နွေဦးအောင်ပွဲ

ရွက်ဟောင်းကြွေကာ ရာသီပြောင်းလို့
ခါမှီတပေါင်း ရောက်ပေါ့ကွယ်။

ရာသီကိုကွယ် ချိန်ခါလှသမို့
မိန်မာသလို့ ခေါ်ကြတယ်။

ပန်းဆိုယင်ကွယ် တကယ်ကြည်လန်းတဲ့
သရဖီပန်းတို့ ပွင့်ကြတယ်။

စေတီမြတ်ဝယ် သဲပုံစုနဲ့
အမြဲဂုဏ်ပြုလို့ ပူဇော်တယ်။

ဥသြငှက်ရယ် လေချိုအေးနဲ့
နွေကြိုတေးကို ဆိုကြတယ်။

စာကျက်စို့ကွယ် မြော်မြင်တွေးလို့
ပျော်ရွှင်ရေးတော့ ဘေးကိုဖယ်။

သိဘွယ်မှတ်ဘွယ် တကယ်ရေးတော့
အလွယ်ကလေးနဲ့ အောင်ရမယ်။

အောင်ရမယ်၊ အောင်ရမယ်။

၂၆-၂-၁၉၇၂ နေ့ထုတ် ရွှေသွေးဂျာနယ်ပါ ဖိုးလမင်းရဲ့ကဗျာဖြစ်ပါတယ်။ တစ်ကယ်ကြည်လန်းတဲ့ မဟုတ်ပါ။ တစ်ကယ်ရေးတော့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး