ရေသဘင်အင်ပါယာ

အိပ်ရာထ ဖရင်းစာရင်းထဲက သင်္ကြန်မှာ
ကိုယ့်နိုင်ငံသားအင်ပါယာကို မြင်ရ

သြစီနိုင်ငံက ဘရစ်ဘိန်းနဲ့ မဲလ်ဘုန်း သင်္ကြန်မှာ
တိုင်းရင်းသူတွေလည်း ယိမ်းသမ

ချင်းတွင်းက လူတွေလျှံနေတဲ့ သင်္ကြန်မှာ
ယမုန်နာဝါဠု သဲစုမက

ကျန်းမာကြ ချမ်းသာကြ
အညစ်အကြေး ဆေးကြောကြ
အသစ် အမွှေး အားမွေးကြ
မဖြစ်သေးတာသာရှိ မဖြစ်ဆိုတာ မရှိစေရ

ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး