တရားသေ နဲ့ တရားစစ်

ယှိသည် ရှိသည် ရှေးသုံးနှင့် ယ္ခုခေတ်သုံး မှာ ဘယ်ဟာက ပိုမှန်မလည်းမသိပါဆရာ...🙏🙏🙏

ကျွန်တော်ကတော့ အဆုံးအဖြတ်ပေးလေ့မရှိပါ။ ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လိုရေးလို့သာ တင်ပြပါတယ်။
မဟာစည်ဆရာတော် ဟောကြားခဲ့တဲ့ အရိယာဝါသတရားတော်၊ ကောဇာ ၁၃၁၆ ခုနှစ်ထုတ်စာအုပ်၊ စာမျက်နှာ ၁၃၅ မှ

အဲဒါလိုဘဲ အစပဌမတော့ ဒီသတိက မနိုင်နင်းသေးလို့ သိပ်အားမကောင်းသေးဘူး။ နောက်တော့ တဖြည်းဖြည်းနဲ့ ဖြစ်တိုင်း ဖြစ်တိုင်းတွေကို သူက အကုန်လုံးလောက်ပဲ မှတ်နိုင်လာတယ်။

တချို့က ပဌမလို့ရေးတာကို မှားတယ်ထင်နေကြတယ်။ မ နောက်က ဘဲ အမြဲလိုက်တယ်လို့ တရားသေ မှတ်ထားကြတယ်။ တဖြည်းဖြည်းကို တစ်ဖြည်းဖြည်းလို့ မှားရေးနေကြတယ်။

မဟာစည်ဆရာတော်စာအုပ်တွေမှာ တကို မလိုအပ်ပဲ တစ်မလုပ်ပါ။

ကျွန်တော်ကတော့ အဆုံးအဖြတ်ပေးလေ့မရှိပါ။ ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လိုရေးလို့သာ တင်ပြပါတယ်။

ဒေါတာတင့်ဆွေ
၂၃-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး