Propaganda ပေါ်လစီ

တူတော်မောင်တယောက်က တင်ထားတယ်။

ဟိုးခေတ်တုန်းကတော့ ပေါ်လစီကားတွေခေတ်စားခဲ့ဖူးတယ်။ အခုထိမှတ်မိနေတာက အဖေနှင့်သားများတို့၊ ပါပီမတိုပေါ့။ ဝါဒဖြန့်ဖို့အတွက် ရုပ်ရှင်မီဒီယာကို အသုံးချခဲ့ကြတာတွေပါ။ ဘယ်သူက ဘယ်လိုနာမည်ပေးလိုက်လဲမသိဘူး၊ အဲဒီလိုမျိုးတွေကို ပေါ်လစီဆိုတဲ့နာမည်တပ်လိုက်ကြတယ်။ နိုင်ငံတကာမှာလည်း ပေါ်လစီဇာတ်ကားတွေရှိတာပေါ့ဗျာ။ စသဖြင့် နမူနာရုပ်ရှင်အမည်တွေပါပေးထားတယ်။

ကျွန်တော်တို့ငယ်ငယ်က ဦးနုရေးတဲ့ လူထုအောင်သံရုပ်ရှင်ကို မြို့တကာ ရွာတရာ လမ်းတကာမှာ ပိတ်ကားထောင်ပြီး အကြိမ်ကြိမ်အခါခါ အခမဲ့ပြခဲ့တယ်။ ကွန်မြူနစ်ဆန့်ကျင်ရေးကား။ အနည်းဆုံး ၅ ခါလောက်ကြည့်ဖူးတယ်။ ကလေးဆိုတော့ ကွန်မြူနစ်ကို မသိ။ ထမင်းကလည်း မာလိုက်တာဆိုတဲ့ သူပုန်ခေါင်းဆောင်ပြောတာပဲ စွဲနေတယ်။ Smile! ကျွန်တော်လည်း တောထဲမှာ ထမင်းမာတာ စားခဲ့ဖူးတယ်။ မာလို့ မျိုမကျ။ No Smile!

ကျွန်တော်ကတော့ ပေါ်လစီမြန်မာစာသတ်ပုံအကြောင်းတွေ ရေးနေတယ်။ အဲဒီဇာတ်ကားကို ၁၉၈၁ ခုနှစ်မှာစရိုက်တာ။ အလွန်အောင်မြင်တယ်။ အခုထိ ရိုသေကျိုးနွံစွာ လိုက်နာကြတယ်။ ကျွန်တော့်အတွက်တော တစ်နေလို့ မျိုမကျ။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး