အစီအစဉ်တရပ်

ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်
ခုဒ္ဒကနိကာယ်ဝင်
အဘိဓမ္မာပိဋက
ဓမ္မသင်္ဂဏီပါဠိတော် မြန်မာပြန်

ဤသို့ မြတ်ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့သည့် ပိဋကတ်သုံးပုံ၏ တရားအဆီအနှစ်များအားလုံး အကျုံးဝင်သော သင်ရိုးမာတိကာ အစီအစဉ်တရပ်ရှိခဲ့ခြင်းကြောင့်သာလျှင် မြန်မာနိုင်ငံ၌ ပရိယတ္တိသာသနာတော်ကြီးသည် ယနေ့တိုင်အောင်ပင် တိုးတက်စည်ကား ပြန့်ပွါးနေခြင်းဖြစ်သည်။

ရွှေသွေးရုပ်စုံကာတွန်းမှာသာမကပါ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် မြန်မာပြန်မှာလည်း သတ်ပုံမှန်တွေအတိုင်းသာ ရေးသားခဲ့ပါတယ်။ အစီအစဉ်တစ်ရပ်လို့ မရေးပါ။

ဒေါက်တာတင့်ဆွေ

ရှေးအခါက

ရွာတရွာတွင် မောင်ကောက်နှင့် မောင်ဖြောင့် ဆိုသူတို့ရှိကြ၏။ တနေ့သောအခါ မောင်ကောက်သည့့်

ဇာတ်လမ်းအဆုံးတွင် မောင်ဖြောင့်သည် မြန်မာစာသတ်ပုံမှန်အတိုင်းသာရေးသား၍ မောင်ကောက်သည် ရွာတစ်ရွာတွင်၊ တစ်နေ့သောအခါ ပေါ်လစီသတ်ပုံနောက်သို့ ကောက်ကောက်ပါ လိုက်သွားလေတော့သတည်း။ Smile!

ဒေါက်တာတင့်ဆွေ

လက်ပံပွင့်ချိန်

တိတ်ဆိတ်သော နွေဦးည သန်းခေါင်ယံတွင် သာအေးသည် ပူအိုက်ကာ နိုးလာပြီး တစုံတခုကို စူးစိုက်တွေးနေနမိသည်။

သာအေးတွေးနေသည်မှာ တစ်စုံတစ်ခုကိုလို့ ရေးနေကြတာ မှားတယ်ဟူ၍ဖြစ်၏။ Smile!

ဒေါက်တာတင့်ဆွေ


လူထုဦးလှ

တခါက ဆွမ်မရာ နာဂရွာတရွာတွင် လော်ရော်ပေါ့ဟုသော လူတယောက်ရှိ၏ လို့ရေးခဲ့တယ်။ တစ်ခါက မဟုတ်။ ရွာတစ်ရွာ မဟုတ်။ လူတစ်ယောက် မဟုတ်။

အခုတော့ လူထုတိုက်ထုတ်စာတွေက့
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး