An Arrow သည်လမ်း သည်ခရီး မြားတပြေးသာသာရှိလိမ့်မည်

သောင်းတင်ဌေး ရေးစပ်သီကုံးပြီး တွံတေးသိန်းတန်ဆိုထားတဲ့ မျှော်ရပါကြောင်း နွေမိုးဆောင်းသီချင်းမှာပါတယ်။ ရွှေမန်းတင်မောင်ရဲ့ လေးတော်တင်ခန်းထဲမှာတော့ ဘုရားလောင်းဟာ လူ့ပြည်ကနေ မိခင်နတ်သားရှိရာ နတ်ပြည်ကို စာသဝဏ်ပို့တာ မြားနဲ့ပါ။

မြားတပြေး ဘယ်လောက်ဝေးသလဲ။ ခေတ်မီမြားတစင်းဟာ ကိုက် ၂ဝဝ အထိရောက်နိုင်တယ်။ Mary Rose replica longbow ခေါ်တာကတော့ ကိုက် ၃၆ဝ အထိတဲ့။ Edward III လက်ထက်ကမြားဟာ ကိုက် ၄ဝဝ အထိတဲ့။

ကျွန်တော့်မှာ လေးနဲ့မြား မရှိပါ။ ရသအစွမ်းလည်း မရှိ။ လေးသည်တော်စွမ်းရည်လည်း မရှိ။ ပါရမီတန်ခိုးလည်း မရှိပါ။ သည်လမ်းသည်ခရီးဆိုတာ အလှမ်းအကွာအဝေး မဟုတ်။ လာလို့ ကြာတဲ့အချိန်သာ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး