာတွေရှိတယ်။

တချို့က အသောကမင်းလို့ရေးတယ်။ တချို့က အာသောကမင်းလို့ရေးတယ်။ အဲဒီဘုရင်စိုးစံခဲ့တဲ့ အိန္ဒိယမှာ Ashoka လို့ ရေးတယ်။ အသံထွက်က အရှောက ဖြစ်တယ်။ မြန်မာ့စွယ်စုံကျမ်းမှာ သီရိဓမ္မာသောကမင်းလို့ ရေးတယ်။ သာသနာပြု မင်းကြီးက မြန်မာပြည်က မဟုတ်ပါ။ ဒေလီမြို့က အရှောကလမ်းမကြီးပေါ်မှာ အခေါက်ပေါင်းများစွာ သွားလာခဲ့ရပါတယ်။

သြရိသဟာ ပါဠိမဟုတ်ပါ။ အိန္ဒိယနိုင်ငံတောင်ပိုင်းက ပြည်နယ်တခုကို Odisha သြရိသလို့ ခေါ်တယ်။ အသံထွက်က အော်ရိသျှလို့ထွက်တာက နီးစပ်တယ်။ အရင်က Orissa လို့ခေါ်တာကို ပြောင်းလိုက်တာ။ ဘင်္ဂလား ပင်လယ်ကမ်းခြေမှာ ရှိတယ်။ ကာလင်္ဂမင်းဆက်စိုးစံခဲ့ရာဖြစ်တယ်။ မောရိယဧကရာဇ် Ashoka အာသောက လာပြီး ထိုးဖေါက် သိမ်းပိုက်တာ ခံခဲ့ရတယ်။ Kalinga War ကာလင်္ဂစစ်ပွဲကြီးဆိုတာအဲတာပဲ။ 261 BCE ခုနှစ်မှာ စစ်ဖြစ်ကြတယ်။ ကလိင်္ဂစစ်ပွဲကြီးမှာ အာသောကဘက်က စစ်သည်တသိန်းကျော်နဲ့ ကလိင်္ဂစစ်သည်နဲ့ အရပ်သား တသိန်းခွဲသေဆုံးတယ်။ အလွန်ရက်စ…

Questions on 13-12-2018

ကလုန် ကလုန်

ခဏနေရင် အိပ်ရတော့မယ်။ မနက်ထကလာတဲ့မေးခွန်းတွေက သိပ်အဆင်မချောလှပါ။ ညဦးပိုင်းရောက်တော့ မေးနည်း မကျတာတွေ လာတယ်။

အခုညဥ့်နက်လာပြီ။ ဖုန်းကနေ ကလုန် ကလုန်သံတွေ ဆက်တိုက်ကြားနေရတယ်။ အဲတာ မေးခွန်းတွေ။ အိပ်ရင် ဖုန်းပိတ် အိပ်ရတယ်။ အသံပိတ်ထားတာနဲ့ မရ။

ကလုန်သံတွေမှာ မေးနည်းမှန်ပါစေသတည်း။ သတ်ပုံမမှန်တာက ပြင်ဖတ် ပြင်ရေးလို့ရတယ်။ အထီးအမ မပြောတာကို ဖြေမရ။ ကလေးလူကြီး မသိတာကို မဖြေတတ်။

မနက်ထရင် အဲတာတွေနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂ဝ၁၈

အန္တရာယ်

ညတုန်းက ကလုန်ကလုန်စာရေးပြီး အိပ်တာ ဆုတောင်းကောင်းခဲ့တယ်။ ကနေ့မနက် အသက်-ကျား-မ မပြောပဲမေးတာ တခုသာလာတယ်။ မေးခွန်း ၂ဝ လောက်ဖြေပြီးပြီ။ ရေဒီယိုတခုကမေးတဲ့ ကျန်းမာရေးအင်တာဗျူးတခုလည်း ဖြေပြီးပြီ။

ဆရာရယ် ဒီနေ့ကျနော် medical check-up မှာ LDL 160 နှင့် SGPT 44 ပြပါတယ်။ အန္တရယ်ရှိပါသလား။ ဘယ်ဆရာဝန်နှင့် ပြရမလဲသိချင်ပါတယ်။

အန္တရယ်ကို အန္တရာယ်လို့ပြင်ရမယ်။ အဲလိုမှားနေသူတွေ များတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

Albendazole သန်ချဆေး သို့မဟုတ် အဘလိုလို့ ထင်စေနိုင်တယ်

၁။ ဆရာရှင့် ကျွန်မအသက် ၂၉နှစ်ပါ နို့တိုက်မိခင်ပါ ကလေးက ၁နှစ်၂လရှိပါပြီ ကျွန်မအနေနဲ့…

3 Days Out

တခြားအီးမေးလ်နဲ့ဖွင့်ထားတဲ့ ကျွန်တော့် ဖေ့စ်ဘွတ်ကို လွန်ခဲ့တဲ့ မိနစ်ပိုင်းကစပြီး ၃ ရက်ကြာ သုံးမရဖြစ်သွားပါတယ်။

ဟာနီယာ ခေါ် အူကျတာမေးသူဆီ လင့်ပို့လို့တဲ့။ ဖေ့စ်ဘွတ်ကွန်မြူနတီစည်းကမ်းအရတဲ့။ အရင်ကလည်း အဲလိုခံရတာ ၃-၄ ကြိမ်ရှိပြီ။

အဲဒီနေရာကိုသာ လူအများဆုံးသိလို့ ဖတ်တဲ့သူများတယ်။ အဲဒီအီးမေးလ်နဲ့လုပ်ထားတဲ့ ပေ့ခ်ျ ၂ ခုလည်းသုံးမရတော့ပါ။ ဆောရီး။

အဲတာတွေနဲ့ ဆက်ထားတဲ့ မက်ဆေ့တွေ မက်စင်ဂျာတွေကနေ မေးတာတွေများတယ်။ ပြန်ဖြေလို့ ရ မရ မသိပါ။ ဆောရီး။ သိတဲ့သူတွေ သတင်းကို မျှဝေပေးကြစေလိုပါတယ်။ ကျေးဇူး။ ဆောရီး။

ဟာနီယာ၊ ပွေး၊ လိင်လမ်းရေယုံ လင့်တွေကို ဒဏ်ပေးတာတဲ့ အဲတာတွေကို စာတပုဒ်လုံးတော့ တင်လို့ရ ပို့လို့ရသတဲ့။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

အိန္ဒိယသမ္မတ မြန်မာခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ကြိုးပမ်း

13 December 2018 08:27(+0630) (၁ ရက် ခန့်က)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အိန္ဒိယသမ္မတ Ram Nath Kovind
မြန်မာနိုင်ငံရဲ့ တောက်ပတဲ့အနာဂတ် ရည်မှန်းချက်တွေ ပြည့်ဝလာအောင် အိန္ဒိယနိုင်ငံက အကူအညီပေးသွားဖို့ အဆင်သင့်ရှိကြောင်း အိန္ဒိယသမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ်က ရန်ကုန်မြို့မှာ မနေ့ညက ပြောဆိုလိုက်ပါတယ်။ အိန္ဒိယသမ္မတရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ရေးအပါအဝင်၊ သိပ္ပံနဲ့နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ တရားရေးကဏ္ဍ စွမ်းရည်မြှင့်တင်ရေးအတွက် အကူအညီတွေ ပေးသွားဖို့အတွက် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာတွေ ရေးထိုးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံက အကူအညီပေးတယ်ဆိုပေမယ့် အခြားနိုင်ငံတွေလို အင်တိုက် အားတိုက် လုပ်ပေးတာမျိုး မဟုတ်ပဲ၊ ဖြေးဖြေးမှန်မှန်သာ လုပ်ပေးလေ့ရှိတာကို သတိပြုသင့်တယ်လို့ အိန္ဒိယရေး ကျွမ်းကျင်သူက သုံးသပ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

မြန်မာနိုင်ငံက ရည်မှန်းထားတဲ့ အတောက်ပဆုံးအနာဂတ်တွေ ပြည့်ဝလာအောင် အိန္ဒိယနိုင်ငံအနေနဲ့ အကူအညီပေးသွားဖို့ အဆင်သင့်ရှိကြောင်း အိန္ဒိယ သမ္မတ Ram Nath Kovind ရမ်နက်သ် …

Baking Soda Uses & Remedies မုန့်ဖုတ်ဆိုဒါ အသုံးဝင်ပုံများ

ဆရာ မုန့်လုပ်တဲ့နေရာမှာသုံးတဲ့ soda အမှုန့်ကို ထမင်းထဲ ထည့်ချက်ရင် ဆိုကျိုးဘာဖြစ်နိုင်သလဲဆရာ။ ကျွန်တော် ဘဝမယ် တခါမှမကြားဘူးတာ တွေ့နေရလို့ပါဆရာ။

ဆော်ဒါမှုန့်ဆိုတာ သူ့နေရာနဲ့သူသာ သုံးသင့်တယ်။ ထမင်းထဲထည့်မချက်ကြပါ။ အဆန်းထွင်တာတွေတိုင်းကို သတိထားရတယ်။ ဆော်ဒါမှုန့်က အစာအိမ်အက်စစ်ဓါတ်ကို ပျယ်စေတယ်။ ဆော်ဒါထဲမှာ ဆိုဒီယမ်ဓါတ်ပါတယ်။ သွေးတိုးရှိသူ မသင့်။ ဆော်ဒါကို လက်တွေ့အသုံးချနည်းစာတပုဒ် ရေးထားတယ်။

မုန့်ဖုတ်ဆိုဒါကို ဓာတုဗေဒလို ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ဖြစ်တယ်။ မုန့်လုပ်ရာမှာသာမက အသုံးကျတာတွေက များလှတယ်။ အစွန်းတွေဖယ်နိုင်တယ်။ သန့်ရှင်းရေးလုပ်နိုင်တယ်။ ထိခိုက်ဒဏ်ရာရတာမှာလည်း သုံးနိုင်တယ်။ ဗိုက်နာတာသုံးတာတော့ အတော်များများသိတယ်။ အက်စစ်ဓါတ်ကို ပျယ်စေလို့ပါ။ ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတွေမှာလည်း သုံးနိုင်ပါသေးတယ်။ မှိုပိုးတွေ၊ ပါရာဆိုက်တွေကိုလည်းနိုင်တယ်။ ဂေါက်ကြောင့် နာတာကိုလည်း သက်သာစေနိုင်တယ်။ ဆီးလမ်းပိုးအတွက်လည်းသုံးတယ်။

1. Natural Deodorant သဘာဝနည်းနဲ့ အနံ့ပျယ်စေတယ်။ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရေရောပြီး ခပ်ပြစ်ပြစ် လုပ်သုံးရတယ်။ ချိုင်းနဲ့ ခြေထောက်လိမ်းရတယ်။

2. Face Exfoliator မျက်နှာအရေပြားခြောက…

Elected date for C-Section ဗိုက်ခွဲမွေးတာ ဘယ်နှစ်လမှာ အကောင်းဆုံးလဲ

မင်္ဂလာနံနက်ခင်းပါဆရာ။ သမီးက မန္တလေးကပါ။ အခုသမီးကိုယ်ဝန်က ၆ လပါ။ မွေးမယ့် date ပေးထားတာ ၄ လပိုင်း ၁၂ ရက်နေ့ပါ။ သင်္ကြန်အကြိုနေ့ဖြစ်နေတယ်ဆရာ။ အဲဒါခွဲမွေးမှာဆိုတော့ တလလောက်စောမွေးလို့ရပါသလားဆရာ။

ကိုယ်ဝန် ၃၇-၃၈ ပါတ်နဲ့ မွေးလာမဲ့ကလေး ကောင်းကောင်းရှင်သန်နိုင်တယ်ဆိုတဲ့အယူအဆ ရှိထားပါတယ်။ ဒါကြောင့် အရင်ကဆိုရင် ကိုယ်ဝန် ၃၇ နဲ့ ၃၈ ပါတ်ကတည်းကခွဲမွေးကြတယ်။ ဒါပေမဲ့ ၂ဝ၁၁ ထဲမှာ ၄% ကျဆင်းလာပါတယ်။ ၃၉ ပါတ်နဲ့ ၄ဝ ပါတ်ထဲရောက်မှသာ ခွဲလာကြပါတယ်။ တကယ်မွေဘို့ခန့်မှန်းရက်နဲ့ နီးလေလေ ကောင်းလေလေ ဖြစ်ပါတယ်။

မဖြစ်မနေ ခွဲမွေးရမဲ့ကိုယ်ဝန်ဆိုရင် ၃၉ ပါတ်အထိစောင့်တာ အကောင်းဆုံးဖြစ်ပါတယ်။ ရာနှုန်းပြည့် ကောင်းတာကတော့ ဗိုက်နာတာ၊ ရေမြွာပေါက်တာ၊ သွေးဆင်းတာဆိုတဲ့ မွေးကာနီးလက္ခဏာတခုခု စဖြစ်တာနဲ့ ရိုးရိုးဖြစ်ဖြစ်၊ ခွဲမွေးတာဖြစ်ဖြစ် စတင်ဘို့ဖြစ်ပါတယ်။

စောလို့မသင့်ဘူးဆိုတာ မွေးလာမဲ့ကလေးအတွက်သာဖြစ်ပြီး၊ မိခင်အတွက်ကတော့ အားလပ်ရက်ရွေးတာ၊ နေ့ကောင်း ရက်သာ ရွေးနိုင်တာသာရှိပါတယ်။ Pregnancy Premature labor ကလေးစောမွေးခြင်းကို ဖတ်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၁၂-၂ဝ၁၄
၁၂-၁၂-၂၀၁၈

Miscarriage Prevention ကိုယ်ဝန်မပျက်အောင်

(ကန်တော့)

ဟုတ်ကဲ့ပါ ဆရာ ဒါဆို ဒီကလေးလေးလည်း အဖတ်မတင်တော့ပြန်ဘူးပေါ့ နောက်တခါ ယူတဲ့ အချိန်မှာ အခုလို မဖြစ်အောင် ဘာတွေ ပြင်ဆင်ထားရမလဲရှင့်

ကိုယ်ဝန်ရတိုင်း ကလေးအကောင်းမမွေးတတ်ပါ။ ကိုယ်ဝန်ပျက်တာကို ကိုယ့်ဖါသာကိုယ် မသိလိုက်သူတွေလဲ မနည်းပါ။ ဘာလို့ အလိုလိုပျက်သလဲဆိုတဲ့ အကြောင်းတရားတွေကများတယ်။ ကိုယ်ဝန်မှန်သမျှရဲ့ ၁၅% လောက်ပျက်တယ်။ ကိုယ်ဝန် ၁၂ ပါတ်အတွင်းမှာ အလိုလိုပျက်ကျတာကို Miscarriage ခေါ်တယ်။ တမင်ဖျက်တာကိုမှ Abortion ခေါ်တယ်။ ၇၅% က ကိုယ်ဝန် ၁၂ ပါတ်အတွင်းမှာ ပျက်တယ်။ ကိုယ်ဝန် ရှိ-မရှိကို hCG အချင်းဟော်မုန်းစစ်ရတယ်။ အပေါင်းပြရင် ဆေးစာအရ ဓါတုနည်းနဲ့သေချာတဲ့ ကိုယ်ဝန်လို့ခေါ်တယ်။ အာလ်ထွာဆောင်းနဲ့ စစ်လို့ရလာရင်တော့ အတည်ပြု ကိုယ်ဝန်လို့ သတ်မှတ်တယ်။ ကိုယ်ဝန်ပျက်တာ အများစုက ဒီနောက်အဆင့်မှာဖြစ်ကြတယ်။

ပျက်စေတဲ့အကြောင်းတရားတွေထဲမှာ Genetic (Chromosomal) အသက်ကြီးသူတွေမှာ ဒါမျိုးကို ပိုတွေ့ရတယ်။ ၄၂ နှစ်ကျော်ရင် ၂ ဆဖြစ်တယ်။ ၆ဝ%က မျိုးဗီဇချို့ယွင်းလို့ဖြစ်တယ်။ မျိုးဗီဇအခြေခံကြောင့်ဆိုရင်တော့ ဆရာဝန်လဲ မတတ်နိုင်ပါ။ သားအိမ်ကချို့ယွင်းတာထဲမှာ မွေးရာပါ သားအိမ်အခန်း ၂ ခုဖြစ်နေတာ၊ သားအိမ် နှစ်ခုတွဲ ဖြစ်နေတာတွေအပြ…

Pregnancy Ultrasound Result ကိုယ်ဝန်ဆောင် အာထွာဆောင်းအဖြေဖတ်ခြင်း

ဆရာရှင့် ကျမ အသက် ၂၆ အိမ်ထောင်သက် ၁နှစ် သားဦးကိုယ်ဝန်လေးကို ၃လနဲ့ ၅ရက်မှာ နှလုံးခုန်ရပ်လို့ ခြစ်ခဲ့ရပါတယ် ၄လအကြာ အခုကိုယ်ဝန်ကိုရပါတယ် ကိုယ်ဝန်ကတော့ ၆ ပတ်နဲ့ ၅ရက်ရှိပါပြီရှင့် ultrasound ရိုက်တာ ရိုက်တဲ့ဆရာကတော့ ကလေးတွေ့တယ် နေရာမှန်တယ် နှလုံးမခုန်သေးဘူး ပြောပါတယ်ရှင့် OG ကတော့ ကလေး မတွေ့သေး နှလုံးမခုန်သေးလို့ ပြောပါတယ်ရှင့် ထပ်လည်း မမေးရဲ နားလည်း မလည် စိတ်လည်း ပူနေတာမို့ ultrasound လေး ဖတ်ကြည့်ပေးဖို့ အကူအညီတောင်းရတာပါရှင်

ထပ်စစ်ရမယ်။ ပုံမှန်ကိုယ်ဝန်လို့ ပြောမရသေး။ ဆောရီး။

ကလေးမဖြစ်ဖို့ များလားဆရာ စိတ်ပူနေလို့ပါရှင်

မျိုးဥနဲ့ သုက်ပိုးပေါင်းစပ်ပြီး ၆-၇ ရက်မှာ သားအိမ်အတွင်းဆုံးအလွှာမှာတွယ်ကပ်ရင် သန္ဓေတည်ပြီလို့ ပြောနိုင်တယ်။ အာထွာဆောင်းရိုက်ရင် တဆင့်ပြီး တဆင့်ပေါ်တယ်။ ကိုယ်ဝန်သက် ၆ ပတ်ကစပြီး ကလေးနှလုံးလှုပ်ရှားမှုကို အာထွာဆောင်းနဲ့ သိနိုင်တယ်။ အစောဆုံး ၄ ပတ်နဲ့လည်း သိနိုင်တာရှိတယ်။ ၆ ပတ်ခွဲထက် နောက်မကျ။

Gestational sac ခေါ် အိတ်ကလေးကို ၄ ပတ်ခွဲကစပြီး မြင်ရမယ်။

Yolk sac ခေါ် အိတ်ကလေးကို ၅ ပတ်ကစမြင်ရမယ်။

Embryo ခေါ် သန္ဓေသားကို ၅ ပတ်ခွဲမှာ စမြင်ရမယ်။

Heartbeat ခေါ် ကလေးနှလုံးခုတ်နေတာကို ၆ ပတ်ကစပြီ…

Questions on 11-12-2018

Asthma ကိုယ်ဝန်နဲ့ ပန်းနာ

၁။ ဆရာရှင် ကျမ အသက်က ၃၂နှစ်ပါ ကျမ မှာ ရင်ကြပ်ရောဂါ ရှိပါတယ် ကိုယ်ဝန်က ၄လထဲမှာပါ ကျမတို့ဒေသက ဆရာဝန်က ရင်ကြပ်ရောဂါရှိလို့ ကလေးဖွားတဲ့အခါ ခွဲမွေးလို့မဖြစ်ဘူးလို့ပြောပါတယ် ခွဲမွေးလို့ရပါ့မလား ဆရာ

မေ့ဆေးဆရာဝန်က ဆုံးဖြတ်ပါတယ်။ ပန်းနာလား မသိ။ ပန်းနာဆိုတာ ဘယ်အချိန်ထကြပ်သလဲလည်းရှိ။ မေ့ဆေးလည်းရွေးနိုင်တယ်။ တင်ကြိုပြောရတာ ခက်တတ်တယ်။ ကျွန်တော့်မွေးလူနာတယောက် ကြုံရဘူးတယ်။

Asthma (2) ပန်းနာ အဆက် https://doctortintswe.blogspot.com/2014/11/asthma-2.html

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈

ဆီးလမ်း မေးခွန်းများ

(ကန်တော့)

၁။ အသက်က ၃၃ပါ ယောက်ျားလေးပါ ခဏခဏဖျားပါတယ် ခေါင်းအုံနေပါတယ် ခါးကျောက်ကပ်နေရာကကိုက်ပါတယ် ဆီးသွားရင် ပထမအနှစ်အဖတ်နည်းနည်းပါပြီးမှ ပုံမှန်ဆီးအရောင်သွားပါတယ်။

ကျောက်ကပ်အတွက် ဓါတ်မှန် သို့မဟုတ် အာထွာဆောင်းရိုက်ပါသလား။ ဆီးစစ်ပါသလား။ ဖျားစေတဲ့အကြောင်း အမျိုးမျိုးရှိတယ်။ ဆီးလမ်းပိုးဝင်တာလည်း အပါအဝင်ဖြစ်တယ်။

၂။ ကန်တော့ပါတယ်ဆရာ ဆရာခင်ဗျာ ကျွှန်တော့အနေနဲ့ ဆီးကျင် ခြင်းဆီးအောင့်ခြင်း ဖြစ်ပေါ်နေပါတယ် အဲ့ဒါ ကာလသား လက္ခဏာ လား HIV လက္ခဏာ လားဖြေကြားပေးပါဦးခင်ဗျာ HIV ကူးစက်ရင် ဆီးကျင် ဆီးအေ…

Insect bite အင်းဆက်အကောင် ကိုက်ခြင်း

မင်္ဂလာပါဆရာ သမီးကသုံးနှစ်ပါ ဘာကောင်ကိုက်ကိုက် အနာဖြစ်ဖြစ်သွားတယ်ဆရာ

• အင်းဆက် ခေါ် အဆိပ်ပါတဲ့အကောင်ကိုက်ခြင်းဟာ သာမန်အားဖြင့် မဆိုးပါ။
• နာမယ်၊ ယားမယ်။ နီမြန်းမယ်။ ရောင်မယ်။ ထုံမယ်။ ပူလောင်မယ်။ ကျင်မယ်။
• ဆိုးလျှင် အသက်ရှူခက်မယ်။ အားယုတ်မယ်။
• အဆိုးဆုံးက (ရှော့ခ်) ရတတ်တယ်။
• ဖြစ်နိုင်လျှင် အဆိပ်ပါသည့် အစွယ်ကို နှုတ်ပါ။
• နေရာကို ဆပ်ပြာရေဖြင့် ဆေးပါ။
• ရေခဲတင်ပေးပါ။
• Anti-itch ဆေးရည်လိမ်းပါ။
• သို့မဟုတ် Calamine lotion (ကာလမင်း) ဆေးရည် လိမ်းပေးပါ။
• လိုအပ်လျှင် Antihistamine (Cetrizine) (အင်တီဟစ်တမင်း) စားဆေးပေးပါ။
• လူနာကို နှစ်သိမ့်ပေးပါ။
• အသက်ရှူမှု စစ်ဆေးပါ။
• အဝတ်အစားများ တင်းကြပ်မနေစေရာ။
• လိုအပ်လျှင် CPR (စီ၊ ပီ၊ အာရ်) လုပ်ပါ။
• Shock (ရှော့ခ်) ဖြစ်လျှင်ကုပါ။

ဖစ် ၂ လုံးကို ပြင်လိုက်တယ်။ မြန်မာစာမှာ နာမည်ကလွဲရင် ဖစ် မရှိပါ။

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈

မေးနည်း ဝိသေသ

ကွန်မင့်တခုရတယ်။ ဆရာကျန်းမာရေးအကြောင်းလေးဆွေးနွေးလို့ရလားခင်ဗျ တဲ့။ မေးနည်းနေရာ မသိသူဖြစ်ပါတယ်။

ဒီစာမှာရေးလိုတာက မေးနည်းစည်းကမ်း မဟုတ်ပါ။ ဆွေးနွေးဆိုတာပါ။

ကျွန်တော်က မက်ဆင်ဂျာ၊ ချတ်နဲ့ အီးမေးလ်တွေကနေ ကျန်းမာရေး၊ နိုင်ငံရေး၊ သုတတွေကို ဆွေးနွေးတာမျိုး မလုပ်ပါ။ တခွန်းမေးလိုက် တခွန်းဖြေလိုက်လည်း လုပ်ချိန်မရှိပါ။

ဆွေးနွေးတယ်ဆိုတာက အပြန်အလှန် သူ့အမြင် ကိုယ်အမြင်တွေ ဖလှယ်ကြတာဖြစ်တယ်။ တနည်းအားဖြင့် ဆရာဝန်အချင်ချင်း၊ လူနာအချင်းချင်းသာ လုပ်ရတာဖြစ်ပါတယ်။

ဒီဘိတ် ဆိုတာကတော့ အမြင်မတူလောက်သူတွေကို ဖိတ်ပြီး ပြောစေတာဖြစ်တယ်။ အင်တာဗျူးက တမျိုး။

အခုကွန်မင့်က နမူနာသာဖြစ်ပါတယ်။ အဲလိုရေးလာသူ မနည်းလှပါ။ တချို့က အလင်းပြပါ၊ လမ်းပြပါလို့ မှားရေးကြတယ်။ အဲလိုပြောရတာမျိုးက ဗိန္ဓောဆရာ၊ မျက်လှည့်ဆရာ၊ ပျောက်စေဆရာတွေကိုသာ သုံးပါတယ်။

ဆရာဝန်ကိုမေးရင် ရိုးရိုးလေးသာသင့်တယ်။ သိချင်ပါတယ်။ ပျောက်အောင်ဘယ်လိုလုပ်ရမလဲ။

စိုးရိမ်ရလားလို့သာ မေးတာလည်း မသင့်ပါ။ စိုးရိမ်မှုဆိုတာ လူတွေက မတူကြပါ။ တချို့က ကြံဖန်ပြီးကြောက်တယ်။ တချို့က တကယ်ဆိုးတာကို အလေးမထားတတ်ကြပါ။ စိုးရိမ်ရတယ် မစိုးရိမ်ရပါပြောတာနဲ့ ရောဂါ မပျောက်ပါ။ ရောဂါအကြောင်း မသိနိုင…

ပြည်ပြေးတယောက် ဟိုရောက် သည်ရောက်

ဒေလီကနေ ဂဝါဟာတီကို ရထားနဲ့ ၂ ညအိပ် ၂ ရက်စီး၊ နောက် အိုက်ဇောလ်ကို ကားနဲ့ သွားရတယ်။ အဲဒီလမ်းမှာ ကားနားပြီး၊ မီဇိုနေ့လယ်စာ (ဝက်သားနဲ့ မုန်ညင်းရွက်ပြုတ် + မီဇိုငရုပ်သီးထောင်း) စားဘို့ စောင့်နေစဉ်က။ ခုနှစ်ကို မမှတ်မိတော့ပါ။ အဲလိုအခေါက်ပေါင်း မရေမတွက်နိုင်အောင်သွားလာခဲ့ရတယ်။

၉-၂-၂ဝဝ၈ ထိုင်း-မြန်မာနယ်စပ် နောက်ဆုံးရောက်ခဲ့တဲ့ခရီး၊ အစည်းအဝေးနားချိန်၊ နောက်ကျောဖက်မှာက မြန်မာပြည်။ ထိုင်းနယ်စပ်ကိုလည်း အခေါက်ပေါင်း မရေမတွက်သွားခဲ့ရတယ်။

နှစ်တွေကြာတော့ ဝလာတယ်။ နိုင်ငံရေးလုပ်လို့ စားတာဝါးတာလို့ ပြောခံရတယ်။

ခပ်ကြွားကြွားပို့စ်တွေ ထင်တာ မနည်းလှပါ။ ဆောရီး။ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်နိုင်ငံရေးရဲ့ ဗဟိုအချက်အချာ နေရာတခုဖြစ်တဲ့ ကက်ပီတော်ဟေးလ်ရှေ့မှာ ရိုက်ထားတဲ့ပုံလည်းပါတယ်။

နောက်ကြွားစရာတခုကတော့ ၁၉၉၃ ခုနှစ်တုန်းက ဗုဒ္ဓဂါယာ မြန်မာဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ ဆံသခဲ့ပါတယ်။ ဖိနပ်လည်း နှစ်ရံပိုင်တယ်။ ကန်တော့။ Smile!

ဒေါက်တာတင့်ဆွေ

ကျွန်တော် ကမ္ဘောဒီးယားနိုင်ငံကို ၁၉၉၈ ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာသူအဖြစ် ပဌမဆုံးရောက်ခဲ့တယ်။ ကမ်ပေါင်ချနန်ခေါ် တောနယ်အထိ သွားရတယ်။

မဲခေါင်မြစ်ကြီး စီးနေတယ်။ ရေထဲမှာ လှေတွေ၊ မော်တေ…

Girl Friend စကားထာ စကားပုံ စကားဝှက် စကားလိမ်

ဆရာ ခွေးလျှားသီး ဘိုင်စကယ်ကို စကားထာဆိုပြီး ကျွန်တော် တင်လိုက်မိတယ် တယောက်က စကားလိမ်လို့ ပြောပါတယ်။ နောက်တယောက်က စကားဝှက်လို့ ပြောပါတယ်။ ဘယ်ဟာကအမှန်လဲ မခွဲခြားတတ်တော့ဘူး။

စကားထာက တမျိုး။ စကားဝှက်က တမျိုး။ စကားပုံက တမျိုး။ ဘန်းစကားက တမျိုး။

ခွေးလှေးယားသီးက ယား၊ ဘိုင်စကယ်က စီး၊ ယားစီ = ရည်စားဆိုတာ စကားထားဝှက်တာ။

စကားထာနမူနာတွေ -
တနှစ်တခါ ပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း = မှို

သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း = ခေါင်းခုအဝတ်

စကားဝှက်ဆိုတာ လုံခြုံရေးအရ ဖတ်တဲ့သူတွေ မသိအောင်ရေးနည်းကိုခေါ်တယ်။ နည်းတွေအမျိုးမျိုး ထွင်သုံးကြရတယ်။ ဥပမာ စခန်း (၁) ကလူကို စာကလေး၊ (၂) ကလူကို စပယ်လို့ အစကတည်းက သတ်မှတ်ပေးထားတာမျိုး။

စကားပုံဥပမာတွေက -
အကျိုးဆော့ အကန်းမော့။ အချစ်ကြီးတော့ အမျက်ကြီး။

ဘန်းစကားဥပမာတွေက -
ကလီကမာလုပ်သည်။ ကလိန်စေ့ငြမ်းဆင်သည်။

မှန်စာ ခေါ် ကြေးမုံစာဆိုတာလည်းရှိတယ်။ ဘီးကြိုက် = ဗိုက်ကြီး။ (ကန်တော့)

ဖေ့စ်ဘွတ်မှာ ကင်ဆာပျောက်တယ်၊ ဘာပျောက်တယ်ဆိုတဲ့ တခါမှမကြားဘူးတဲ့ အသီးအစေ့တွေကို ဆေးနည်း ပေးကြတာက စကားလိမ်။ မုသား။ အမှား။ တချို့က လိမ်ချင်တယ်။ တချို့က အလိမ်ခံချင်တယ်။

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈

အော်ဂဲနစ် မုံ့ဟင်းခါး

လူတွေစားတဲ့ အသားတွေထဲပါဆေးများပို့စ်အောက်မှာ ကွန်မင့်တခုရတယ်။ ရှားနေပါပြီ၊ ကိုယ်တိုင် စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်တာ မလုပ်နိုင်တော့ ဝယ်စားနေရသမျှ organic ဟုတ်မဟုတ်လဲ မသိနိုင်ပါဘူး တဲ့။

ဟုတ်မယ်။ မြန်မာပြည်မှာသာမကပါ တခြားနိုင်ငံတွေမှာလည်း အော်ဂဲနစ်လို့ခေါ်တာတွေ မနည်းလိုက်ရှာမှသာရတယ်။

ကနေ့ အိမ်မှာ မုံ့ဟင်းခါးချက်တယ်။ ဟင်းချိုမှုန့်မသုံး။ ငန်ပြာရည်မထည့်။ ဆောဒါနဲ့ကြော်တဲ့ အကြော်လည်းမပါ။

အရည်နည်းနည်းကျဲသွားသတဲ့။ သမီးချက်ရင်လည်း အဲလို ခပ်ကျဲကျဲမှ။ စားရသူကတော့ ဆိုင်ပြောင်းစားရသလို။

ကျွန်တော်က ထမင်းဟင်း မချက်တတ်ပါ။ အစားအသောက်တွေသာမက ဘယ်အရာမဆို အော်ဂဲနစ်စေချင်တယ်။ နောက်ပေါ်တွေ စိတ်မချရ။ မွန်းဂါးတို့ မွတ်ငါးတို့ ပျောက်ကုန်ပြီ။ နောက်ပြင်တွေက စိတ်မချရပါ။ လှိုင်ပေါလည်အောင် များနေတာက အော်ဂဲနစ်မဟုတ်တော့တဲ့ မြန်မာစာ။ တဆိုရင် တစ်တဲ့။ အသားမှုန့်ထည့်ရေးကြတယ်။ မုံ့ကိုလည်း မုန့်တဲ့။ ဆော်ဒါထည့် ရေးကြတယ်။ သမတကိုလည်း သမ္မတတဲ့။ ဒါမှ ၂၀၀၈ နဲ့ညီတယ်တဲ့။ အော်ဂဲနစ်မဟုတ်ရင် လျှာမတွေ့ကြတော့သူတွေက များလွန်းလှတယ်။

Organic Food အော်ဂဲနစ် https://doctortintswe.blogspot.com/2018/11/organic-food.html
Organic Food (အော်ဂဲနစ်) ht…

Attache Case ဆရာဝန်ဘဝနဲ့ နိုင်ငံရေးဘဝ

ကွန်မင့်တခု ရတယ်။ တခေတ်တခါကခေတ်စားခဲ့တဲ့ Attache Case နဲ့ဆရာ တဲ့။

ဟုတ်။ ပိုက်ဆံမယူတဲ့လူနာက ကန်တော့တာ။

ကျွန်တော်က ဆရာဝန်လုပ်ပြီးနောက် နိုင်ငံရေးထဲရောက်တယ်။ နိုင်ငံရေးစလုပ်ကတည်းက ဆရာဝန်လုပ်စဉ်က ကျွန်တော့်ဇနီး စုဆောင်းထားတာလေးတွေထဲကနေ သုံးရတယ်။ ပြည်ပထွက်တာ့ ထုခွဲရောင်းချရတယ်။ ကြာတော့ ကုန်ရော။

ဆရာဝန်လုပ်ခဲ့စဉ်က ဘုန်းကြီးနဲ့ သီလရှင်တွေကို ကိုယ်ပိုင်အချိန်မှာဆေးကုပေးရလည်း ပိုက်ဆံမယူပါ။ မယူတော့ ပိုရတယ်လို့ စာလေးတပုဒ်မှာ ရေးထားတယ်။ ဘုန်းကြီးကျောင်းတွေ သီလရှင်တိုက်တွေ သွားတိုင်း စားကောင်း သောက်ဖွယ်တွေက အလျှံပယ်။ အပြန်မှာ ဆပ်ပြာခဲ သွားတိုက်ဆေး မျက်နှာသုတ်ပုဝါ စတာတွေလည်း စွန့်လိုက်သေးတာ။

ခင်မင်ရင်းနှီးသူတွေဆီကနေလည်း ပိုက်ဆံမတောင်းပါ။ ဆရာဝန်အမျိုးတိုင်းဆီကနေလည်း အခကြေးငွေမယူပါ။ အဲတာကတော့ ဆရာဝန်ပဋိညာဉ်အရ။

တခါက တာဝန်ကြီးတခုရှိသူတဦးရဲ့မိသားစုဝင်တယောက်ကို ခွဲစိတ်ပေးတော့ အတာချီကေ့စ် ခေါ် ဘရိကေ့စ် ခေါ် လက်ဆွဲအိတ်လုံး လက်ဆောင်ပေးပါတယ်။ Gift or Bribe ဆရာဝန် လက်ဆောင်ယူခဲ့ခြင်းလို့ ရေးထားတယ်။ အဲတာကို ဂန္ဒီခမ်းမအစည်းအဝေးမှာ ကိုင်ခဲ့တယ်။

ကျွန်တော့်ဆရာဝန်ဘဝနဲ့ နိုင်ငံရေးဘဝ ခွဲမရပါ။

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈

Once a Day Meds တနေ့တကြိမ်ဆေးများ

စိတ်ကျရောဂါဆေး၊ အလာဂျီဆေး၊ ရင်ပူဆေး စတာတွေကို တနေ့မှာ တကြိမ်တည်းသာ သောက်ရတယ်။ လူတွေမှာ ရစ်သမ် ခေါ် အပင် ခေါ် နေ့စဉ်ဖြစ်နေတဲ့သဘောဆိုတာ ရှိတယ်။ အိပ်ချိန်၊ ဟော်မုန်းတွေ ထွက်တဲ့အချိန် စတာမျိုးက သူ့အချိန်နဲ့သူ ဖြစ်တယ်။ ဆေးတွေကို သတ်မှတ်ပေးထားတဲ့အချိန်မျိုးသောက်မှသာ ပိုပြီးထိရောက်တယ်။

Depression meds စိတ်ကျဆေးကို မနက်မှာသောက်ပါ။ SSRIs ဆေးတွေကို ပြောတာဖြစ်တယ်။
Osteoporosis meds ခေါ် အရိုးအားနည်းရောဂါဆေးကိုလည်း မနက်မှာသောက်ပါ။ Boniva နဲ့ Fosamax လို bisphosphonate ဖေါ့စ်ဖိတ် ပါတဲ့ဆေးတွေကိုပြောတာ။
Heartburn meds ခေါ် ရင်ပူသက်သောစေတဲ့ဆေးကို ညစာစားချိန်မှာသောက်ပါ။ အစာအိမ်က အက်စစ်ဓါတ်ကို ည ၁၀ နာရီကနေ သန်ကောင်ကျော်၂ နာရီအတွင်း အများဆုံးထုတ်နေတယ်။ Pepcid နဲ့ Zantac ဆေးတွေကို ညနေစာမစားခင် ၃၀ မိနစ်ကြိုတင်သောက်တာ အကောင်းဆုံးဖြစ်တယ်။
Allergy meds ခေါ် အလာဂျီဆေးကို ဒင်နာစားချိန်မှာသောက်ပါ။ Claritin နဲ့ Cetrizine ဆေးတွေကို တညတပြားလို့ ရေးတင်ထားတယ်။ ဆေးသောက်ပြီးနောက် ၈ နာဂီကနေ ၁၂ နာရီမှာ ဆေးအစွမ်း အကောင်းဆုံးပြတယ်။ အလာဂျီ သိပ်ဆိုးတဲ့သူတွေကတော့ antihistamines ဆေးကို တနေ့မှာ ၂ ကြိမ်အထိသောက်နိုင်တယ်။
Cholester…

Antique Books စာအုပ်ဟောင်းဖတ်ခြင်း

ကနေ့ နှမအရင်း အငယ်မွေးနေ့။ စောစောက ညီအရင်းကနေ သတင်းပေးတယ်။ အကိုအရင်း ကျန်းမာရေး နနေပြီတဲ့။

ဆုံးသွားပြီဖြစ်တဲ့ အမတဝမ်းကွဲတယောက်ရဲ့ခင်ပွန်း ၈၄ နှစ်မွေးနေ့။ ဦးလေးအရင်းကလည်း ၈၄ နှစ်မွေးနေ့။

လူအများစုဟာ အသက်ရလေလေ တည်ငြိမ်ရင့်ကျက်လေ။ ပြည့်ဝလေ။

လူတိုင်းမှာ စာမျက်နှာတွေရှိကြတယ်။ ကိုယ့်စာအုပ်ကို ရေးကြတယ်။ ထူတဲ့စာအုပ်က ထူတယ်။ မင်နဲ့ မရေးတာလည်း ထင်ကျန်ရစ်တယ်။

စာအုပ်ဟောင်းတွေကို ပြန်ဖတ်ရတာ ပညာအစစ်တွေရတယ်။ ပိုးထိုးခြစားနေလည်း အဖြစ်အမှန်ကို သတ်ပုံမှန်နဲ့ ရေးတာတွေသာ ဖတ်ချင်တယ်။

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈

ပဲလက်ကောက်ကြော်

ကောက်ညှင်းနဲ့ရောကြော်တဲ့ပဲကို ညောင်ကန်သူက ပဲလက်ကောက်လို့ ခေါ်ပါသတဲ့။ ကျွန်တော်တို့အရပ်မှာက နတ်တော်ပဲလို့သာ ခေါ်တယ်။ အိန္ဒိယမှာ Lobia pea လို့ခေါ်တယ်။ စာထဲမှာ Cowpea နဲ့ Black-eye pea လို့လည်း ခေါ်ပါသတဲ့။

နတ်တော် ပြာသို ခွာညိုတည့် နှင်းမှုန်မှုန်။ အခုနေတဲ့အရပ်မှာ ခွာညိုပန်းရှားတယ်။ နှင်းကတော့ ကနေ့လည်းမှုန်နေတယ်။

မင်းရွာသားကျွန်တော်က နတ်တော်ပဲကို ကြိုက်တယ်။

ဒေါက်တာတင့်ဆွေ
၁၀-၁၂-၂၀၁၈

တရွာ တမုံ့ဆန်း

၁။ ပဲကဒိုးအဖြူလို့ ခေါ်တယ်

၂။ မုန့်လက်ကောက်ပါ ဆရာ

၃။ ပဲလွမ်း ဒါမှမဟုတ် အခြား ပဲတမျိုးမျိုးနဲ့ ကြော်ထားသောမုန့်။ ယခု ခေါ် မန္တလေး ပဲကပ်ကြော် မုန့်လက်ကောက်က လက်ကောက် ပုံစံ အကွင်းအဝိုင်းလေးပါ

၎။ မုံ့ ကတိုးကွာ လို့ ခေါ်တဲ့ အကြော်

၅။ ပဲလွန်းလား ပဲလွမ်းလားတခု့ခု့ပါ အမျိုးရေများတယ် ပဲနကန်တဲ့ ဆရာပြောတာက နတ်တော်ပြာပဲပါ

၆။ မဟုတ်ပါ အညာခေါလွယ်ပြောမလယ်ပဲုံမုန်ကျော်ပါ

တရပ်တမျိုးခေါ်ကြလို့ တရွာ တပုံဆန်းဆိုသလို၊ တရွာ တမုံ့ဆန်း။

ဒေါက်တာတင့်ဆွေ
၁၀-၁၂-၂ဝ၁၂

မုံ့ဆန်း

ခေါင်းစဉ်ဖတ်ပြီး မုန့်မဟုတ်ဘူးလား ပြောကြမှာသိတယ်။ ကျွန်တော်တို့ သူငယ်တန်းမှာ လ လနတ်တော် မုံ့ဆန်းလှော်လို့ သင်ခဲ့ရတယ်။ မုံ့ဖက်ထုပ်လို့သာ ရေးခဲ့တယ်။

မုန့်လို့ မြန…

Hormones and Antibiotics in Meet လူတွေစားတဲ့ အသားတွေထဲပါဆေးများ

စင်္ကာပူမှာ ကြက်အတောင်ပံကြော်တွေ စားများလို့ သားအိမ်မှာ အလုံးတည်တယ်လို့ တွေ့မိပါတယ်။ သားအိမ်မရှိတဲ့ ယောက်ျားတွေကျ ဘာမှမဖြစ်နိုင်ဘူးလား သိလိုပါတယ်ဆရာ။

လူတွေစားသုံးကြတဲ့အသားတွေထဲမှာ ကျန်းမာရေးအတွက် သတိထားစရာတွေက ဟော်မုန်းနဲ့ ပိုးသေဆေးဆွေဖြစ်တယ်။ အသားတွေထဲမှာ သဘာဝဟော်မုန်းတွေလည်းပါနေတယ်။ estradiol, progesterone, testosterone တွေဖြစ်ကြတယ်။

ဓါတ်ခွဲခန်းထဲမှာ ထုတ်လုပ်တဲ့ trenbolone acetate, progestin -melengestrol acetate နဲ့ zeranol ဟော်မုန်းတွေ ကိုလည်း သုံးကြတယ်။ လူတွေစားသုံးတဲ့အကောင်တွေဟာ ကြီးထွားနှုန်းမြန်လာမယ်။ အသားတိုးမယ်။

နို့စားတိရစ္ဆာန်တွေကို recombinant bovine growth hormone (rBGH) ဆိုတာသုံးကြတယ်။ နို့ထွက်များစေတယ်။ နို့စားနွားတွေကို အဲလိုဆေးသုံးတော့ နို့ထွက်တာ ၁၅% ပိုတယ်။ အမဲသား ၂ဝ% ကြီးထွားမှုမြန်စေတယ်။

ပဋိဇီဝဆေးတွေလည်းသုံးကြတယ်။ အကောင်တွေကိုရောဂါမရအောင်သုံးပေမယ့် အသားထဲမှာပါလာတော့ လူ့ကိုယ်ထဲ ရောက်တယ်။ ယူအက်စ်မှာ ရောင်းရသမျှပဋိဇီဝဆေးတွေ ၈ဝ% က အစားအသောက်ထုတ်လုပ်ရာမှာ သုံးတယ်။

အဲလိုဟော်မုန်းတွေနဲ့ ပိုးသေဆေးတွေအပြင် တိရစ္ဆာန်တွေကြီးထွားစေအောင်နဲ့ အသားတိုအောင် Ractopamine ဆေးကိုလည်း သုံး…

ဆောင်းညများစွာ အလင်္ကာဖြင့် စာပေပွဲတော်

နတ်တော်လကို ပုဂံခေတ်ကျောက်စာတွေမှာ နတ္တာဝ်၊ နတ်တာ်၊ နတ္တဝ်လို့ ရေးသားထားတယ်လို့ဆိုပါတယ်။ နတ်တဝ် လို့လည်း ခေါ်တယ်လို့လည်း ဆိုကြတယ်။

ဒီလထဲမှာ ကောက်ကြီးစပါး ရိတ်သိမ်းကြတယ်။ သဇင်ပန်းနဲ့ ဂမုန်းပန်းတွေ ပွင့်တယ်။

ရှစ်ခွင်ကို မြူဆင်းလို့ ငွေနှင်းတဲ့နုစို၊ ဂမုန်းသဇင်တို့ စုံခွင်မှာ လေချိုညင်းက၊ သုတ်သွင်းဘယ်ညာနှံ့ သင်း ပျံ့ပျံ့ချို၊ (ဖိုးသူတော်ဦးမင်း)

ဆောင်းညများစွာ အလင်္ကာဖြင့် စာပေပွဲတော် ဆင်ကြတယ်။ (တင်မိုး)

စာတော်သာလှ နတ်တော်လလို့ ခေါ်ဆိုပြီး စာဆိုတော်ပွဲကျင်းပတယ်။ နတ်တော်လဆန်း (၁) ရက်နေ့ကို စာဆိုတော်နေ့ အဖြစ် ၁၃ဝ၆ ခုနှစ်ကတည်းက ကျင်းပလာခဲ့လို့ ကျွန်တော့်အသက်ထက် လေးနှစ်ကြီးတယ်။

ဆောင်းဝင်စ လရာသီလည်းဖြစ်တယ်။ အလွန်အေးလာပြီ။

ရှုလေတိုင်းကိုတဲ့ ဝေမှိုင်းငယ်ဖြာဖြာ၊ လေညင်းငယ်လာသည် ဖော်မပါတူစုံကို လွှာခြုံအေးပြန်တော့တယ်လေး။ (မဟာအတုလမင်းကြီး)

မြန်မာ့ဓလေ့အရ မုံ့ဆန်းလှော်စားကြတယ်။ အိန္ဒိယမှာတော့ ဆောင်းဝင်ကတည်းက မြေပဲယို၊ နှမ်းပျစ် စတဲ့ မုံ့မျိုးစုံတွေ ရောင်းချကြတယ်။

ဟေမန်ဆောင်းရက်၊ ဓနုလဂ်နှင့် ပြိုးပြက်လျှံထိန်၊ ဆင်ရာတိမ်လည်း၊ သွန်းချိန်ကာလ၊ သစ်ခွပန်းတင်၊ သဇင်ပန်းပေါ်၊ နတ်တော်ရာသီ၊ မိဂသီနက္ခတ်၊ ဝေဒတ္တရ၊ ကျမ်းမှအလာ၊…

စကားတလုံး၏ ဖြစ်စဉ်

ဇာတ်တူသားကိုစား၍ ဟင်္သာကိုးသောင်းပျက်ရသည် ဟူသောစကားကို ယခုအခါ ကျွန်ုပ်တို့သည် အလွယ်တကူ ကောက်ကာငင်ကာ ပြောဆိုနေကြပြီ။ ရေးသားနေကြပြီ။ ဇာတ်တူသားဆိုသော သဒ္ဒါသုံးခုသည် ဝေါဟာရတလုံးပိုဒ်တခု ဖြစ်နေပြီ။ သူ့ကို အဘိဓာန်တွင် စကားတလုံးအနေဖြင့် ထည့်သွင်း အနက်ဖေါ်ထားသည်ကို နှောင်းခေတ်ထုတ် ယုဒသန်၏ မြန်မာအင်္ဂလိပ် အဘိဓာန်များတွင် တွေ့နေရလေပြီ။ သို့သော်လည်း သူ့၏ဘဝဖြစ်စဉ်ကား ရွေ့ရှား ပြောင်းလဲမှုတို့နှင့် ပြည့်စုံခဲ့သည်။

မိုးဦးကာလ မိုးရွာသောအခါ ဖားသတ္တဝါများ မြူးတူးပျော်ပါးကြသည်။ အတန်ကြာလျှင် ဖားမသည် ဖားဥတို့ကို ဥသည်။ ဖိုဖားဥတို့မှာ ဖားတပိုင်းငါးတပိုင်းခေါ် ဖားလောင်းကလေးများ ပေါက်လာကြသည်။ ထိုဖားလောင်းကလေးများသည် နေပူမှု၊ ရေခန်းမှု၊ ရေစီးထဲမျောပါမှုစသော အန္တရာယ်တို့နှင့် ကြုံကြိုက်ရသဖြင့် များစွာပျက်စီးကြရသည်။ အနည်းငယ်သာလျှင် ဖားသူငယ်ဘဝသို့ ရောက်ကြရသည်။ ထို့ကြောင့်လည်း ကံကောင်းမှ ဖားလောင်း ဖားဖြစ်မည် ဆိုသော စကားပုံ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ဤဖားသတ္တဝါ၏ ဘဝဖြစ်စဉ်သည် အချို့သော ဝေါဟာရစကားလုံးတို့၏ ဘဝဖြစ်စဉ်နှင့် အလွန်တူလေသည်။ ဇာတ်တူသားဆိုသော ဝေါဟာရစကားလုံး၏ ဖြစ်စဉ်သည် ဤဖားသတ္တဝါ၏ ဖြစ်စဉ်နှင့် အထူးတူသည်ဟု ထင်မှတ်မိသည်။

ဆရာ…

Splenectomy ဘေလုံး ထုတ်ထားရသူ

ရောဂါတူ မေးခွန်းတူတွေ တရက်တည်းမှာ လာ့လေရှိတယ်။ နှစ်ပတ်လည်ပို့စ်တွေမှာပါ လာတူနေတာမျိုး မကြာခဏတွေ့ရတယ်။ ဒီမေးခွန်း ၂ ခုဟာ ၂ နှစ်တိတိမှာလာတူနေတယ်။ တခြားရောဂါတွေလည်း အဲလိုဖြစ်လေ့ရှိတယ်။

၁။ ဆရာ မင်္ဂလာပါရှင့်။ ကျွန်မအမျိုးသားကိုယ်စားမေးချင်ပါတယ်ရှင်။ အသက် ၅၀ Male အိမ်ထောင်ရှိ ရင်သွေး၂ဦး။ ဘေလုံးကြီးရောဂါခံစားနေရပြီး လက်ရှိသွေးအထူးကုနှင့် ၂လ ၁ကြိမ် ဆေးကုသမှုခံယူနေရ။ အထူးဆောင်ရန် ရှောင်ရန် အနေအထိုင် အစားအသောက် သိလိုပါတယ်။ ဘယ်လိုအခြေအနေမှာ ဘေလုံးကို ဖြတ်ထုတ်ပစ်ဖို့လိုအပ်လဲသိလိုပါတယ်။

၂။ အသက် ၂၈ ယောက်ကျားလေးတယောက်။ Spleen Enlarge သရက်ရွက်ကြီးနေတာလို့ ဆေးစစ်ချက်အဖြေ ထွက်ပါတယ်ဆရာရှင့်။ ခွဲစိတ်ကုသလို့စိုးရိမ်ရပါသလား သိချင်လို့ပါရှင့်။ အသည်းထိခိုက်မှုတွေ ဆိုးကျိုးရှိတယ် ကြားမိလို့ပါဆရာရှင့်။ တိုင်းတပါးရောက်နေလို့ အခု မြန်မာနိုင်ငံပြန်ပြီး ခွဲစိတ်ကုသရတော့မယ့် အခြေအနေမျိုးပါ ဆရာရှင့်။ အခုသွေးတွေအန်နေလို့ လည်ချောင်းသွေးကြောကို ကုသနေရတဲ့အခြေအနေပါ။ အစာမျိုပြွန်သွေးကြောပေါက်ခြင်း ခေါင်းစဉ် တင်ထားတာလဲ ဖတ်ရပါတယ်ဆရာ။ သရက်ရွက်ခွဲစိတ်ကုသမှုက အသက်ကို ထိခိုက်နိုင်ပါသလားရှင့်။

Spleen ဆိုရင် သရက်ရွက်လို့ မခေါ်သင့်။ ေ…