Mbps မြန်နှုန်း နှေးတဲ့အရပ်ဆီသို့

ကျွန်တော့်အချိန် ကနေ့ညပိုင်းကစပြီး မေးတာတွေကို အခုလိုဖြေနိုင်ပါတော့မလား မသိပါ။ ရက်တွေနည်းနည်း ကြာနိုင်တယ်။ အင်တာနက်နဲ့ ဝိုင်ဖိုင်အခက်အခဲရှိတဲ့နေရာကို သွားစရာရှိလို့။ အဖြေမလာရင် တခြားဆရာဝန်တွေကိုသာ မေးကြစေလိုပါတယ်။ ဆောရီး။

ကမ္ဘာပေါ်မှာ တနေရာနဲ့တနေရာ ကွာခြားချက်တွေက အမျိုးမျိုး။ အဲတာတွေကလည်း ပြောင်းလဲနေတယ်။ အခုဆိုရင် အင်တာနက်ရှိတဲ့နေရာတွေနဲ့ မရှိတဲ့နေရာတွေဆိုပြီး ကွာခြားသွားပြီ။ ရှိပြန်ရင်လည်း မြန်တဲ့နေရာနဲ့ နှေးတဲ့နေရာက ကွာသေးတာ။

အင်တာနက်မြန်နှုန်း ပျမ်းမျှ 7.2 Mbps သုံးနေကြတယ်။ ၂ဝ၁၆ ကထက် ၁၅% ပိုမြန်လာတာဖြစ်တယ်။ ၇-၆-၂ဝ၁၇ နေ့က သတင်းအရ ယူအက်စ်အေက 10.7 Mbps သာမြန်လို့ ထိပ်ဆုံး ၂၅ နိုင်ငံထဲမှာတောင် မပါ။ မြန်နှုန်းအများဆုံး ၁ဝ နိုင်ငံထဲမှာ ထိပ်ဆုံးက တောင်ကိုရီးယား။ နံပတ် ၂ နော်ဝေ၊ ၃ ဆွီဒင်၊ ၄ ဟောင်ကောင်၊ ၅ ဆွစ်ဇာလန်၊ ၆ ဖင်လန်၊ ၇ စင်္ကာပူ၊ ၈ ဂျပန်နဲ့ ၉ ဒိန်းမတ်နိုင်ငံ။

ကမ္ဘာမှာ ယူအက်စ်အေက Wireline internet speeds မှာ နံပတ် (၁ဝ) နေရာနဲ့ Mobile internet speeds မှာ နံပတ် (၂၈) မှာသာ ရှိတယ်။ နောက်သတင်းတခုအရ အင်တာနက် အမြန်ဆုံးသုံးနိုင်တာ ယူကေနိုင်ငံလို့ ဆိုပါတယ်။ နောက် ရီပို့တ်တခု အဆိုအရ ယူအက်စ်အေထဲမှာ ဒစ်စရိတ်-ကိုလမ်ဘီယာဒေသက 28.1 megabits နဲ့အမြန်ဆုံး။ အဲဒီမှာ သမတရုံး၊ စစ်ဌာနချုပ် စတာတွေရှိတယ်။ သတင်းတခုအရ ယူအက်စ်အေမှာ မြန်နှုန်း အဆ (၅ဝ) တိုးပါမယ်တဲ့။

မေးတာတွေ အဖြေမလာရင် တခြားပုဂ္ဂိုလ်တွေကိုသာ မေးကြစေလိုပါတယ်။ ဆောရီး။ လူ့အလို အင်တာနက်မလိုက်နိုင်။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး