သံသရာမှာ ပါမသွားစေချင်ပါ

ရန်​ကုန်​မှာရှိသူအားလုံး...
ဗိုလ်​တစ်​​ထောင်​​စေတီဘက်​စုံပြုပြင်
နေတယ်​။
သံသရာမှာ ပါမသွားစေချင်ပါ

ရေးထားတာ ၃ ရက်သာရှိသေးတယ်။ ထပ်တွေ့တယ်။

ရန်ကုန်မှာရှိသူအားလုံး ဗိုလ်တစ်ထောင်စေတီဘက်စုံပြုပြင်နေတယ်တဲ့။

အရင်တယောက်ကလည်း ပြန်လည်မျှဝေပေးနော်.. ဗိုလ်တစ်ထောင် ဆံတော်ရှင်.. တဲ့။

ကျွန်တော်သိသလောက် ဗိုလ်တထောင်ဘုရားသာရှိတယ်။ ဗိုလ်တစ်ထောင်ဆိုတာ အသစ်တည်လိုက်တားလားတော့ မသိ။ ကျွန်တော်က မြန်မာပြည်မရောက်တာ ၂၈ နှစ်ဆိုတော့ မသိပါ။ ဆောရီး။

တနေ့ကလည်း ဗောဓိတစ်ထောင်ဆိုပြီး ဘုရားဘွဲ့အမည်တော်ကို ပေါ်လစီသတ်ပုံပြောင်းရေးတာကို ဗောဓိတထောင် အမှန်သတ်ပုံကို ဓါတ်ပုံရိုက်ပြီး ရေးလိုက်ရသေးတယ်။ ဗိုလ်တထောင်ဘုရားရော သတင်းစာပါ အမိန့်ရသတ်ပုံတွေ ပြောင်းမထားကြောင်းပါ။

သတ်ပုံအမှားတွေကို သံသရာမှာ သယ်မသွားစေချင်ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၈
၂၅-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး