မာသော ရန်ကုန်

ဆရာရှင့် အိမ်မာရေကျောက်ပေါက်နေတဲ့ကလေးရှိပါတယ်ရှင့် ရန်ကုန်မာနေပြီး အိမ်ကိုလာနေတုန်းဖြစ်လာတာပါရှင့် ကျွန်မသမီးလေးက တစ်နစ်ခွဲပါရှင့် ရောဂါမကူးစက်အောင် ဘယ်လိုနေထိုင်ကာကွယ်ရမလည်းရှင့်

Chickenpox prevention ရေကျောက်ဘယ်လို ကာကွယ်မလဲ https://doctortintswe.blogspot.com/2015/05/chickenpox-prevention.html

အိမ်မှာ၊ ရန်ကုန်မှာလို့ ရေးရ။ မာဆိုရင် မာသောအိမ်၊ မာသောရန်ကုန် ဖြစ်သွားမယ်။ တနေ့ကလည်း နဖူးမာလို့ရေး မေးတယ်။ မာသောနဖူးဖြစ်သွားမယ်။

မှာ
ကိုယ့်မှာ
ပျို့မှာတမ်း
မှာတမ်း
မှာကြား
သူ့မှာ
အမှာစကား
အဲသည်မှာ

မာ
ကျန်းမာရေး
စွန့်လွန်းတမာ
မာကျူရီမီးလုံး
မာချာ
မာဃနက္ခတ်
မာဆရိုက်ချည်
မာဏဝလုင်
မာတလိနတ်
မာနထောင်လွှားသည်
မာယာ
မာယာဒေဝီ
မာရသွန်ပြေးပွဲ
မာလကာပင်
မာလကျင်ပိတ်
မာလိမ်မှူး
မာလီ (ဥယျဉ်အလုပ်သမား)
မာသလေးပါး
မာကျော
မာရေကျောရေ

မြို့မငြိမ်းရေးသာတဲ့ ပျို့မှာတမ်းသီချင်း
https://www.youtube.com/watch?v=3Cl4xqw58JA
https://www.youtube.com/watch?v=jvjDQbsHhQE
https://www.youtube.com/watch?v=19dxLqTTK-4

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး