Sulbutiamine ဆယ်လ်ဗျူတမင်း

မင်္ဂလာပါဆရာ။ ကျောင်းဆရာမတွေက ဆယ်တန်းကလေးတွေကို Salbutiamine သောက်ဖို့ပြောနေကြပါတယ်။ အဲဒါနဲ့ ပတ်သတ်၍ အနည်းငယ် ရှင်းပြပေးပါဆရာ။

Sulbutiamine ဆိုတာ Thiamine (Vitamin B1) ဗီတာမင်ဘီ-၁ မော်လီကျူး ၂ ခုပါတဲ့ဆေးဖြစ်တယ်။ ဆာလ်ဖါလည်း ပါတယ်။ ဆေးညွှန်းအရ Infection ခေါ် ရောဂါပိုးဝင်ရာကနေ Fatigueခေါ်အားကုန်သလိုဖြစ်နေတာကို သက်သာစေမယ်လို့ ဆိုပါတယ်။

သေချာတာကတော့ Chronic B1 deficiency ခေါ် နာတာရှည် ဗီတာမင်ဘီ-၁ ချို့ယွင်းနေသူတွေကို ပေးနိုင်တယ်။ အဲလိုလူတွေမှာ မှတ်ဉာဏ်နည်းနေမယ်။ အာရုံစူးစိုက်မှုထားနိုင်ချိန်တိုနေမယ်။ စိတ်မူအားနည်းနေမယ်။ ဘေးဝန်ကျင်ကို သတိထားမှု နည်းနေမယ်။ စိတ်ဓါတ်ကျနေသူတွေမှာလည်း ဘီ-၁ နည်းသူလိုနေတတ်တယ်။ ကျန်းမာရေး ကောင်းနေသူတွေသောက်ရင်လည်း အကျိုးတော့ရနိုင်တယ်လို့ ဆိုပါသေးတယ်။

လူတွေကို 400mg နေ့စဉ်ပေးပြီး လေ့လာမှုလုပ်တယ်။ အဲလောက်ပေးတာဟာ အသင့်မှန်ဆုံး ဆေးအလေးချိန် ဟုတ် မဟုတ် မသေချာသေးပါ။ အစာနဲ့ နီးသင့် ဝေးသင့်လည်း မသေချာသေးပါ။ ဆေးကို တနေ့ ဘယ်နှစ်ကြိမ်ခွဲပေးသင့်လဲ မသေချာသေးပါ။

ဆာလ်ဖါပါလို့ ဆာလ်ဖါနဲ့ မတည့်သူတွေ G6PD ရှိသူတွေတော့ မသင့်ပါ။

Vitamin B1 ဗီတာမင် ဘီဝမ်း https://doctortintswe.blogspot.com/2016/02/vitamin-b1.html

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး