လေးဘက်နာ သို့မဟုတ် စစ် နှင့် စက်

မင်္ဂလာပါဆရာရှင့် ကျမအမအတွက်မေးပါရစေ။ အသက်က ၃၇ပါ။ ခင်ပွန်းရှိ။ ကလေး၃ယောက်မိခင်ပါ။ သူက ငယ်ကနေခုထိ အာသီးယောင်တယ်။ လည်ပင်းအစေ့တပ်ဆိုပြီး နွေရာသီရောက်တိုင်းဖြစ်နေတာ အတော်ကြာပါပြီ။ အနှစ် ၃၀ လောက် ကြာနေပါပြီ ဆေးထိုးလိုက်သက်သာလိုက်နဲ့ပါ ခုတော့ သွေးစက်တာ လေးဖက်နာလို့ပြောပါတယ်။ လေးဖက်နာပိုး ၁၆၀ ကျော်ရှိတယ်ပြောပါတယ်။ ပင်နီစင်လင် ၃လ သောက်ခိုင်းတယ်ပြောတယ်ဆရာ။ ခုသူ့သမီးအကြီးလည်း နေမကောင်းဖြစ်ပြီး အာသီးယောင်နေတယ်။ ဆေးခန်းပြပြီး သွေးစက်ရပြန်တယ် အသက်က ၁၅ နှစ်ပါ ဒီလိုတခါမှ မဖြစ်ဖူးပါဘူး သွေးစက်ဖြေက လေးဖက်နာ လို့ပြောပါတယ်တဲ့။ သူမေထက် လေဖက်နာပိုးများတယ် ပြောပါတယ်တဲ့။ ပင်နီစင်လင် တနှစ်သောက်ခိုင်းပါတယ် အဲဒါ ဆေးသောက်ရမှာကြောက်ပြီး သေချာ ရောဂါအကြောင်း နားမလည်လို့ ကျမဆီ့ ဆရာကိုကူညီမေးပေးပါဆိုလို့ ဆရာဖြေပေးပါရှင်။ အမှားပါရင် ပြင်ပေး ဖြေကြားပေးပါ ရိုသေစွာမေးလိုက်ပါတယ် ဆရာသက်ရှည်ကျမ္မာပါစေ။

Rhumatic links လေးဘက်နာစာများ https://doctortintswe.blogspot.com/2017/12/rhumatic-links.html
ASO ဆိုတာ ပိုးမဟုတ်ပါ https://doctortintswe.blogspot.com/2014/11/aso.html

သွေးစက်လို့ တကြိမ်မကရေးလို့ စာရိုက်မှားတာတော့ မဟုတ်။ သတ်ပုံမှားသိနေတာဖြစ်တယ်။ သွေးစစ်လို့ ရေးရတယ်။

စစ်
ခံစစ် စစ်ထိုး
စစ်ကပ် စစ်ခွာ
စစ်ကိုင်းတိုင်း
စစ်ငုတ်
စစ်စစ်မြည်သံ
စစ်စလီငှက်
စစ်စီသည်
စစ်ဆုတ်ခွါသည်
စစ်တုံပင်
စစ်တမ်းကောက်ယူသည်
စစ်တုရင်ကစား
စစ်ကြိုခေတ်
စစ်ရိပ်စစ်ချည်
စစ်သံအရာရှိ
စစ်သည်သူရဲ
စစ်သိမ်ပင်
စစ်သင်္ဘော
စစ်အစိုးရ
စစ်အာဏာရှင်
စစ်ကြေညာသည်
စစ်ကြောင်း
စစ်ကြောမေးမြန်း
စစ်ကြောရေးစခန်း
စစ်ပြေငြိမ်းစာချုပ်
စီစစ်ရှာဖွေ
ဆီစစ်
တစစ်စစ်ကိုက်သည်
ပစ္စည်းစစ်
လူပျိုစစ်
အတု အစစ်
အပျိုစစ်
ရေစစ်
အက်စစ်

စက်
ကူးစက်ရောဂါ
စက္ခုအကြည်
စက္ကန့်
စက္ကဝါက် (စကဝက်ငှက်)
စက္ကူ
စက်ကွင်းမလွတ်
စက်ခန်း
စက်ခန်းစက်ဘီး
စက်ချုပ်
စက်ဆရာ
စက်ဆုပ်ဖွယ်ရာ
စက်တင်ပုံနှိပ်
စက်တန့်ရောဂါ
စက်တင်္ဘာလ
စက်ကြိတ်ဆန်
စက်ပုန်းခုတ်
စက်ပုန်းခုတ်
စက်ဘီး
စက်ဝိုင်း
စက်တော်ရာ
စက်တော်ခေါ်
စကြာဝဠာ
စကြာဝတေးမင်း
ဆန်စက်
ဆီစက်
မျက်ရည်စက်လက်

ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး