မောင်သာရက သည်လိုပြောပါသတဲ့

မြန်မာစာအရေးအသား အလေးထားသူတယောက်က ပို့ပါတယ်။

၂၇-၈-၂ဝ၁၅ နေ့က ဆရာမောင်သာရကို လာကန်တော့ကြတဲ့ နာမည်ရ စာရေးဆရာတွေထဲက တဦးကနေ ရေးထားတဲ့ စာထဲမှာ -
၎ နာရီခြား တစ်ခါရှူရတယ်
တစ်ခါတရံကျတော့လည်း
စာမျက်နှာတစ်ထောင်ကျော်
၎ နာရီ တစ်ကြိမ် လေရှူရတဲ့

သူ့စာထဲမှာပဲ ဆရာမောင်သာရက သည်လိုပြောပါသတဲ့။

သတ်ပုံ သတ်ညွှန်း ငါ့မူနဲ့ငါပဲ။ ဦးနေဝင်းလုပ်သွားတဲ့ တစ်တွေ ငါမကြိုက်ဘူး။ ငါ့စာမူ ငါ့မူနဲ့ ငါပဲ။ ငါ့လက်ရေးအတိုင်း ငါ့အထားအသိုအတိုင်း မပြင်နဲ့ ငါမကြိုက်ဘူးလို့ ပါတယ်။

မောင်သာရရေးထားတဲ့ စာအုပ်တအုပ်က ညီအကို မသိတသိ။ ခုခေတ်စာရေးဆရာ ကိုသာရတို့ ကဗျာဆရာမ ခင်သာရတို့က ညီအစ်ကို မသိတစ်သိလို့ ရေးကြတယ်။

ညီအကိုမှန်း မောင်နှမမှန်း သားအဖမှန်း သိကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၈
၁-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး