Snow စနိုး

အိပ်ရာ မနိုးခင်ကတည်းကကျ၊ အခုထိလည်းကျ။ ဆုပ်ပက်နေသလိုကျ။ မြေးမလေးက တင်ထားတယ်၊ ဟယ်လို ဆမ်းမားတဲ့။ စပရင်းဘရိတ် ကျောင်းတွေပိတ်ထားတယ်။

တခြားနေရာတွေမှာ သည်လောက်ကြီး မများ။ တချို့နေရာတွေမှာ သည်ထက်ဆိုးတယ်။

စနိုးကျတာ နေပူတာနဲ့ ခွဲခြားပြီး မြို့ရယ် တိုင်းပြည်ရယ်တော့ မသတ်မှတ်ပါ။ ဖွံဖြိုးမှု များတာ နည်းတာ၊ ပညာရေး ကောင်းတာ၊ ညံ့တာနဲ့တော့ တိုင်းပြည်တွေကို ခွဲခြားနိုင်တယ်။ အဲတာကတော့ နိုင်ငံအဖြစ် ခွဲခြားသတ်မှတ်ပြီး နောက်မှသာ တိုးတက်အောင် လုံးပမ်းလုပ်တာနဲ့ ညံ့အောင် အမိန့်ပေးခိုင်းတာ ဖြစ်တာမျိုး။

ညံ့တဲ့နေရာတွေမှာ ပူလည်း ပူလောင်တယ်၊ အေးလည်း ပူပင်ရတယ်။ မြန်မာပြည်မှာ စနိုးလိုမအေး၊ ရေလိုအေးပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး