တဝမ်းပူ

ဒါရိုက်တာ ကိုဂျက်နှင့် ကမ်းခန်းစိန် ရိုက်ကူးဖန်တီးထားသော ထဆင့်ထူးမှတ်တမ်းရုပ်ရှင်လို့ တင်ထားတာ ညကတည်းက တွေ့မိတယ်။ ခုမနက်ကျမှ သေချာဖတ်တော့ တူတော်မောင်တယောက်ရဲ့လက်ရာဖြစ်နေတယ်။

ဦးလေးတော်သူ တဝမ်းပူ။

ရန်ကုန်မှာအခြေစိုက်တဲ့ ဝါရှင်တန်ဒီစီကနေလွှင့်နေတဲ့ ရေဒီယိုတခုရဲ့စတူဒီယိုမှာ လူရင်းတယောက်က ဦးစီးနေတယ်။ လာရင်တွေ့မယ်လို့ ပြောထားကြတယ်။ အေ့း့ ဗျူးတော့မလုပ်နဲ့။ ပြောမဲ့ဘာသာရပ်ကို သဘောတူသူအရေအတွက်က ဆင့်ပါးစပ် နှမ်းပက်သလောက်သာရှိတာ။ ရန်လုပ်တောင် ခံရနိုင်တယ်။

ဆင်ဆာမရှိတော့ပေမဲ့ ခြင်္သေ့စာ သေချာရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂ဝ၁၈

ထဆင်ထူး

ကွန်မင့်တခုရတယ်။ ထဆင်တူ ဖြစ်မယ်ထင်ရဲ့ ဆရာ။

ကျွန်တော်လည်း စာအုပ်တွေလှန်ရှာရပါတယ်။ ထဆင်ထူးလို့ရေးတာ မှန်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး