Pseudomonas infection ဆူဒိုမိုးနပ်စ် အင်ဖက်ရှင်

ဆရာ ကျမအမျိုးသားကအသက် ၅၆နှစ်ပါ။ လျာကင်ဆာဖြစ်လို့ခွဲထားပါတယ် Stage 4A ပါ Third line ကီမိုသွင်းပြီးပါပြီ အစာအိမ်ပိုက်နဲ့ပါ ကင်ဆာကနည်းနည်းသက်သာပါတယ်။ pseudomonas ကြောင့် cystic fibrosis ဖြစ်နေတာမသက်သာလို့ပါ။ ကျမတို့လူနာရှင်တွေစုပြီ့း့ ကင်ဆာပရဟိတအဖွဲ့ထောင်ထားပါတယ်။ အနောက်တိုင်းဆေးနဲ့ စနစ်တကျကုသဖို့ ပညာပေးပါတယ်။ အခမဲ့ကင်ဆာအကြံပေးဆေးခန်းလဲဖွင့်ထားပါတယ်။ ကင်ဆာအထူးကုဆရာဝန်တဦးထိုင်ပေးပါတယ် လျာကင်ဆာ ခံတွင်းကင်ဆာ လည်ချောင်းကင်ဆာ အများစုဟာ အစာမဝင်တာကြောင့်ရယ် Infection ကြောင့်ရယ် အချိန်မတန်သေးဘဲအသက်ဆုံးရှုံးကြပါတယ် pseudomas နဲ့ cystic fibrosis အကြောင်းလေးကျေးဇူးပြု၍ရေးပေးပါဆရာ radiation fibrosis အကြောင်းလေးလဲရေးပေးပါနော် ကျမက့ ပါ အမျိုးသားရောဂါဖြစ်လို့ နည်းနည်းလေ့လာထားတာပါဆရာ။ မှားတာရှိရင်ခွင့်လွတ်ပါ။

ဆောရီး။ ရေးထားပြီသား မရှိသေး။ အချိန်ရှာပါဦးမယ်။

ဆူဒိုမိုးနပ်စ် အင်ဖက်ရှင်ဆိုတာ တွေ့တတ်တဲ့ Pseudomonas aeruginosa ဗက်တီးရီးယားကနေဖြစ်စေတယ်။ နေကောင်းနေတဲ့သူတွေမှာလည်း အဲဒီပိုးကရှိနေနိုင်တယ်။ တခါတလေ ဥပမာ ရေကူးသမားနား ခေါ်တဲ့ နားပိုးဝင်တာဖြစ်တယ်။ ဆိုးတယ်။ ရေကူးကန်၊ ရေချိုးစည်နေ အနီပြင်ထွက်တာဖြစ်လာနိုင်တယ်။ ကျန်းမာရေး မကောင်းသူတွေမှာ ရောဂါပိုးဝင်တာခံရတယ်။ ဆောရီး။ တချို့ အသက်ဆုံးပါးတဲ့အထိဖြစ်ရတယ်။

ကုသရတာကလည်း ခက်တယ်။ ပိုးသေဆေးတွေကို ယဉ်ပါးနေကြတာများလို့ဖြစ်တယ်။

ဆေးရုံမှာ ကြာကြာတက်ရသူတွေ၊ ဆေးရုံသုံးပစ္စည်းတွေကနေ ကူးစက်လာနိုင်တယ်။ အစားအသောက်ကနေလည်း ကူးနိုင်တယ်။ မျက်ကပ်မှန်တပ်သူတွေ သတိထားရမယ်။

ရောဂါပိုးကူးစက်ရင် အနာကထွက်တဲ့အရည်ဟာ စိမ်းပြာရောင်ဖြစ်မယ်။ နားမှာဝင်ရင် နားကိုက်မယ်။ နူမိုးနီးယားကနေ ဆက်ဖြစ်ရင် ချောင်းဆိုးလာမယ်။ တကိုယ်လုံးမှာ ဖြစ်နိုင်တယ်။ ဖျားမယ်။ မောပန်းမယ်။ သွေးထဲရောက်ရင်တော့ ဆိုးတယ်။ ဖျားပြီးချမ်းမယ်၊ စိတ်မကြည်မလင်ဖြစ်မယ်၊ ရှော့ရမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး