Cattle Market နွားရောင်းရန်ရှိသည်

တစ်ခါတစ်ရံလို့ရေးတာဟာ ပလီပြီးပြင်ထားတဲ့သတ်ပုံလို့ ရေးတိုင်း ဝယ်ချင်တဲ့နွား ချောလှတယ်ထင်သူတွေ ပေါ်ပေါ်လာတယ်။ ရှမ်းကြိုက်တော့ နွားချော၏လို့ ဆိုစကားရှိတယ်။

တချို့ကလည်း သတ်ပုံကျမ်းကို ကိုင်ပြောတယ်။ သတ်ပုံစာအုပ်ဆိုတာ တအုပ်သာရှိတယ်လို့ မှတ်ယူသူတွေက။ နောက်ပေါ်သည်သာ သစ္စာလို့ မှတ်ယူသူတွေရှိတယ်။

ဒါကြောင့်လည်း ဘာသာတရားသစ်တွေပေါ်ပေါ်လာတာ။ အသစ်ပေါ်ရင် အဟောင်းစွန့်သူတွေရှိတယ်။ အသစ်နောက် လိုက်သူတွေလည်းရှိတယ်။ သက်တမ်းအရှည်ဆုံး ဟင်ဒူဘာသာ ကနေ့ထိရှိပါတယ်။ ဗုဒ္ဓဘာသာပေါ်ပြီးနောက်မှာ ပေါ်လာတဲ့ ဘာသာကြီးနှစ်ခုကို ကိုးကွယ်သူဦးရေက အများဆုံး။

မြန်မာစာဟာ ကိုးကွယ်တဲ့ဘာသာလည်း မဟုတ်။ နိုင်ငံရေးလည်း မဟုတ်။ နွားရောင်းတာလည်း မဟုတ်ပါ။

နွားမရွံ့ပိတ်ရောင်းဆိုတဲ့စကားလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး