မတ်လ ၂၇

နှစ်ဆယ့်ခွန် နှစ်ဆယ့်ခွန်
မတ်လ နှစ်ဆယ့်ခွန်။

အားသွန်ကာ တော်လှန်ပစ်
ဖက်ဆစ်ထိုစနစ်။

အမျိုးချစ်တဲ့ပြည်သူတွေ
ညီညွတ်မှုနဲ့လေ။

ဘိုးမွေဘွားမွေ တို့မြေစစ်
တန်ဘိုးထားကာချစ်။

တဆစ်တလက်မ ကျူးကျော်လာ
တိုက်ထုတ်ပစ်ရမှာ။

ရှမ်း ချင်း ဗမာ ကရင် ကယား
တို့ရဲ့သွေးချင်းများ။

မျိုးခြားနယ်ချဲ့ အရင်းရှင်
ဒူးတုပ်ရမည်ပင်။

သမိုင်းဝင် တော်လှန်ရေး
အောင်ပွဲဆင်ခဲ့လေး။

မှတ်ချက် -
၂၅-၃-၁၉၇၂ နေ့ထုတ် ရွှေသွေးဂျာနယ်ထဲက လက်ပံနီ (ရေနံ့သာ) ရဲ့ ကဗျာဖြစ်ပါတယ်။ စာနဲ့ရေးတဲ့အခါ ခုနစ်ကို ကဗျာမှာ ကာရန်သဘောအရ ခွန်လို့ရေးပါတယ်။ တဆစ်တလက်မလို့သာ ရေးပါတယ်။ တန်ဘိုးလို့လည်း ရေးတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး