မီဒီယာသုံး ဓါတ်ပုံ

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေဟာ ဒေလီမြို့လယ်ခေါင်မှာ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို နေပူမရှောင် မိုးရွာမရှောင်၊ အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ကြတယ်။ မီဒီယာသမားတွေနဲ့ကလည်း ဖေါက်သည်တွေလို။ နောက်နေ့သတင်းစာမှာ ပါချင်မှပါတယ်။ သူတို့က ပုံတွေရိုက်ပြီး အသုံးတည့်တဲ့နေရာမှာ အသုံးချကြတယ်။

တခါကဆန္ဒပြပွဲတခုမှာ ကျွန်တော့်သမီး ဒေလီရဲ့အပူဒဏ်ကို ယပ်တောင်လေးနဲ့ ကာနေတဲ့ပုံကိုရိုက်တယ်။ ဆန္ဒပြပွဲသတင်းမှာပါမလာ။ နောက် ဒေလီမှာ အလွန်ပူလောင်လှတဲ့တရက်မှာတော့ ဓါတ်ပုံပါလာတယ်။ သတင်းခေါင်းစဉ်က ဒေလီရဲ့နွေကာလတာရှည် သက်သာမဲ့အလားအလာ မမြင်ရသေးချေတဲ့။

အခုသမီး ရန်ကုန်ရဲ့အပူကိုခံနိုင်ဖို့ရာ အဲဒီယပ်တောင်လေးပါသွားရဲ့လားမသိ။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၄
၁၉-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး