Acronym အတိုကောက်

မင်္ဂလာပါဆရာ ကျောက်ကပ်ရောဂါက CKG အဆင့်လောက်ဖြစ်နေရင် ဘယ်လိုကုသလို့ရလဲသိချင်လို့ပါ ပြောပြပေးပါဦးဆရာ ကျွန်တော့်အမေဖြစ်နေတာပါ အသက်ကတော့ ၆၀ရှိပါပြီ ဆရာ

CKG ကို မသိပါ။ အဲတာနဲ့ အင်တာနက်ရှာဖွေစက်မှာ ရှာတယ်။
Cardiokymography (redirected from CKG)
Chongqing, Mainland China
Conformal Killing group
Cooperative Key Generation
Compact Knex Gun
Crazy Kid Gang
Canadian Knifemakers Guild
Common Knowledge Groups
Central Kalgoorlie Gold
Cameron K Gallagher

အဲတာတွေ တခုမှ မဖြစ်နိုင်။

ကျွန်တော့်ကို အဲလို အတိုကောက်စာလုံးတွေနဲ့ ပြောလာရင် မေးလာရင် အတော်ဂွကျတယ်။ အများသုံး လူသိများတာမျိုး ဆိုရင် တော်သေးတယ်။ ဥပမာ TB နဲ့ HIV စတာမျိုး။ အဲတာတောင် ကိုယ်ထင်တာ မှန်မယ်လို့ ပြောမရ။ ဥပမာ ARV ကို HIV ဆေးလို့သိလာကြပေမဲ့ ကျွန်တော်တို့ ဆရာဝန်ဖြစ်စမှာ အဲတာက ခွေးရူးကာကွယ်ဆေး။

ဆေးစာတွေမှာသာမကပါ။ ဝတ္ထုတွေ ကဗျာတွေမှာ ရေးတဲ့သူနဲ့ သူ့အသိုင်းအဝန်းလောက်သာ သိလောက်တဲ့ စာလုံးတွေ ထည့်ရေးကြတာတွေကလည်း အတော်ဂွကျတယ်။ ကျွန်တော်က ညံ့တယ်။ တိတိကျကျမပြောရင် မသိဘူး။

Dr. တင့်ဆွေ
၂၃-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး