ခေါင်း ခါး ခြေ လက်

ခေတ်စကားတွေကို တခါတခါ နားမလည်ပါ။ အကုန်လည်း နားမလည်ချင်ပါ။ နားမလည်လို့ ဒုက္ခရောက်တာတွေရှိလို့။

ကျွန်တော်ဆီကိုတော့ ကွီးတို့ ညေးတို့ မရေးပါ။ ကျေးဇူး။ ကျော်တို့ လို့ရေးတယ်။ ကျွန်တော်၊ ကျနော်စာ ရေးထားတယ်။ အဲ့ လို့ဖတ်ရလို့ အဲဒါ၊ အဲတာကိုရေးထားတယ်။

ကိုယ်တွေလို့ ရေးတာကို ဖတ်တော့ အော့့် ကိုယ်မှာသာဖြစ်ပြီး ခြေလက်မှာ မဖြစ်တာကိုပြောသလား ထင်မိတယ်။

ကျွန်တော်တို့ငယ်စဉ်က ကိုယ်လို့သုံးပါတယ်။ ကိုယ်တွေလို့ မသုံးပါ။ ကိုယ်တို့လို့ သုံးတယ်။ ကို တလုံးတည်းဆိုရင် သမီးရည်စားအသုံး။

နားလည်ကြသူအချင်းချင်း ရေးကြ ပြောကြတာ ကျွန်တော့်အတွက် ပူပင်စရာမရှိပါ။ နေမကောင်းလို့မေးရင်တော့သာ ခေါင်း၊ ခါး၊ ခြေ၊ လက်၊ ခွဲပြောကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး