TB Medicines Side Effects တီဘီဆေးတွေနဲ့ ဘေးထွက်သက်ရောက်မှုများ

၁။ သမီးနာမည့့် ပါ အသက်က ၃၃ပါ နေတာက စမ်းချောင်းရန်ကုန်ပါ သမီးရောဂါစဖြစ်တာက လည်ပင်းဘေးမှာ အကျိတ်စဖြစ်တာပါ ဆေးခန်းပြ ဆီးစစ် သွေးစစ် ဓာတ်မှန်ရိုက် အကြိမ်ကြိမ်လုပ်ပါတယ် အဖြေမထွက်ပါဘူး နောက်ဆုံး ခွဲပြီး အသားစကိုစစ်တော့မှ TV လို့ အဖြေထွက်လာပါတယ် အခုလက်ရှိသမီး TV ဆေးသောက်နေပါတယ် ဆေးသောက်နေရင်းက ခြေလက်တွေဖောလာလို့ပါ သမီးဆေးသောက်တာ ၁လခွဲရှိပါပြီ သမီးနဲ့ TV ဆေးနဲ့မတဲ့တာလား TV ဆေးသောက်ရင် ဖောတတ်တာလား မသိလို့ပါရှင့် သမီးစာထဲမှာ အမှားပါရင် ခွင့်လွှတ်ပြီးပြန်လည်ဖြေကြားပေးပါနော် ကျေးဇူးတင်ပါတယ်ဆရာရှင့်

အရင် ၆ နှစ်ကတယောက်နဲ့ အခုနောက်တယောက်ကမေးပါတယ်။ TB လို့ ရေးရတယ်။ မေးခွန်းမှာ လူအမည် မလိုအပ်ပါ။

၂။ TB ဆေး စသောက်နေရပါပြီ။ TB ဆေးစသောက်ပြီးနေ့တွင် နှုတ်ခမ်းများတုန်ခြင်း။ ခန္ဓာကိုယ်တုန်ခြင်း။ ဆီးမှာ ပန်းရောင်ဖြစ်နေခြင်း။ ခန္ဓာကိုယ်လေးလံနေခြင်းများ ဖြစ်ပါသည်။ အဲ့ဒါများသည် ပုံမှန်လက္ခဏာများလားဟု သိချင်ပါသည်။ တခြား မည်သည့်ခံစားချက်များ၊ လက္ခဏာများ ဖြစ်နိုင်ပါသေးသနည်း။ ယင်းလက္ခဏာများကို ဘယ်နှစ်လ ခံစားရပါမည်နည်း။ TB ဆေးကို ၆ လ (သို့) ၉ လ သောက်ရမည်ဟု ပြောပါသည်။

TB တီဘီရောဂါဟာ သူ့အလိုလို မပျောက်ပါ။ ဆေးမကုဘဲနေရင် ရောဂါနဲ့ သေဆုံးနိုင်တယ်။ ဆေးကို မှန်မှန် မသောက်ရင်လဲ သက်သာယုံတော့ ရှိမယ်၊ ရောဂါပြန်ဖြစ်ပြီး ဆေးကုဘို့ မလွယ်တာဖြစ်လာမယ်။ တီဘီရောဂါကို ပိုးသေဆေးတွေ တမျိုးမက သုံးရတယ်။ တီဘီပိုးကနေ ဆေးမယဉ်စေဘို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ၆ လကနေ ၉ လ အထိပေးရတာများပြီး တချို့ကို ၁၂ လအထိ ပေးရတယ်။ တီဘီဆေးတွေဟာ တခြား ဆေးတွေနဲ့စာရင် စိတ်ချရတယ်။ ဘေးထွက်-ဆိုးကျိုးတွေတော့ သေခြာပေါက်ရှိပါတယ်။ တချို့က သာမန်ဖြစ်ပြီး တချို့ကတော့ ပိုဆိုးတယ်။ အရေးကြီးတာက ဆေးတွေက တကယ်စွမ်းပါတယ်။ Streptomycin, Ethambutol, Pyrazinamide, Rifampin နဲ့ Isoniazid (INH) ဆေးတွေကို အများဆုံး သုံးတယ်။

ဘေးထွက်သက်ရောက်မှုများ
• အစာစားချင်စိတ်နည်းမယ်၊
• ပျို့မယ်၊ အန်မယ်၊
• ကိုယ်ပူမယ်၊ (၃ ရက်မကဖျားနိုင်တယ်)
• ဗိုက်အောင့်မယ်၊
• လက်ချောင်း-ခြေချောင်းတွေ နဲ့ ပါးစပ်နေရာတဝှိုက်မှာ ကျင်မယ်၊ ထုံမယ်၊
• အရေပြားမှာ အနီစက်တွေပေါ်မယ်၊
• သွေးထွက်လွယ်မယ်၊
• အဆစ်တွေနာမယ်၊
• ခေါင်းမူးမယ်၊
• မျက်စိကြည့်ရတာ မကောင်းဖြစ်မယ်၊
• နားထဲ အသံတွေမည်နေမယ်၊ နားအကြားမကောင်းဖြစ်လာမယ်။
• ဆီး၊ တံတွေး နဲ့ မျက်ရည်တွေ ဝါမယ်။ ကိုယ်အတွင်းထဲက အရည်တွေလဲ ဝါနေမယ်၊
• နေရာင်ဒဏ်ကို မခံနိုင်ဖြစ်မယ်၊ Sunscreen သုံးပါ။
• Rifampin ဆေးနဲ့ ကိုယ်ဝန်တားဆေး တွဲသောက်ရင် ဒါမှမဟုတ် ကိုယ်ဝန်တား-အရေပြားအောက် ထားရတဲ့ဆေးချောင်း သုံးရင် ကိုယ်ဝန်တားစေတဲ့အစွမ်း နည်းစေမယ်။ Rifampin ဆေးနဲ့ Methadone ဆေး တွဲသောက်ရင် ဆေးဖြတ်လက္ခဏာတွေ ပိုများစေတယ်။ Rifampin ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝါတာတွေဖြစ်တယ်။ ဒါကြောင့် အရက်မသောက်ရတာဖြစ်တယ်။

• Streptomycin ထိုးဆေးက Ototoxicity နားကိုထိခိုက်စေနိုင်တယ်။ အသက်ကြီးသူတွေနဲ့ ကျောက်ကပ် သိပ်မကောင်းရင် သိတာမယ်။ နားထဲမှာ အသံတဝီဝီ မည်နေမယ်။ ဆီးနည်းမယ်။ ဆီးထဲမှာ အနယ်ပါတတ်တယ်။ အရေပြား အနီစက်တွေ ထွက်နိုင်တယ်။ ဆေးဖြတ်ရင် ပြန်ကောင်းပါတယ်။

• Ethambutol ကနေ မျက်စိကို ဒုက္ခပေးနိုင်တယ်။ Optic neuritis ခေါ်တယ်။ ဆေးဖြတ်ရင် ပြန်ကောင်းပါတယ်။ အဖျားပိုင်းနေတဲ့ အာရုံကြောတွေထိခိုက်လို့ ထုံတာ-ကျင်တာဖြစ်မယ်။

• Pyrazinamide ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ အဆစ်နဲ့ ကြွက်သားတွေနာမယ်။ ဆိုးလှတာတော့ မဟုတ်ပါ။ ဂေါက်ရောဂါ ရှိရင်တော့ ပိုဆိုးနိုင်တယ်။

• Isoniazid ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝါတာတွေဖြစ်တယ်။ ဒါကြောင့် အရက်မသောက်ရတာဖြစ်တယ်။

ဆေးတွေရဲ့ဘေးထွက်သက်ရောက်မှုနဲ့ ရောဂါကို ချိန်ဆရတယ်။ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်ညွှန်မှသာ ဆေးသောက်မယ်။ ဆေးဖြတ်မယ်။ ဆေးပြောင်းမယ် လုပ်ရပါမယ်။ ဆေးသောက်တာစနစ်မကျရင် ဆေးယဉ်တီဘီ ဖြစ်နိုင်တယ်။ ဆောရီး။

TB writing links တီဘီရောဂါစာများ
1. BCG vaccine တီဘီ ကာကွယ်ဆေး http://dts-medicaleducation.blogspot.in/2013/01/bcg-vaccine.html
2. Bone tuberculosis အရိုး တီဘီ http://doctortintswe.blogspot.com/2014/10/bone-tuberculosis.html
3. Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://doctortintswe.blogspot.com/2014/11/infertility-and-tb-1.html
4. Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://doctortintswe.blogspot.com/2014/10/infertility-and-tb-2.html
5. Intestinal Tuberculosis အူ တီဘီhttp://dts-medicaleducation.blogspot.in/2013/01/intestinal-tuberculosis.html
6. MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ http://doctortintswe.blogspot.com/2015/05/mdr-tb-q-and.html
7. MDR-TB ဆေးယဉ်တဲ့ တီဘီ http://dts-medicaleducation.blogspot.in/2013/11/mdr-tb.html
8. More money needed to beat TB တီဘီရောဂါနှိမ်နင်းရန် ဒေါ်လာ ၅၆ ဘီလီယန်လိုအပ်
9. Pleural effusion အဆုပ်အိတ်ထဲ အရည်အောင်းခြင်း http://doctortintswe.blogspot.com/2016/12/pleural-effusion.html
10. Primary Complex ကလေးတီဘီ http://doctortintswe.blogspot.com/2016/11/primary-complex.html
11. RDT ငှက်ဖျား အမြန်စစ်ဆေးနည်း http://doctortintswe.blogspot.com/2017/01/rdt.html
12. TB (Tuberculosis) တီဘီ http://dts-medicaleducation.blogspot.in/2008/10/tuberculosis-tb.html
13. TB Medicines Side Effects တီဘီဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/2012/04/side-effects-of-tb-medicines.html
14. TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducation.blogspot.com/2009/10/tb-no-more-in-medical-curriculum.html
15. TB Q and A တီဘီအမေး-အဖြေ (၁) http://dts-medicaleducation.blogspot.in/2012/09/tb-q-and.html
16. TB Q and A တီဘီအမေးအဖြေ (၂) http://dts-medicaleducation.blogspot.in/2014/01/tb-questions.html
17. TB Signs & Symptoms တီဘီရောဂါလက္ခဏာများ http://doctortintswe.blogspot.com/2016/12/tb-signs-symptoms.html
18. TB Signs & Symptoms တီဘီရောဂါလက္ခဏာများ http://doctortintswe.blogspot.com/2016/12/tb-signs-symptoms.html
19. TB Treat the root cause အခြေအမြစ်ကို မသတ်နိုင်သရွေ့ မပျောက်ပါ
20. TB အသစ်လား အဟောင်းလား http://dts-medicaleducation.blogspot.in/2012/05/tb.html
21. Tuberculin test တီဘီအတွက် (ကြူဘာကူလင် တက်စ်)http://dts-medicaleducation.blogspot.in/2013/10/tuberculin-test.html

Dr. တင့်ဆွေ
၁၂-၄-၂ဝ၁၂
၂၂-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး