Delegate ကိုယ်စား

ဆေးမန်းမှာ အညာဖက်က များတယ်။ ကျွန်တော်က မုံရွာကနေသွားတက်ရတဲ့ကျောင်းသား။ စစ်ကိုင်း၊ ရွှေဘို၊ ရေဦး၊ မြင်းခြံ၊ ပခုက္ကူ၊ ရေစကြို၊ မြောင်၊ တောင်သာ၊ မိတ္ထိလာ၊ ဝမ်းတွင်းကနေလာသူတွေ အချင်းချင်း ရင်းနှီးကြတယ်။ မန္တလေးသူ မန္တလေးသားတွေကတော့ အိမ်ရှင်တွေလို ခင်ကြတာချည်းပဲ။ ကြုံတဲ့အခါ ဘယ်လိုကဘယ်လို မေးကြတယ်။ အဲတာ ဝတ်ကျေတန်းကျေ သက်သက်တော့ မဟုတ်ပါ။

မြင်းခြံသားတယောက်က ကျွန်တော် ဟိုအရင်က တာဝန်ကျခဲ့ဘူးတဲ့ဆေးရုံလေးတခုရဲ့ ဓါတ်ပုံတွေပို့ပေးတယ်။ ကြွားသေးတယ်။ သူ့အိုင်ပက်က မကောင်းလို့ သူ့သားကို အပို့ခိုင်းတာတဲ့။

ကျွန်တော်လည်း ပြန်ကြွားတာပေါ့၊ ဘာရမလဲ။ မနေကပဲ ငါ့ဇနီးကပြောသေးတယ်။ မြင်းခြံကိုသွားတုန်းက့ တို့အိမ်မှာ ထမင်းစားခဲ့တယ်တဲ့။ နောက်မြင်းခြံသားတယောက်အိမ်မှာပါ။ ငါကတော့ မေ့နေတယ်။ ငါက ကိုယ်ကျွေးရတာပဲ မှတ်ထားတယ်။

သူက ငါ့အမျိုးတွေကို ငါထက်သိတယ်။ ငါ့သူငယ်ချင်းတွေကို ငါ့ထက်မှတ်မိတယ်။ ဇနီးက ကိုယ်ပွါးမဟုတ်ပေမဲ့ ကိုယ်စားဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၇
၂၄-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး