Mural Painting နံရံပန်းချီ

နံရံတွေမှာ ပန်းချီရေးတာ ဟိုရှေးရှေးကတည်းကရှိခဲ့တယ်။ ပြင်သစ်န်ုင်ငံတောင်ပိုင်းက ချော်ဗက်ဂူထဲက နံရံပန်းချီဟာ ဘီစီ ၆ သောင်း သက်တမ်းရှိတယ်လို့ ဆိုပါတယ်။

ရှေးဟောင်းအီဂျစ်ယဉ်ကျေးမှုမှာ အရုပ်စာတွေရှိခဲ့တယ်။ Egyptian hieroglyphs လို့ခေါ်တယ်။ စာမပေါ်သေးခင်က အရုပ်တွေနဲ့သာ ရေးခဲ့ကြတယ်။ အရုပ်စာရေးနည်းဟာ ကြေးခေတ် ဘီစီ ၃၂ နဲ့ ၂၈ ခုနှစ်ကတည်းက ရှိခဲ့တာ။

မြန်မာနိုင်ငံမှာ ပုဂံခေတ်က ဂူပုထိုး စုစုပေါင်း ၃ဝဝ ကျော်မှာ နံရံပန်းချီတွေရှိတယ်လို့ သိရတယ်။

မြန်မာစာအစ မြစေတီကျောက်စာကလို့ ဆိုကြတယ်။ မြစေတီကျောက်စာမှာ ပယ်မယား တစ်ယောက်သော်ကား စသဖြင့် ပါတယ်။ အဲတာကို ခေတ်သဘောအရ တယောက်လို့ရေးလာပါတယ်။ နောက်တခါ တစ်ယောက်လို့ လုပ်လာပြန်တယ်။ အဲတာလည်း ခေတ်ပဲတဲ့။ ရွှေသွေးကာတွန်းကို တင်ပြတော့ ရှေးကျသတဲ့။

နံရံပန်းချီတွေမှာ စာမပါ။ အရုပ်စာတွေမှာ သတ်ပုံမပါ။ အဲတာတွေကို ပိုပြီးသဘောကျတယ်။ သတ်ပုံတွေကို လိုသလို ပြင်ကြတဲ့ရန်က ကင်းတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး