Whistle with Your Fingers လေချွန်နည်း

ရန်သူတော်တွေ တချိန်မှာ ပြေလည်လာတဲ့ သမိုင်းအဖြစ်အပျက်တွေရှိတယ်။

ပိတ်ထားတဲ့ ကွန်မြူနစ်တရုပ်ရဲ့ မဟာတံခါးကြီးကို ဖွင့်နိုင်ခဲ့စဉ်က နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်ဂျာက နာမည်ရတယ်။

အကြီးအကျယ်စစ်ခင်းခဲ့ပြီး အရှုံးနဲ့သာရင်ဆိုင်ရတဲ့ အမေရိကန်ဟာ ဗီယက်နမ်ကို နှစ် ၂ဝ ကြာတော့ ပုံမှန်ဆက်ဆံရေး ထူးထောင်ခဲ့တာ သမတကလင်တန် လက်ထက်မှာ။

ဆိုဗီယက်ယူနီယံရဲ့ ဒုံးပျံချထားမှုနဲ့ စီအိုင်အေရဲ့ မအောင်မြင်တဲ့ ဝက်ပင်လယ်အော်စစ်ဆင်ရေးတွေပြီးတော့ ကွန်မြူနစ် ကျူဘားရဲ့ လေဆိပ်မှာ အဲယားဖို့စ်ဝန်းနဲ့ ဆင်းနိုင်တာက သမတအိုဘားမား။

အခုတခါ ဒုံးပျံတွေ တသီတတန်းစမ်းပြီးခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားကို ဒေါ်နယ်ထရမ့်က စီအိုင်အေဒါရိုက်တာကို လွှတ်ပါတယ်။

ယူသော် ရ၏။ သင်ခန်းစာတွေကတော့ ရှိ။ လစ်နှစ်ဘက်နဲ့ တီးမှသာ လက်ခုပ်မြည်၏။ လက်နှစ်ချောင်းနဲ့ လေချွန်လို့ရ၏။ မြန်မာပြည်မှာ လေချွန်သံတော့ သာ၏။

How to Whistle with Your Fingers လေချွန်နည်း https://www.youtube.com/watch?v=G8Oz_ELAjNg

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး