Guest ဧည့်သည်လုပ်ရရင်

သာဓုရေးတဲ့ဝတ္ထုကိုရိုက်တဲ့ ရုပ်ရှင်အကြောင်းရေးမှာ မဟုတ်ပါ။ ဧည့်သည်လုပ်ရရင် နေရာရော အစားအသောက်ပါ ရွေးသင့်ကြတယ်။

တွေ့ချင်သူ တွေ့ချင်သူတွေနဲ့ စကားပြောစရာ နေရာကောင်းလိုတယ်။ သူ့အိမ် ကိုယ့်အိမ်မှာ အဆင်ပြေတာလည်းရှိ။ တခြားနေရာသွားတွေ့တာမျိုးက ပိုအဆင်ပြောတာမျိုးလည်းရှိတယ်။

ပရိသတ်များရင် စကားလည်း ရွေးရတယ်။ ပရိသတ်ဆိုတာက အမျိုးမျိုး။ စကားကုန်ပြောမရတာ ရှိတတ်တယ်။ တချို့ကတော့ ဘယ်သူရှိနေနေ များလေကြိုက်လေ၊ ပြောတာလည်း ကျယ်လောင်လေ။ ကိုယ်ရည်သွေးချင်သူတွေ။

အရွယ်အရ ရွေးရတာက အစားအစာ။ ဆိုင်စာတွေက အဆင်မပြေတာများတယ်။ ငန်တာတွေ၊ ဟင်းချိုမှုန့် အသားမှုန့် ပါတာတွေ။ စားစရာများပေမဲ့ ရှားပြီ။ စားချင်တာ မေးပြောထားပြီး ချက်ကျွေးတာက ကောင်းတယ်။ အားမနာရတဲ့ အိမ်ရှင်မှသာ ဖြစ်တယ်။ ဂျီးများတဲ့ ဧည့်သည်။

စားသောက်ဆိုင်မှာ တင့်တယ်တာမျိုးလည်းရှိပါတယ်။ ပိုက်ဆံကုန်တယ်။ ဂုဏ်တက်တယ်။

လူချင်းမတွေ့ဖူးတဲ့ဖရင်းကို အထင်တကြီးနဲ့ ကြိုဆိုဧည့်ဝတ်ပြုတော့ ပက်ပင်းတွေ့မှ ဖွတ်သာသာလို့ သိတာမျိုးလည်း ရှိတတ်တယ်။ ဆောရီး။ Smile!

နွေးထွေးမှုကတော့ ဘယ်နေရာမှာ ဘာစားရစားရ လိုတယ်။ ဧည့်သည်မှာက ကံပါမှ။ အိမ်ရှင်နဲ့လည်း ရေစက်ပါမှ။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး