ပညာသက်

ပထမတန်း မြန်မာဖတ်စာ ကျောင်းသုံးစာအုပ်ထဲမှာ လွဲမှားနေတာတွေကို တင်ကြတာတွေ့ရတယ်။ ကျေးဇူး။

ဟုတ်ရဲ့လား သေချာသိချင်လို့ တူတော်မောင်တွေဆီ လှမ်းမေးတော့ တယောက်တော့ အခုမဟုတ်ဘူးထင်တယ်၊ အသိ ဆရာမရာမကို မေးပေးမယ်လို့ ဖြေတယ်။ နောက်တယောက်ကတော့ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊ အခုလည်း အဲတာပါတဲ့။





မနေ့တနေ့က တယောက်က ကျွန်တော်ရေးနေတဲ့သတ်ပုံစာ နည်းနည်းလောက်ဖတ်ပြီး ကွန်မင့်ရေးတယ်။

ဆရာက မြန်မာစာ မေဂျာအဓိကနဲ့ Dr. ဘွဲ့ရထားတာလားဆရာ့။ ဆရာက မြန်မာစာ အရေးအသားနဲ့ပတ်သတ်ပြီး ဆရာတဆူ ဆိုရင် ကျမကိုယ်တိုင်ကကို လေးလေးစားစားလိုက်နာပါ့မယ်။ သူများကို ထောက်ပြတယ်ဆိုတာ ကိုယ်တိုင် လေ့လာရတာ ဖတ်မှတ်တာထက် အင်မတန်လွယ်ကူလို့ပါ။ ကျမက မြန်မာစာ အရေးအသားကို လေနံဓားထစ် မြင်နေတဲ့အမြင်ကို ပြောပြခြင်းပါ။့ ကျမကိုယ်တိုင်က cmt ၄-၅ကြောင်းပဲရေးတာမို့ပါဆရာရယ် ကျမက ဆင်ခြင်လိုက်ပါ့ပြီပါပြီ။ ပြိုင်မငြင်းတော့ပါဘူး။ ဥပက္ခာပြုထားလိုက်ပါပြီ။ ကျမတို့ fb သုံးတာ ဗဟုသုတရှာသလို ကိုယ့်တပည့်လေးတွေကို မှန်တာလေးတွေ ပြင်ပေးချင်တာပါ။ ကိုယ့်ရဲ့နေ့စဉ် လှုပ်ရှားမှုကို ခေတ်နဲ့အညီ ပုံလေးတွေ တင်ချင်တာတစ်ခုပါပဲ တဲ့။

သူ့ဆီကို စာပြန်ရေးလို့မရတော့ပါ။ သူရေးတာ တစိတ်တပိုင်း မှန်ပါတယ်။ ခေတ်သစ်ပါမောက် ဘယ်နှစ်ယောက်မေးမေး မေးတဲ့သူလိုချင်တဲ့အဖြေသာပေးကြပါလိမ့်မယ်။ ဦးဖေမောင်တင်၊ ဦးဖိုးကျား၊ မင်းသုဝဏ် ဇော်ဂျီတို့က ကွယ်လွန်ကြပြီ။ ကျွန်တော့်မြန်မာစာဆရာဆရာမတွေလည်း ကွယ်လွန်ကြပြီ။ ဒါပေမဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေကို ကာမပြန်ပါ။

ရန်ကုန်တက္ကသိုလ် စတည်ထောင်ကတည်းက မြန်မာစာပါမောက္ခတွေ အများကြီးကွယ်လွန်သွားကြပြီ။ သူတို့ရေးသားတဲ့ တန်ဖိုးရှိလှတဲ့စာတွေတော့ ချန်ထားရစ်ခဲ့ကြပါတယ်။ သူတို့ကို သွားမေးလို့ မရတော့ပေမဲ့ သူတို့စာတွေကိုဖတ်ရင် အမှား အမှန်ကို သိတယ်။

သက်ရှိဆိုတာ ဘာလဲ။ လူတွေကိုသာ မကွယ်လွန်မီအထိ သက်ရှိခေါ်ပြီး၊ ပညာမှာ အစဉ်အဆက်အသက်ရှိတယ်။

ပုံထဲပါအမှားတွေကိုတော့ သက်ရှိတွေကပြုစုထုတ်ဝေထားတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂--၃-၂ဝ၁၈

တရားခံတွေ

ပထမတန်း မြန်မာဖတ်စာ ကျောင်းသုံးစာအုပ်ထဲမှာ လွဲမှားနေတာတွေကို ပညာသက်လို့ ပို့စ်လေးတပုဒ်တင်ပါတယ်။ တယောက်ကနေ သတ်ပုံမှန်ပုံတွေ ပို့ပေးလာတယ်။

အမှန်ကို ဘယ်တုန်းကပြင်ပါသလဲ။ အမှားစာအုပ်တွေကို လိုက်သိမ်းတာရှိပါသလား။ ညွှန်ကြားချက် ထုတ်ပါသလား။ ကျေးဇူး။

ကျွန်မဆိုလိုတာက အပြင်က ကိုယ်ပိုင်ပုံနှိပ်တိုက်တွေကနေ ဖတ်စာအုပ်တွေကို သူတို့ဘာသာရိုက်နှိပ်ပြီး ဆိုင်ပေါ်တင် ရောင်းကြတာပါ။ အစိုးရစာအုပ်အတိုင်း မျက်နှာစာ၊ ကျောင်သုံးစာအုပ်ကော်မီတီမှ ထုတ်ဝေသည် ဆိုတာကအစ အကုန် ကူးချရိုက်နှိပ်တာပါ။ အခု စနစ်သစ် ပထမတန်းစာအုပ်မှမဟုတ်၊ ဟိုးအရင်ကတည်းက ဖတ်စာအုပ်တွေကို ဒီလို ရိုက်ထုတ်တာပါ။ အဲဒီမှာ သတ်ပုံအမှားတွေ ပါလာတာပါ။ ပညာရေးဝန်ကြီးဌာနက ရိုက်နှိပ်ထုတ်ဝေတာမဟုတ်လို့ သူတို့အမှားပြင်တယ် မကြားဖူးသေးပါဘူး။ အဲဒါတွေ ထုတ်နေတာ ပညာရေးဝန်ကြီးဌာနက သိလား မသိလား ကျွန်မ မသိပါဘူး။ လိုက်သိမ်း၊ မသိမ်း၊ ညွှန်ကြားချက် ထုတ်မထုတ် မသိပါဆရာ။

ကျေးဇူး။ အဲလို တိကျတဲ့သတင်းအချက်အလက်မျိုးက ပိုပြီးတန်ဖိုးရှိတယ်။ ထုတ်ဝေရောင်းစားသူတွေမှာ တာဝန်ရှိတယ်။

အလားတူတာက နာမည်ရစာအုပ်တိုက်တွေကလည်း မူလသတ်ပုံကို လိုသလိုပြင်ပြီး ထုတ်ဝေရောင်းစာနေကြတယ်။ ဖျက်ဆီးနေကြာတာလို့ အခိုင်အမာ စွဲဆိုချင်တယ်။ အရင်ဆရာတော်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေကို စော်ကားနေကြတာလို့ မြင်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၃-၂ဝ၁၈


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး