ပင်ပန်း ပန်းပင်

၁။ ပင်ပမ်းနဲ့ ပင်ပန်းကို ဆရာအားတဲ့အချိန်လေးကြရင် ရှင်းပြပေးပါဦးဆရာ

ပင်ပန်း ပန်းပင်လို့မှတ်ထားဆိုပြီး ဆရာကသင်ထားတယ်။
အချိန်လေးကျရင်လို့ ရေးရတယ်။

၂။ ဆရာရှင့် ဘီပိုးနဲ့ စီပိုးမယ် ဘယ်အရာက ပိုပြီးစိုးပါသလည်းဆရာ။ အားတဲ့ချိန်လေးရှင်းပြပေးပါ။ တင်ထားတာ ရှာမဖတ်တတ်လို့ပါဆရာ။

စိုးလို့ရေးတာ မှားတယ်။ ဆိုးလို့ရေးရတယ်။ ဆိုးသွားမှာကို စိုးရိမ်တယ်။

အသဲရောင် ဘီ နဲ့စီ နှစ်ခုလုံး ဆိုးတယ်။ အဆိုးပြိုင်လို့ မသင့်ပါ။ ကူးစက်ခံရသူ တဦးချင်းကို ကြည့်ရတယ်။ အသက်၊ ကျား-မ၊ တခြားရောဂါ၊ စောစောသိတာ၊ ဆေးကုသမှု လက်လှမ်းမီတာ၊ ကံတရား။

၎။ ဆရာရှင့် ခုရက်တွေမှာ နှာခေါင်းသွေးသျှံတာစိတ်နေလို့ပါဆရာ။ ခုကအရမ်းပူတဲ့ရာသီတော့မဟုတ်ပါ။ ဘာကြောင့် ခုလိုဖြစ်ရလဲဆိုတာ သိပါရစေဆရာ။ ဆရာမိသားစုအားလုံး အေးချမ်းကြပါစေ

နှာခေါင်းသွေးလျှံလို့ ရေးရတယ်။ ရေလျှံ၊ မီးတောက်မီးလျှံ၊ လျှံညီး။

1. Nosebleed (1) နှာခေါင်းသွေးယိုခြင်း (၁) http://doctortintswe.blogspot.com/2015/02/nosebleed-1.html
2. Nosebleed (2) နှာခေါင်းသွေးယိုခြင်း (၂) http://doctortintswe.blogspot.com/2017/02/nosebleed-2.html
3. Bleeding သွေးယိုခြင်း ရှေးဦးသူနာပြု http://doctortintswe.blogspot.com/2016/05/bleeding.html
4. Bleeding diathesis သွေးမတိတ်ခြင်း https://doctortintswe.blogspot.com/2017/12/bleeding-diathesis.html

၅။ ဆရာရှင် ခုတလောပို့တခုမယ် ရေသောက်တာမကောင်းငလိုရေးပြီး ရေနွေးကြမ်းသာသောက်ရမယ်ဆိုမျိုး ဖတ်ရလို့ပါဆရာ။ ရေကအူလမ်းကြောင်းဒုက္ခပေးတယ်လို့ ဆိုထားရေးထားပါတယ်ဆရာ။ ဘယ်လိုကအသင့်တော်ဆုံးနဲ့ ဘယ်လိုကအမှန်ဆိုတာလေး ဗဟုသုတနည်းသူမို့ ဖြေကြားပေးပါဦးဆရာ ကျန်းမာပါစေဆရာ။

အဲလိုဟာတွေ လိုက်ရေးနေရရင် တကယ့်ရောဂါတွေအတွက် ဖြေချိန်မရှိတော့ပါ။ ပြောတဲ့သူက အထူးကုဆရာဝန် ဆိုရင်တော့ ယုံပါလေ။ စဉ်းစာချင့်ချိန်ပြီးမှာလည်း မေးသင့်တယ်။ ၁၉၆ နိုင်ငံထဲမှာ ရေနွေးကြမ်းသောက်တာ ဘယ်နှစ်နိုင်ငံလောက်ရှိသလဲ စဉ်းစားပါ။

မေးခွန်းအားလုံးဟာ တယောက်တည်းဆီကလာတာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး