သူတထူး

သူတထူးအသုံးကို တချို့အတွက်တော့ စိမ်းနေကြမယ်။ သတ်ပုံကျမ်း အတော်ဟောင်းတာထဲမှာ မပါ။ ကိုင်းစား မနုရာဇာဓမ္မသတ်ထဲမှာတော့ ပါတယ်။

သူတထူးဆိုတာ တစိမ်းတရံဖြစ်မယ်။ အထူးလည်းဖြစ်တယ်။ အများအားဖြင့် အပြုသဘော၊ အကောင်းသဘော၊ ကုသိုလ်သဘောမှာ သုံးပါတယ်။ သူတထူး၏ကျေးဇူးဆိုတဲ့အသုံးရှိတယ်။

ကျွန်တော့်ဘဝမှာ သူတထူးလို့ခေါ်ဆိုနိုင်သူတွေ မနည်းလှပါ။ အရင်က တကြိမ်မှ တွေ့ဆုံခဲ့ဖူးခြင်း မရှိသူတွေ။ သိနေရင်လည်း သိပ်ကြီးရင်းရင်းနှီးနှီးမနေထိုင်ခဲ့သူတွေကနေ ကူညီကြတာ။ လက်ဆောင်ပေးကြတာ။ ကန်တော့ကြတာ။

ကျွန်တော်ကိုယ်တိုင်ကလည်း ကျန်းမာရေးမေးသူတွေကို ဘယ်သူဘယ်ဝါ မှတ်ထားလေ့မရှိပါ။ မေးနည်းစည်းကမ်းမှာ အမည်မလိုပါလို့ ထည့်ထားတယ်။ ကျွန်တော်ကနေ အကျိုးပြုတာက အရေအတွက်သာ များတာ။ နှုတ်၏စောင်မခြင်းသာ ဖြစ်တယ်။ ကျွန်တော့်ကို အခက်အခဲ ဒါမှမဟုတ် လိုအပ်နေချိန်မျိုးမှာ အကူအညီရလာတာမျိုးက အကြိမ်မနည်းတော့ပါ။

အသက်ကယ်သလိုအထိ ကျေးဇူးပြုတာမျိုးလည်းပါတယ်။ တချို့ကျေးဇူးပြုသူတွေကို ဘယ်သူဘယ်ဝါလို့ မသိသေးတာ၊ မသိနိုင်တာမျိုးလည်းရှိပါမယ်။ သိလည်း ထုတ်ဖေါ်ပြောဖို့ မသင့်တာ။ အမည်နာမတွေကို ကျွန်တော့်ဇနီးနဲ့ ကျွန်တော်သာ သိကြတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး