မောင်သာရရေးတဲ့ သတ်ပုံ



မိန်းမတဖက် ပုလင်းတဖက်

တစ်ဖက်၏ အဓိပ္ပါယ်
ဆရာမောင်သာရက မိန်းမတဖက် ပုလင်းတဖက်လို့ရေးပါတယ်။ နောက်ပေါက်တွေက တစ်ဖက်လို့သာရေးနေကြတယ်။

မိန်းမတစ်ဖက်လို့ရေးရင် အဓိပ္ပါယ်တမျိုးထွက်စေတယ်။ သူ့မိန်းမနံပတ်တစ်ကို ဖက်ထားတယ်လို့ ဆိုလိုတယ်။

ပုလင်းတစ်ဖက်လို့ရေးရင် ပုလင်းနံပတ်တစ်ကို ဖက်ထားပြီး နောက်ပုလင်းကိုတော့ မသောက်ရသေး။

တစ်နောက်လိုက်ကြတဲ့ စာရေးဆရာတွေ ကဗျာဆရာတွေ မြန်မာစာဆရာတွေက ဆရာမောင်သာရထက် (ကန်တော့ပါ) မိန်းမလည်းများ ပုလင်းလည်းများရာ ရောက်နေတယ်။

ရေကြည်ချမ်းမြ တပေါက်ကလေးကျရုံမျှနှင့်

တချုံကွယ် တမယ်မေ့တတ်သူရဲ့ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး