Tips to Protect Yourself from Unhealthy Air

လေထုညစ်ညမ်းမှု ကာကွယ်ရေး

အမေရိကန်အဆုတ်အသင်းရဲ့ လမ်းညွှန်ချက်ကို အခြေခံရေးပါတယ်။ မသန့်ထဲလေထုကို Smog လို့ခေါ်တယ်။ လေမသန့်ရင် အဆုတ်နဲ့ နှလုံးသွေားကြောစနစ်ကို မကောင်းဆိုးကျိုးတွေ ဖြစ်စေတယ်။ အသက်ရှူလမ်းမှာ ရောဂါတခုခုရှိနေသူတွေမှာ ပိုဆိုးစေတယ်။

၁။ Check daily air pollution forecasts in your area သင့်နေထိုင်ရာဝန်းကျင်ရဲ့ လေထုအခြေအနေထုတ်ပြန်ချက်ကို စစ်ဆေးနေပါ။ Air app ကို ဖုန်းမှာ ဒေါင်းလုဒ်လုပ်လို့ရတယ်။ တီဗွီ၊ ရေဒီယိုတွေကနေလည်း ကြေညာပေးနေတယ်။

၂။ Avoid exercising outdoors လေထုညစ်ညမ်းမှုမြင့်နေချိန်မှာ အိမ်ပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တာ မသင့်ပါ။ ဈေးထွက်ဝယ်တာ၊ လည်ပတ်တာလည်း မသင့်ပါ။ ကလေးတွေနဲ့ မိသားစုဝင်အားလုံး လိုက်နာရပါမယ်။

၃။ Always avoid exercising near high-traffic areas ယာဉ်အသွားအလာများတဲ့ရောမျိုးမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။

၎။ Use less energy in your home ကိုယ့်အိမ်မှာ အင်နာဂျီ ခေါ် စွမ်းအင်သုံးတာ လျှော့ချပါ။ ထင်းမီး၊ မီးသွေး၊ လျှပ်စစ်၊ ဓါတ်ငွေ့။ Environmental Protection Agency ခေါ် ပတ်ဝန်းကျင်ကာကွယ်ရေးဌာနရဲ့ လမ်းညွှန်ကို လိုက်နာပါ။

၅။ Walk, bike or carpool ဖြစ်နိုင်သမျှ လမ်းလျှောက်ပါ။ စက်ဘီးစီးပါ။ ကားစပ်တူသွားလာပါ။ ဘတ်စ်ကား၊ အများသုံးသွားလာရေးစနစ်နဲ့ မြို့တွင်းရထား သုံးပါ။

၆။ Don't burn wood or trash အမှိုက်နဲ့ အသုံးအဆောင်ဟောင်းတွေကို မီးမရှို့ပါနဲ့။

၇။ Hand-powered equipment လက်သုံးကရိယာ တန်းဆာပလာတွေသုံးပါ။

၈။ Don't allow anyone to smoke indoors ဘယ်သူ့မှ အိမ်ထဲမှာ ဆေးလိပ်မသောက်ပါနဲ့။

၉။ Air conditioners အဲယားကွန်ဒီရှင်နားစက်တွေက အဆောက်အဦတွင်းကလေကိုကောင်းစေတယ်။ အဲဒီစက်မှာ Filter ခေါ် အစစ်ကောင်းနေရမယ်။ HEPA stands စံနဲ့ကိုက်ညီရမယ်။

၁ဝ။ Eating Well အစားအသောက်မှာ အသီးအရွက် အသီးတွေများများစားပါ။ ဗီတာမင်စီ နဲ့ အေ ပါတာစားပေးပါ။ ဆေးပြားတွေထက် ကောင်းတယ်။ ဗီတာမင်အီးလည်းလိုမယ်။

၁၁။ Face Mask လေမသန့်ချိန်မျိုးမှာ နှာခေါင်းစည်းသုံးပါ။

၁၂။ Get involved သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေပါ ကိုယ်တိုင်ပါဝင်ပါ။

၁၃။ Bottom line သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ကိုယ်တိုင်ကနေ စတင်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၈


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး