ကနေ့

၁။ ကနေ့ညနေ ဆိုတဲ့ အသုံး မကြားရသလောက် မတွေ့ရတော့ပါ ဆရာ

၂။ ကနေ့ နဲ့ ယနေ့၊ ဒီနေ့၊ သည်နေ့၊ မကွဲပြား၍ အမှန်ကို ရှင်းပြပေးပါဆရာ။

၃။ ကနေ့ ဆိုတဲ့အသုံးအနှုန်းကို အကိုးအကားလေးနှင့် ရှင်းပြပေးပါလားဆရာ။

သတ်ပုံစာအုပ်တွေမှာ ကနေ့လို မပါ။ စကားအရာမှာသာသုံးတယ်။ စကားပြောစာရေးနည်းမှာ သုံးတယ်။ ယနေ့၊ သည်နေ့၊ သည်ကနေ့လို့လည်း ရေးကြ ပြောဆိုကြပါတယ်။ ဘီဘီစီမြန်မာပိုင်းအပါအဝင် မီဒီယာတချို့မှာလည်း ကနေ့လို့ ရေးကြတယ်။ အွန်လိုင်းအဘိဓါန်တခုမှာတော့ ထည့်ထားတာတွေ့တယ်။ ကနေ့ကို အတိအကျဆိုရင် ဂနေ့သံထွက်တယ်။

ဒေါ်အမာရေးတဲ့ လွမ်းသူ့စာ စာအုပ်ထဲက လှချင်တဲ့ သမီးကလေးများသို့ထဲမှာ သည်လိုပါတယ်။

အနို့ပေမယ့် ကနေ့ အနောက်ကလာတဲ့ ရုပ်ရှင်တွေကို ကြည့်တဲ့အခါ အမျိုးသားတွေက အားလုံးလုံလုံခြုံခြုံ ဘောင်းဘီရှည်နဲ့ ကုတ်အင်္ကျီဝတ်လို့ မိန်းကလေးတွေကတော့ နည်းပညာမျိုးစုံသုံး လှနိုးရာရာ အဆင်အပြင်အမျိုးမျိုး
စိတ်ကူးရသလောက်ထည့်ပြီး ရှိတာကို ဖော်နိုင်သမျှပေါ်အောင် ဖော်လှစ်ပြသနေကြရတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၄-၂၀၁၈
၂၈-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး