Toast ဘိုစာ မနက်စာ

တခြားနိုင်ငံတခုမှာနေရတဲ့ သူငယ်ချင်းက စားကောင်းသောက်ဖွယ်တွေ တင်ထားတယ်။ သူ့ဆီမှာက နေ့လယ်စာ။

ကျွန်တော့မှာ ကော်ဖီနဲ့ ပေါင်မုံ့မီးကင်။ ဘိုဆန်တယ်တော့ မထင်နဲ့။ စာရေးရင် လက်တဖက်တည်းနဲ့ ပြီးနိုင်တာ။ အီးမေးလ်က မေးတာတွေနဲ့ မက်ဆင်ဂျာမေးတာတွေ ဖြေပြီးသွားပြီ။ ပေါင်မုံ့ကုန်ပြီ။

ရေနွေးတအိုးတည်ရတယ်။ ကော်ဖီတဝက် ကျန်သေးတယ်။ မက်ဆေ့ကလာတာတွေ ဖြေရဦးမယ်။ မက်ဆင်ဂျာက ထပ်လာနေတာလည်း မြင်နေရတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး