တပြည်သူ မရွှေထား

တက္ကသိုလ်ဘုန်းနိုင်ရေးသားတဲ့စာအုပ်တွေဟာ ကျွန်တော်တို့ အထက်တန်းနဲ့ ဆေးကျောင်းသားခေတ်မှာသာမက ကနေ့အထိတိုင် ထင်ရှားပြီး စာဖတ်သူတွေကို အလွန်စွဲလမ်းစေပါတယ်။ စာအုပ်တွေကို ပြန်ထုတ်ကြတယ်။ သတ်ပုံတွေကို ပြင်ထားကြတယ်။ စာအုပ်အဖုံးမှာ တစ်မဟုတ်ဘဲ ကြော်ငြာသူတွေက တစ်လုပ်ထားကြတယ်။ တပြည်သူ မရွှေထားကို တစ်ပြည်သူမရွှေထားလုပ်ထားကြတယ်။ လျှော်ကန်ပါရဲ့လာ့း့

ကျွန်တော့်ဆီမှာ မူရင်းစာအုပ်တချို့ရှိပါတယ်။ တက္ကသိုလ်ဘုန်းနိုင်ရေးခဲ့တဲ့ သတ်ပုံနမူနာနည်းနည်းလောက်ကို တင်ပြပါတယ်။

ဟိုတခါတုန်းကကဲ့သို့ပင် https://doctortintswe.blogspot.com/2018/02/blog-post_76.html

ဟိုတခါတုန်းကကဲ့သို့ပင် ငွေလရောင်မှ ရွက်ကြွေတောများကို ညိုလတ် မြင်သည်။ ဟိုတခါတုန်းကကဲ့သို့ပင် ညိုလတ်သည် ညင်သာစွာ စတင်သီဆိုသည်။

ငွေလာသာသော နွေညပြာပြာဆီ၊ မြူလွှာမှုန်ရီ၊ သရဖီသင်း နှင်းကလဲ့စီ၊ ဝါရွက်တို့ ကြွေပြလေပြီ၊ သည်းသည်းရုတ်ရုတ်၊ တဖြုတ်ဖြုတ်တချီ၊ နွဲ့ယဲ့ယဲ့ ဝဲကာတလီ့

စွန့်ခွာရသည့် နွေညများ https://doctortintswe.blogspot.com/2018/02/blog-post_96.html

အထက်တန်းတွဲ့၏ က ခုံတန်းစဉ်ဘက် တနေရာရသည်မှာ ကံကောင်းသည်။ သည်ခုံတန်းစဉ်မှာက ယှဉ်ဘက်မရှိ။ တခုံတည်းတွင် တဦးတည်း သီးသီးသန့်သန့် ထိုင်ရသည်။

ကမ္ဘာကုန်ကျယ်သရွေ့ဝယ် (၂) https://doctortintswe.blogspot.com/2018/02/blog-post_88.html

နှင်းမြူရိပ်ကို မြင်လျှင်၊ အမှတ်မထင် ဝေဝေဝါး၊့၊ ဘဝပမာလေလာ့း့၊ တင်စားမိသည်၊ ဆီးတားကာဝှက်၊ လ-ရက်-နာရီ၊ အချိန်မင်ရည့့်၊ အုံ့ကာဆိုင်းလို့ မပီ့၊ တပိုင်းပြယ်လွင့်၊ နွေအဖွင့်သို့ လေသင့်ရာလျော့ မြော့ ရွှေရင့်လွှာသိင်္ဂီ့

တင်ထားတာ ၃ ရက်သာရှိသေး။ အခု ပို့စ်တခုကနေ ထောက်ပြတာတွေ့ရတယ်။ တပြည်သူကို သပြေသူလို့ မှားနေတာ တွေ့တယ်။ ရုပ်ရှင်အမည်က ဘယ်လိုလဲတော့ ကျွန်တော် မသိပါ။ ဝတ္ထုအမည်ကတော့ တပြည်သူ မရွှေထား။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး