စည်းစနစ်ကျမှ ရမယ်

မတွေ့တာ နှစ်ပေါင်း ၂ဝ ကြာမှ ပြန်တွေ့တာ။ နယူးဒေလီမှာ ဆုံခဲ့ခင်မင်ခဲ့သူ မနုသဲက ဒေါ်မြမြအေးဆီ လာလည်တယ်။ ဟားခါးသူ။ ကနေဒါကို ရောက်သွားကြတဲ့ သူ့မိသားစုနဲ့ပါ ခင်တယ်။

ကနေဒါမှာ အစိုးရကတာဝန်ယူတဲ့ ကျန်းမာရေးစနစ်မေးကြည့်တယ်။ ယူအက်စ်အေထက် အဆများစွာ သာလွန်တယ်။ ပိုက်ဆံ မကုန်သလောက်။ ကလေးမီးဖွါးရင် ၁၂ လခွင့်ကို ဇနီးနဲ့ ခင်ပွန်းတို့ ၆ လစီခွဲယူလို့ရသတဲ့။ ဒါတောင် ဝဲလ်ဖဲယားစတိတ် မဟုတ်သေး။ စကင်ဒီနေးဗီယားနိုင်ငံတွေက ပိုကောင်းတယ်။ အခွန်ဆောင်ရတာတော့ များတယ်။

မြန်မာပြည်မှာလည်း ကျန်းမာရေးအတွက်ပြည့်စုံ လူမှုဖုံလုံစေချင်ပါတယ်။ အခွန်စနစ် စနစ်ကျမှ ရမယ်။ ဌာနတိုင်းမှာပါ စနစ်ကျမှ ရမယ်။ စည်းကမ်းရှိမှ ရမယ်။ မေးနည်းစည်းကမ်းကိုတော့ တနေ့မှာ ဆယ်ခါမက့

သူ့အဖေက သူငယ်ပြန်သလိုဖြစ်နေပြီတဲ့။ ၈၆ နှစ်။ အော့့် ဆရာတော့ သူငယ်ပြန်ချိန်ထိ ရှိချင်မှရှိမှာ။ အသက်ကြီးတော့ အရပ်ပုသွားသတဲ့။ ခါးကုန်းလာလို့နေမှာ။ ဆရာကတော့ ခုထိတော့ ခါးကော့ထားနိုင်သေးတယ်။

အော့တာဝါမှာနေကြတဲ့ အသိတွေအကုန် ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး