On Time စေတနာကော်ပီကို အချိန်ကိုက်ရပါကြောင်း

တမြန်နှစ်က နယူးယီးယားနေ့မှာ မက်ဆေ့တခုရတယ်။

ဆရာ သမီးတူမလေးက ၄ လပါ။ ဝမ်းလုံးဝမသွားတာ ၃ ရက်ရှိနေပါပြီ။ မိခင်နို့တမျိုးတည်းပဲ တိုက်တာပါ။ နို့လဲ ပုံမှန်အတိုင်းပဲ စို့ပါတယ်။ ဘာကြောင့်ဝမ်းချုပ်တာလဲ။ ဝမ်းပုံမှန်ပြန်သွားအောင်ဘယ်လိုလုပ်ပေးရမလဲ ဆိုတာသိချင်လို့ပါ။ ကျေးဇူးပါဆရာ။

Constipation in children ကလေးတွေဝမ်းချုပ်ရင်စာ ပို့လိုက်ပါတယ်။

ဟိဟိ့ ဆရာ သမီးမေးထားတာကြာလှပြီ။ တူမလေးတောင် တော်တော်ကြီးသွားပြီ ဟဲ့

အော့့် ဆောရီး။

အလုပ်များနေချိန်မှာ မက်ဆေ့ခ်ျကို ဘယ်တုန်းကပို့ထားလည်း မစစ်နိုင်ပါ။ ကျွန်တော်ကတော့ နောက်ကျတာ။ စောတာ ဦးတာမျိုးလည်းရှိသေးတယ်။

အထက်တန်းကျောင်းသားတုန်းက မြန်မာစာဆရာကပြောတာ။ ဆရာက သတင်းစာကို သတင်းပို့လေ့ရှိတယ်။ တနှစ်တော့ သင်္ကြန်သတင်းကို သူများထက်ဦးဦးဖျားဖျားဖြစ်အောင် ဓါတ်ပုံနဲ့ သတင်းပို့တယ်။ ဓါတ်ပုံထဲက ရေသဘင်မဏ္ဍပ်ကစာမှာ အရင်နှစ်ကနေ့စွဲပါနေတာကို သတိမထားလိုက်မိဘူးတဲ့။

ခုခေတ်မှာတော့ ဆုတောင်းစာတွေ တရားစာတွေပို့နေကြတယ်။ နေ့စွဲတော့မပါ။ ကော်ပီ-အင်-ပေ့စ်တွေ။ ပို့တာတွေက အတူတွေ။ ထပ်ချည်းတလဲဆိုတော့ အီနောက်လာတယ်။ သတ်ပုံမှားတာတွေမှား။ အချိန်ကိုက်ဆိုပေမဲ့ ခေါင်းကိုက်စေတယ်။

ကျွန်တော်က အဲလိုစာတွေကို တန်ဖိုးရှိတယ်လို့ မထင်ပါ။ စေတနာ ကော်ပီတွေ။ တရားစာ သတ်ပုံမှားတော့ မတရား။

ဒေါက်တာတင့်ဆွေ
၁၆-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး