အစိုးရပြောင်းသော် သတ်ပုံပြောင်း၏

ကွန်မင့်တခု ဖတ်ရတယ်။ ဘာသာစကားဆိုတာ စီးဆင်းနေတဲ့ မြစ်ကြီးပါတဲ့။

စီးဆင်းနေတဲ့မြစ်ကို ရောင်းစားတာကတော့ ခုခေတ်မှသာ။ မြန်မာစာကိုလည်း ရောင်းစားထားတယ်။ အဲတာကို ဘာသာစကား၏ ရေစီးလို့မခေါ်ထိုက်ပါ။

သတ်ပုံစာတွေရေးတာ များလှပြီ။ လက်မခံချင်သူတွေ၊ အတွန့်တက်သူတွေ၊ ဈေးဆစ်သူတွေ၊ ကက်ကက်လန် ရန်တွေ့သူတွေ အတော်များတယ်။ အခုထုတ်သတ်ပုံကျမ်းတွေပဲ လက်ခံရမယ်လို့ပြောသူတွေကလည်း မနည်းပါ။

ကျွန်တော့်မှာ ကိုယ်ပိုင်သတ်ပုံ တလုံးတပါဒမှ မရှိပါ။ သူငယ်တန်းကတည်းက သင်ခဲ့ရတာတွေနဲ့ ကြီးမှ ဖတ်ရတာတွေသာ ရှိတယ်။ အဲတာအားလုံးဟာ စစ်အစိုးရတွေ မတက်ခင်ကသတ်ပုံတွေပါ။ နိုင်ငံရေးစနစ်ပြောင်းတိုင်း သတ်ပုံပြောင်းရမယ် ဆိုတာ ဘယ်တိုင်းပြည်မှာမှ မရှိပါ။ ရှိတ်စပီးယားစာတွေကို စပယ်လင်ပြောင်းမထုတ်ပါ။ မြန်မာလိုရေးတာမှာတော့ အပြောင်းခံရတဲ့ ပညာရှင်တွေအမည်တွေကို ရေးပြထားပြီးပြီ။

ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်ကို ၂ဝ၁၆ မှာ ပြန်ပြီးရိုက်နှိပ်ထုတ်ဝေပါတယ်။ ပိဋကတ်တော်ပါ မြန်မာသတ်ပုံတွေက လူကြီးမင်းတို့ လက်စွဲပြုစာအုပ်တွေနဲ့ ကွဲလွဲပါတယ်။ သံဂါယနာတင်ဆရာတော်ကြီးတွေထက် မြန်မာစာမှာ တော်ကြ တတ်ကြကုန်သော နောက်ပုဂ္ဂိုလ်တွေကို ချီးကြူးရမှာလား။ ဆောရီး။ ချီးကျူးနဲ့ ချီးကြူးစာလည်း ရေးထားပါတယ်။

အစိုးရပြောင်းက စာပြောင်းရ၏လို့သာဆိုရင် ဗိုလ်ချုပ်နေဝင်းနဲ့ နဝတခေတ်ကသတ်ပုံကိုသာ အခုအစိုးရကလည်း လက်ခံနေတယ်လို့ပြောရင် စိတ်မရှိကြပါနဲ့။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး